Amazing

ရိုမန့်တစ်ဆန်ဆန် နေထိုင်လို့ရမယ့် ကမ္ဘာတစ်လွှားက သစ်ပင်အိမ်ကလေးများ နှင့် ဟိုတယ်များ

ငယ်စဉ်ကလေးဘဝတုန်းက သစ်ပင်တွေပေါ်မှာ လင့်စင်ထိုးပြီးနေရတာကိုသဘောကျနှစ်သက်တဲ့ သူတွေရှိမယ်ထင်ပါတယ်။ ဒါမှမဟုတ်လည်း ရုပ်ရှင်တွေထဲကသစ်ပင်အိမ်လေးတွေကို မြင်ပြီး အဲ့ဒီလိုမျိုးနေချင်ခဲ့ကြဖူးတဲ့ သူတွေလည်းရှိမယ်ထင်ပါတယ်။ အခုဖော်ပြမယ့် သစ်ပင်တွေပေါ်မှာတည်ဆောက်ထားတဲ့ ဟိုတယ်တွေကတော့ သင့်ရဲ့ငယ်ဘဝစိတ်ကူးကို အကောင်အထည်ဖော်ပေးနိုင်မှာအသေအချာပါပဲ။ shwekhitonlinetv.com ၁။ Tongabezi Lodge Treehouse , Zambia အာဖရိကတိုက်က ဇမ်ဘီယာနိုင်ငံမှာတော့ ကြီးမားတဲ့သစ်ပင်ကြီးတွေပေါ်မှာတည်ဆောက်ထားတဲ့ ဇိမ်ခံဟိုတယ်တွေရှိပါတယ်။ ဒီဟိုတယ်တွေကနေ Zambezi မြစ်ရဲ့အလှအပကိုခံစားနိုင်သလို ပတ်ဝန်းကျင်တောတောင်ရေမြေအလှတွေကို ခံစားနိုင်ဖို့အတွက် ဘေးပတ်ပတ်လည်ကိုကာရံထားခြင်းမျိုးမရှိပါဘူး။ နောက်ပြီး King Size မွေ့ယာတစ်ခုနဲ့ မှတ်၊ […]

Amazing

နေထိုင်ရာ အိမ်နဲ့ ခြံဝန်းထဲမှာ မမျှော်လင့်ဘဲ တွေ့ရှိရတဲ့ ထူးထူးဆန်းဆန်း အရာများ

သင့်အနေနဲ့ သင့်ရဲ့နေအိမ်ခြံဝန်း ဒါမှမဟုတ် နေအိမ်ပတ်ဝန်းကျင်အနီးအနားကနေ မမျှော်လင့်ဘဲနဲ့ ထူးဆန်းတဲ့အရာတွေရှာဖွေတွေ့ရှိတာမျိုး ကြုံဖူးပါသလား။ လူတိုင်းတော့ဒီလိုအဖြစ်မျိုးမကြုံတွေ့နိုင်ပေမယ့် ကြုံဖူးတဲ့လူတွေကလည်း အများအပြားရှိနေပါတယ်။ အခုဖော်ပြပေးမှာကတော့ ဒီလိုလူတွေထဲက အထူးဆန်းဆုံးအရာတွေကို တွေ့ရှိခဲ့တဲ့ လူတစ်ချို့ရဲ့ ရှာဖွေတွေ့ရှိခဲ့မှုတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ ကမ္ဘာဦးအစက အမွှေးပွဆင်ကြီးတစ်ကောင်ရဲ့အရိုး လူသားတွေအနေနဲ့ သမိုင်းမတင်မီခေတ်က ကမ္ဘာမြေပေါ်မှာနေထိုင်ခဲ့တဲ့ သက်ရှိတွေအကြောင်းကိုသိရှိဖို့အတွက် ကျောက်ဖြစ်ရုပ်ကြွင်းရှာဖွေမှုတွေအပေါ်မှာ များစွာအားကိုးနေရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအချိန်က သက်ရှိတွေဟာဘယ်လိုပုံစံရှိပြီး ဘယ်လိုရှင်သန်ကျက်စားကြတယ်ဆိုတာကို ပြန်ပြောပြနိုင်မယ့်သူမရှိသလို မှတ်သားထားတဲ့ မှတ်တမ်းမှတ်ရာတွေလည်း မရှိလို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com အိုင်အိုဝါပြည်နယ်မှာနေထိုင်တဲ့ လူတစ်ဦးဟာ […]

