စာခိုးချလို့မရအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြင်ဆင်ဖို့ ခွင့်ပြုလိုက်တဲ့နောက် ကျောင်းသားတွေရဲ့ တီထွင်ဖန်တီးမှုများ

ဖိလစ်ပိုင်နိုင်ငံက အင်ဂျင်နီယာကောလိပ်တခုမှာ စာမေးပွဲဖြေဆိုနေတဲ့ ကျောင်းသားတွေရဲ့ ပုံရိပ်ဖြစ်ပါတယ်။ တယောက်နဲ့တယောက် စာခိုးမကြည့်နိုင်စေဖို့ ကိုယ့်နည်းကိုယ်ဟန်နဲ့ ပြင်ဆင်နိုင်ကြောင်း ဆရာက ခွင့်ပြုလိုက်တဲ့နောက်မှာတော့ ကျောင်းသားတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေကို တွေ့မြင်ရမှာပါ။ shwekhitonlinetv.com

တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ အင်ဂျင်နီယာကျောင်းသားတွေရဲ့ ဦးထုပ်မျိုးစုံကတော့ တခဏအတွင်းမှာပဲ အင်တာနက်မှာ နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါအတန်းရဲ့ ပရော်ဖက်ဆာဖြစ်တဲ့ Mary Joy Mandane-Ortiz ကတော့ ဒါဟာ ပျော်စရာကောင်းတဲ့ နည်းလမ်းပါပဲလို့ ပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

ဒီလိုလုပ်လိုက်ခြင်းအားဖြင့် အရင်နှစ်တွေကထက် ပိုပြီးစာကြိုးစားလာကြသလို စာခိုးချတဲ့ ဖြစ်စဥ်တွေကိုလည်း ရပ်တန့်လိုက်နိုင်ပါတယ်။ ပုံမှာတွေ့မြင်ရတာကတော့ ဦးထုပ်ဒီဇိုင်းမျိုးစုံနဲ့ စာကြိုးစားဖြေနေကြတဲ့ ကျောင်းသားတွေကို တွေ့ရမှာပါ။ shwekhitonlinetv.com

၁။ စားပွဲခင်းခြုံထားသူ

အိမ်က စားပွဲခင်းကို စာမေးပွဲဖြေဖို့အတွက် ယူဆောင်သွားမယ်ဆိုရင်တော့ လူတိုင်းအံ့သြနေကြမှာပါနော်။ ပုံမှာတွေ့မြင်ရတာကတော့ စာပွဲခင်းအဖြူရောင်ကိုခြုံပြီးစာကို ကြိုးစားဖြေနေတဲ့ ကျောင်းသားလေးပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ အိတ်ခွံ

အိတ်ခွံနဲ့ ခေါင်းစွပ်ပြီး စာကိုကြိုးကြိုးစားစားဖြေနေတဲ့ ကျောင်းသားလေးရဲ့ ပုံရိပ်ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ကလေးဦးထုပ်

အိမ်မှာရှိတဲ့ ကလေးဦးထုပ်လေးကလည်း အခုချိန်မှာတော့ အသုံးတည့်သွားတာပဲနော်။ shwekhitonlinetv.com

၄။ ဆိုင်ကယ်ဦးထုပ်

ထူးထူးဆန်းဆန်းတီထွင်ဖန်တီးသူတွေကြား ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး စာမေးပွဲဖြေနေတဲ့ ကျောင်းသားလေးပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ငှက်မျက်နှာဖုံး

ဒီကျောင်းသားလေးကတော့ ငှက်မျက်နှာဖုံးကို အသုံးပြုပြီး တီထွင်ဖန်တီးထားတာကို တွေ့ရမှာပါ။ shwekhitonlinetv.com

၆။ အင်္ကျီ

ဘာမှပြင်ဆင်မထားမိဘူးဆိုရင်လည်း စိတ်ပူစရာမလိုပါဘူးနော်။ အင်္ကျီကိုပဲ အသုံးပြုပြီး ဖြေဆိုလို့လည်း ရပါသေးတယ်။ shwekhitonlinetv.com

၇။ စစ်သူရဲကောင်းဦးထုပ်

စာမေးပွဲဖြေဆိုတာကလည်း စစ်တိုက်ခြင်းနည်းလမ်းတမျိုးပါပဲနော်။ ပုံမှာတွေ့မြင်ရတာကတော့ စစ်တိုက်တဲ့အခါ စောင်းလေ့ရှိတဲ့ ရှေးခေတ်သူရဲကောင်းတွေရဲ့ ဦးထုပ်ပုံစံကို တွေ့မြင်ရမှာပါ။ တကယ့်ကို ပြောင်မြောက်လှတဲ့ ဖန်တီးမှုပါပဲ။ shwekhitonlinetv.com

၈။ မျက်လုံးအကာ

စာတွေလုံးဝကို ပိုင်နိုင်နေတယ်ဆိုတဲ့ ကျောင်းသားလေးဖြစ်မယ်ထင်ပါတယ်နော်။ ဘေးခုံကို ကြည့်လို့လုံးဝမရစေဖို့ မျက်လုံးအကာကို တပ်ထားတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ အတွင်းခံမျက်နှာအကာ

အတွင်းခံအဝတ်ကို မျက်နှာကာထားတဲ့ ကျောင်းသားလေးကို တွေ့မြင်ရမှာပါ။ ပျော်ပျော်နေတတ်တဲ့ ကျောင်းသားလေးရဲ့ ခပ်ဆန်းဆန်းတီထွင်မှုပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ သရဲမျက်နှာဖုံး

စနောက်ရာမှာ အသုံးပြုတဲ့ သရဲမျက်နှာဖုံးကလည်း ဒီလိုအခြေအနေမှာ အသုံးဝင်နိုင်ပါသေးတယ်။ သရဲမျက်နှာဖုံးကို ဝတ်ဆင်ပြီး စာမေးပွဲဖြေဆိုနေတဲ့ ကျောင်းသူလေးကို တွေ့မြင်ရမှာပါ။ shwekhitonlinetv.com

၁၁။ ရှေးခေတ်ဦးထုပ်

ရှေးခေတ်အခါက အသုံးပြုတဲ့ ဦးထုပ်ပုံစံပြုလုပ်ထားတာကို တွေ့ရမှာပါ။ ကတ်ထူစက္ကူတွေနဲ့ ဦးထုပ်ပုံစံ ပုံဖော်ထားတာကြောင့် ကောင်းမွန်လှတဲ့ စိတ်ကူးပါပဲနော်။ shwekhitonlinetv.com

၁၂။ ကတ်ထူစက္ကူပုံး

ပုံမှာတွေ့မြင်ရတာကတော့ ကတ်ထူစက္ကူပုံးကို ဖြတ်ညှပ်ကပ်လုပ်ပြီး တီထွင်ဖန်တီးထားတဲ့ ကျောင်းသားလေးရဲ့ လက်ရာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၃။ Luffy

ဂျပန်ဇာတ်လမ်းတွဲ One Piece ဇာတ်လမ်းထဲက ဇာတ်ကောင် Luffy ရဲ့ပုံစံအတုယူပြီး ဖြေဆိုနေတဲ့ ကျောင်းသားလေးကို တွေ့ရမှာပါ။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။