ငွေဒင်္ဂါးပြားပေါင်း (၄၀၀၀) ကျော်ကို မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင်ရှာတွေ့ခဲ့သူ လယ်သမား
ဆွစ်ဇာလန်နိုင်ငံမှာနေထိုင်တဲ့ လယ်သမားတစ်ဦးဟာ သူ့ရဲ့ချယ်ရီခြံထဲမှာ ရောမခေတ်ကအသုံးပြုခဲ့တဲ့ ကြေးဝါ နှင့် ငွေဒင်္ဂါးပြားပေါင်း (၄၀၀၀) ကျော်ကို မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင်ရှာတွေ့ခဲ့ပါတယ်။ ဒါဟာ ဆွစ်ဇာလန်နိုင်ငံမှာတွေ့ရှိခဲ့တဲ့ ရတနာတွေထဲမှာတော့ အများဆုံးပမာဏဖြစ်ခဲ့ပါတယ်။ shwekhitonlinetv.com Ance France Press သတင်းဌာနရဲ့အဆိုအရတော့ အဆိုပါလယ်သမားနေထိုင်ရာ ဆွစ်ဇာလန်နိုင်ငံ Aargau မြောက်ပိုင်း Frick မြို့အနီးတစ်ဝိုက်ဟာ ရှေးခေတ်ရောမလူမျိုးတွေ အခြေချနေထိုင်သွားခဲ့တဲ့ နေရာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တွေစိုက်ပျိုးတဲ့ လယ်သမားဟာ တောက်ပတဲ့ရှေးခေတ်သုံးဒင်္ဂါးအချို့ကို တွေ့ရှိပြီးတဲ့အချိန်မှာတော့ ဒေသဆိုင်ရာ ရှေးဟောင်းသုတေသန […]