Fun

ဓာတ်ပုံရိုက်တဲ့အခါ မှားယွင်းတဲ့ ရှုထောင့်က ရိုက်ကူးမိရင် ဒီလိုတွေ ဖြစ်တတ်ပါတယ်

ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ ရှုထောင့်ရွေးချယ်မှုကအများကြီး အရေးပါလှပါတယ်။ ဘာကြောင့်လဲဆိုတာကိုတော့ အောက်မှာဖော်ပြထားတဲ့ပုံတွေကို အရင်ကြည့်ကြည့်လိုက်ပါ။ ပြီးရင်တော့သင်သဘောပေါက်သွားပါလိမ့်မယ်။ shwekhitonlinetv.com ၁။ အမှန်တော့ ဒီပုံက ဦးခေါင်းပြတ်နေတဲ့ခွေးတစ်ကောင်တော့ မဟုတ်ပါဘူး။ shwekhitonlinetv.com ၂။ ဒီ ပူစီလေးက လေပေါ်မှာတောင်ထိုင်နိုင်တဲ့ အစွမ်းတွေရှိနေတာလား ? shwekhitonlinetv.com ၃။ ဒီ သားအဖနှစ်ယောက်ရဲ့ လက်က ဒီပုံကိုသင့်အနေနဲ့ တစ်ခါမကပြန်ကြည့်မိစေမယ့် အဓိကသော့ချက် ဖြစ်နေမလား ? shwekhitonlinetv.com ၄။ ဒီလူရဲ့ အိတ်နဲ့ဦးထုပ်ကို ချထားပုံကအမှတ်တမဲ့ဆိုရင် သူ့ဘေးမှာတစ်စုံတစ်ယောက် အိပ်နေတယ်လို့ထင်ချင်စရာပါ။ shwekhitonlinetv.com ၅။ နှင်းလျောစီးနေတဲ့ […]

Amazing

ကံကြမ္မာအလှည့်အပြောင်းတစ်ခုမှာ မထင်မှတ်ဘဲ အကြီးအကျယ် ချမ်းသာသွားကြတဲ့ ဖြစ်ရပ် (၅) ခု

တစ်ခါတစ်ရံမှာကံတရားရဲ့ အလှည့်အပြောင်းကထင်မှတ်မထားလောက်အောင်ကို ဆန်းကြယ်လှပါတယ်။ အခုတစ်ခါမှာလည်း မျှော်လင့်မထားတဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းနဲ့အတူ ချမ်းသာသွားခဲ့ကြတဲ့ လူပုဂ္ဂိုလ်အချို့ရဲ့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com ၁။ အိမ်ခြေရာမဲ့ဘဝကနေ ဘီလျံနာဖြစ်သွားတဲ့ ညီအစ်ကိုနှစ်ဦး Zsolt နဲ့ Geza လို့အမည်ရတဲ့ ညီအစ်ကိုနှစ်ဦးဟာ ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့ရဲ့ မြို့ပြင်က ဂူတစ်ဂူထဲမှာနေထိုင်ကြတာဖြစ်ပါတယ်။ သူတို့ဟာ မိခင်ဖြစ်သူကစွန့်ပစ်သွားပြီးနောက်ပိုင်း လမ်းပေါ်ကအမှိုက်တွေကိုကောက်ပြီးရောင်းစားနေကြရတဲ့သူတွေဖြစ်ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ သူတို့ဘဝကို ကြီးမားတဲ့အလှည့်အပြောင်းဖြစ်စေခဲ့တာကတော့ ဂျာမနီနိုင်ငံ Baden-Wurttemberg မှာနေထိုင်တဲ့ သူတို့ရဲ့အဖွားဆုံးပါးမှုပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့အဖွားဟာ […]

Amazing

ဝယ်ခါစ အသစ်စက်စက် နဲ့ အသုံးပြုပြီး ပစ္စည်းတွေကို မှတ်တမ်းတင်ထားသော ဓာတ်ပုံများ

သင့်အနေနဲ့ အရာဝတ္ထုတစ်ခုခုကို လုံးဝအသစ်စက်စက်အခြေအနေနဲ့ အသုံးပြုပြီး နှစ်အနည်းငယ်ကြာမြင့်သွားတဲ့ အခြေအနေနှစ်ရပ်ကို နှိုင်းယှဉ်ကြည့်ဖူးပါသလား။ နာမည်ကျော် Brightside ဆိုတဲ့ ဝက်ဆိုက်ကတော့ အရာဝတ္ထုတွေရဲ့ အသုံးမပြုခင်နဲ့ အသုံးပြုပြီးအခြေအနေတွေကို အခုလိုပဲနှိုင်းယှဉ်ပြသထားပါတယ်။ shwekhitonlinetv.com ၁။ အသစ်စက်စက် သားရေဖိနပ်နှင့် (၄) နှစ်လောက်အသုံးပြုပြီးသွားတဲ့ သားရေဖိနပ်။ shwekhitonlinetv.com ၂။ မြှားပစ်ခုံ အဟောင်းနှင့် မြှားပစ်ခုံအသစ်။ shwekhitonlinetv.com ၃။ မိုနိုပိုလီ အပိုင်းအစများကို အဟောင်းနှင့်အသစ်ယှဉ်လိုက်သောအခါ။ shwekhitonlinetv.com ၄။ (၂) လလောက်အသုံးပြုထားတဲ့ အိုးတိုက်ဖတ်နှင့် အသုံးမပြုရသေးတဲ့အိုးတိုက်ဖတ်။ shwekhitonlinetv.com ၅။ […]

