ဖမ်းဆီးထောင်ချခံရပြီး သုညဘဝ ရောက်တော့မယ့် ရွှေအိုးကြီး

Tran Ngoc Phuc ဆိုတာကတော့ ဗီယက်နမ်နိုင်ငံမှာ မသိတဲ့သူမရှိအောင် နာမည်ကျော်ကြားတဲ့လသူဌေးလေးတစ်ယောက်ဖြစ်ပါတယ်။ သူ့ကို Phuc ‘XO’ လို့လည်း လူသိများလှပါတယ်။ သူဟာလူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ သူ့ရဲ့ပိုင်ဆိုင်မှုတွေ ရွှေငွေတွေနဲ့ မကြာခဏ ကြွားလုံးထုတ်တက်သူတစ်ဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့ဓာတ်ပုံတွေမှာ မှားပြားလှတဲ့ ရွှေနဲ့ပြုလုပ်ထားတဲ့ လက်ဝတ်လက်စားတွေ၊ အသုံးအဆောင်ပစ္စည်းတွေကို ချပြထားလို့ အချို့ကလည်းသူ့ကို ရွှေအိုးကြီးလို့ နာမည်ပေးထားပါတယ်။ shwekhitonlinetv.com

သူ့ဟာ ဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့မှာရှိတဲ့ ရွှေအိမ်တော်ကြီးမှာ သက်တော်စောင့်များစွာနဲ့နေထိုင်တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

သူ့ရဲ့အသက်က (၃၇) သာရှိသေးပြီး နိုက်ကလပ်တွေ၊ ဘားတွေအများအပြားကို ပိုင်ဆိုင်ထားက အာဏာပိုင်အချို့ကိုလည်း ငွေနဲ့ပေါက်ပြီး အိပ်ကပ်ထဲထည့်ထားသူလို့ သိရပါတယ်။ ဟိုချီမင်းစီးတီးမှာရှိတဲ့ နိုက်ကလပ်တော်တော်များများကတော့ သူ့အပိုင်တွေဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ ရွှေအိုးကြီးနဲ့ ပတ်သက်တဲ့ အံ့အားသင့်ဖွယ်သတင်းတစ်ခုထွက်ပေါ်လာပါတယ်။ ဒီသတင်းကတော့ ရွှေအိုးကြီးနဲ့သူ့အစ်ကိုအပါအဝင် အပေါင်းအပါ (၁၁) ဦးကိုဖမ်းဆီးလိုက်တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့က ရွှေအိုးကြီးတစ်ယောက် နိုက်ကလပ်တွေ၊ ကာရာအိုကေတွကိုဗန်းပြပြီး လာရောက်တဲ့ ဧည့်သည်တွေကို မူးယစ်ဆေးဝါးတွေရောင်းချနေတာကို ဖော်ထုတ်နိုင်ခဲ့လို့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ shwekhitonlinetv.com

သူတို့တွေကိုရုံးထုတ်ခဲ့ချိန်မှာတော့ ရွှေအိုးကြီးတစ်ယောက်စိတ်ရောကိုယ်ပါချိနဲ့နေပုံရပြီး လမ်တောင်မလျောက်နိုင်လို့ တွဲခေါ်ရတာကိုလည်းတွေ့ရပါတယ်။ shwekhitonlinetv.com

သူ့အနေနဲ့ ဒီလုပ်ငန်းတွေကနေ ရရှိခဲ့တဲ့ဝင်ငွေက အနည်းဆုံး ဗီယက်နမ်ဒေါင် သန်း (၆၀၀) လောက်ရှိတယ်လို့လည်း တရားရုံးမှာဝန်ခံထွက်ဆိုသွားခဲ့ပါတယ်။ shwekhitonlinetv.com

လက်ရှိအချိန်မှာတော့ ရွှေအိုးကြီး (Phuc XO) ရဲ့ပိုင်ဆိုင်မှုတွေကို အစိုးရပိုင်အဖြစ်သိမ်းယူလိုက်ပြီဖြစ်ပြီး သူ့ကိုလည်း ပြစ်မှုထင်ရှားတာကြောင့် ထောင်ဒဏ် (၁၂) နှစ်ချမှတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် အယူခံအောင်မြင်တာကြောင့် ထောင်ဒဏ်ကို (၂) နှစ်လျော့ပေါ့ပြီး (၁၀) နှစ်သာ သတ်မှတ်ခဲ့တယ်လို့လည်းသိရပါတယ်။ shwekhitonlinetv.com

ရွှေအိုးကြီးရဲ့သတင်းကြောင့် သူ့လိုမျိုး စီးပွားရှာနေတဲ့ ဗီယက်နမ်တစ်ဝှမ်းက နာမည်ကြီးပုဂ္ဂိုလ်တွေဟာလည်း လက်ရှိအချိန်မှာ စိုးရိမ်ပူပန်နေကြတယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဟုတ်ကဲ့အခုဖော်ပြပေးသွားခဲ့တာကတော့ ဗီယက်နမ်နိုင်ငံက နာမည်ကျော်ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ရွှေအိုးကြီး (Phuc XO) ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး Vietnam Express သတင်းစာရဲ့ဖော်ပြချက်ကို ပြန်လည်ကောက်နှုတ်ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

နောက်ထပ်လည်းဘယ်လိုမျိုးစိတ်ဝင်စားဖွယ်အကြောင်းအရာလေးတွေကို ဖော်ပြပေးသွားဦးမလဲဆိုတာကို ဆက်လက်စောင့်မျှော် အားပေးကြပါဦးနော် …. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။