Amazing

နိုင်ငံတကာက တကယ့်ကို အမိုက်စားဖြစ်တဲ့ ဟိုတယ်ရေကူးကန်များ

ဟိုတယ်တွေမှာတည်းတဲ့ အခါရေကူးရင်းအပန်းဖြေရတာကိုဝါသနာပါတဲ့သူတွေများရှိမလား မသိဘူး။ ရှိတယ်ဆိုရင်တော့ အခုဖော်ပြမယ့်ဟိုတယ်တွေက ရေကူးကန်တွေမှာသွားရောက်အပန်းဖြေပြီး အတွေ့အကြုံသစ်တွေကို ရှာဖွေဖို့အကြံပြုချင်ပါတယ်။ shwekhitonlinetv.com ၁။ St.Regis – Lahsa St.Regis ကိုတော့ ဟိမဝန္တာတောင်တန်းတွေပေါ်က အိုအေစစ်တစ်ခုလို့ဆိုကြပါတယ်။ ဒီဟိုတယ်ဟာ တိဗက်ရိုးရာစတိုင်ဆောက်လုပ်ထားတဲ့ဟိုတယ်ဖြစ်ပြီး ထူးခြားတာကသူ့မှာရှိတဲ့ Golden Energy Pool လို့အမည်ရတဲ့ ရွှေရောင်ရေကူးကန်ပဲဖြစ်ပါတယ်။ (၂၈-၃၂) ဒီဂရီဆဲလ်စီးယပ် ရှိတဲ့အပူချိန်မှာ Liquid Gold တွေကိုရေကူးကန်ထဲထည့်သွင်းပေးထားပြီး ရေကူးကန်ကိုလည်းရွှေပြားတွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီရေကူးကန်ထဲမှာ ကူးခတ်လိုက်ရင်အားအင်တွေပြန်လည်ပြည့်ဖြိုးသလို ခံစားရနိုင်မလားဆိုတာမသေချာပေမယ့် […]

Fun

ဘယ်သူ့မှ ဂရုမစိုက်ဘဲ ကိုယ်လုပ်ချင်ရာ လုပ်ကြတဲ့ သူတွေရဲ့ဓာတ်ပုံများ

ဒီတစ်ခေါက်ဖော်ပြပေးမှာကတော့ ဓာတ်ပုံလေးတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပါ။ ပတ်ဝန်းကျင်မှာဘာတွေဖြစ်နေနေ ဂရုမစိုက်ဘဲ ကိုယ်ထင်ရာကိုယ်လုပ်တက်ကြတဲ့သူတွေရဲ့ ပုံတွေပေါ့ ….. shwekhitonlinetv.com ၁။ မရတော့ဘူး။ အရမ်းတွေအိပ်ချင်နေပြီ။ shwekhitonlinetv.com ၂။ မီးမီးက ရေအဖြူရောင်တွေထင်လို့ပါနော်။ shwekhitonlinetv.com ၃။ မုန့်တွေကိုကုန်အောင်မစားဘဲ တစ်ကိုက်စီကိုက်ရတဲ့ အရသာက ဘယ်လိုပြောရမလဲ။ shwekhitonlinetv.com ၄။ ဖုန်းကိုဒီလိုအားသွင်းရတယ်လို့ ဘယ်သူကသင်ပေးထားပါလိမ့်။ shwekhitonlinetv.com ၅။ ဘေးကလူတွေတော့ သွားရည်ကျနေပြီထင်တယ်။ shwekhitonlinetv.com ၆။ မဆိုးပါဘူး။ ဒီလူကြီးရဲ့ ဖက်ရှင်ကလန်းသားပဲ။ shwekhitonlinetv.com ၇။ ဟာ … ဘယ်လိုအမျိုးသမီးပါလိမ့်။ shwekhitonlinetv.com ၈။ ပြောချင်ရာပြော ကိုယ့်အထာနဲ့ကိုယ်၊ […]

Amazing

ကမ္ဘာ့အပြင်ဘက်ကနေ ရိုက်ကူးထားတဲ့ စိတ်ဝင်စားစရာ NASA ဓာတ်ပုံတွေ

ကမ္ဘာပေါ်မှာရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုကြည့်ရှုရတာ ငြီးငွေ့နေတဲ့ ရွှေခေတ်ပရိသတ်တွေကို အခုတစ်ခေါက်မှာတော့ ကမ္ဘာ့အပြင်ဘက်ကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေအကြောင်း ဖော်ပြပေးချင်ပါတယ်။ ဘယ်လိုစိတ်ဝင်စားစရာကောင်းပြီး ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ပုံတွေဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော် ….. shwekhitonlinetv.com ၁။ The Endeavour အာကာသလွန်းပျံယာဉ် Endeavour အတွက်လှပတဲ့ရိုက်ချက်ကိုတော့ အပြည်ပြည်ဆိုင်ရာအာကာသစခန်း (ISS) ကနေ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ The Endeavour ဟာ ISS သို့ လူတွေကိုပို့ဆောင်ပေးခဲ့တဲ့ လွန်းပျံယာဉ်တွေထဲက တစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ စူပါတိုင်ဖွန်း ဒါကတော့ […]

Entertainment

နာမည်ကျော် အနုပညာရှင် (၁၇) ဦးရဲ့ ပေါ်ခါစ နဲ့ ယခု လက်ရှိ ကွာခြားချက် ဓာတ်ပုံတွေ

လူသားတွေဆိုတာအောင်မြင်ကျော်ကြားလာတာနဲ့အမျှ သူတို့ရဲ့လူနေမှုပုံစံ၊ ဖက်ရှင်ဒီဇိုင်း အစရှိတဲ့ နေ့စဉ်လူနေမှုဘဝ အခြေအနေတွေပါ လိုက်ပြီးပြောင်းလဲသွားတက်ကြပါတယ်။ အခုလက်ရှိကာလမှာ အောင်မြင်ကျော်ကြားနေတဲ့ ပေါ့စတားတွေရဲ့ စတင်ပွဲထွက်ခဲ့တုန်းကအနေအထားနဲ့ လက်ရှိအချိန်အနေအထားကလည်း နှိုင်းယှဉ်ကြည့်ရင် စိတ်ဝင်စားစရာကောင်းတာအမှန်ပါပဲ။ အခုဖော်ပြမယ့် နာမည်ကျော် ပေါ့စတား (၁၇) ဦးမှာဘယ်သူတွေကဘယ်လောက်တောင်ပြောင်းလဲသွားသလဲဆိုတာကြည့်ရှုလိုက်ပါဦးနော် ….. shwekhitonlinetv.com ၁။ လေဒီဂါဂါ (Lady Gaga) ရဲ့ ပထမဆုံးစတင်ပွဲထွက်ခဲ့ချိန်ကပုံနှင့် အောင်မြင်ပြီးကာလပုံ။ shwekhitonlinetv.com ၂။ မိုင်လေးဆိုင်းရပ် (Miley Cyrus) ရဲ့ ပထမဆုံးစတင်ပွဲထွက်ခဲ့ချိန်ကပုံနှင့် အောင်မြင်ပြီးကာလပုံ။ shwekhitonlinetv.com ၃။ […]

News

အိန္ဒိယနိုင်ငံရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ရေအောက်ရထား စီမံကိန်းအကြောင်း

အခုအချိန်မှာတော့ အိန္ဒိယနိုင်ငံသားတွေဟာ ထူးခြားပြီး အံ့သြဖွယ်ကောင်းတဲ့ စီးနင်းမှုတစ်ခုအတွက် အဆင်သင့်ပြင်နေကြပြီထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့မှာရှိတဲ့ ပထမဆုံး ရေအောက်ရထားစီမံကိန်းကို လာမည့် (၂၀၂၃) ခုနှစ်တွင် အပြည့်အဝ ပြီးစီးအောင်စီစဉ်ထားပြီး စတင်လည်ပတ်တော့မှာမို့လို့ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com Kolkata Metro Rail Corporation (KMRC) ဟာ Hooghly မြစ်အောက်ကနေ ဖြတ်သန်းသွားမှာဖြစ်ပြီး အရှေ့နဲ့အနောက်က မီတာ ၅၀၀ ကျယ်တဲ့ ရေအောက်ဘူတာနှစ်ခုကို ချိန်ဆက်ပြေးဆွဲသွားမှာဖြစ်ပါတယ်။ ဒီရေအောက်ရထားဘူတာရုံတွေဟာ Hooghly […]