Amazing

ကမ္ဘာပေါ်မှာ အမှန်တစ်ကယ်ရှိတဲ့ ဧရာမ သတ္တဝါကြီးများ

ဒီတစ်ခေါက်ဖော်ပြပေးမှာကတော့ မိမိတို့ပတ်ဝန်းကျင်မှာ မြင်နေတွေ့နေရတဲ့ သတ္တဝါတွေထက် အဆများစွာကြီးတဲ့ သတ္တဝါတွေအကြောင်းပဲဖြစ်ပါတယ်။ ဒါဟာ ရုပ်ရှင်ထဲကသတ္တဝါတွေမဟုတ်သလို Photoshop နဲ့ ဖန်တီးပြုလုပ်ထားတဲ့သတ္တဝါတွေလည်း မဟုတ်ပါဘူး။ အပြင်ကမ္ဘာမှာ အမှန်တစ်ကယ်ရှိတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ ကဲ … မြင်ဖူးအောင်လို့ ကြည့်ရှုလေ့လာလိုက်ကြပါဦးနော်… shwekhitonlinetv.com ၁။ ပုရွက်ဆိတ်၊ ပျားတို့ ဆိုတာ ဘုရင်မနဲ့ လုပ်သားဆိုပြီးခွဲခြားဖြစ်တည်နေတဲ့ အင်းဆက်တွေဖြစ်ပါတယ်။ သင်ကောအပြင်မှာ ပျားဘုရင်မတို့ ပုရွက်ဆိတ်ဘုရင်မတို့ကို မြင်ဖူးပါသလား။ အခုပုံမှာ ပြထားတာကတော့ သာမာန်ပုရွက်ဆိတ်တွေထက် အဆပေါင်းများစွာကြီးမားတဲ့ […]

World Top

ကမ္ဘာတစ်လွှားက သြဇာကြီးမားပြီး ထင်ရှားတဲ့ အမျိုးသမီးခေါင်းဆောင် (၁၀) ဦး

ဒီနေ့ကမ္ဘာမှာ သီးခြားလွတ်လပ်တဲ့ နိုင်ငံအဖြစ်ရပ်တည်နေကြတဲ့ နိုင်ငံအရေအတွက်ကတော့ (၂၀၀) ကျော်အထိရှိလာပြီဖြစ်ပါတယ်။ ဒီနိုင်ငံတွေထဲက အများစုကတော့ အမျိုးသားခေါင်းဆောင်တွေသာ အုပ်ချုပ်နေတဲ့ နိုင်ငံဖြစ်ပြီး အမျိုးသမီးတွေဦးစီးဦးရွက်ပြု ခေါင်းဆောင်လုပ်နေတဲ့ နိုင်ငံတွေကတော့ အတော်လေးကို နည်းပါးလှပါတယ်။ shwekhitonlinetv.com ဒါပေမယ့်လည်း အမျိုးသမီးခေါင်းဆောင်တွေထဲမှာ သာမန်အမျိုးသားခေါင်းဆောင်တွေထက်တောင် သြဇာတိက ကြီးမားပြီးမိမိနိုင်ငံရဲ့ ပြည်သူတွေအပေါ်လွှမ်းမိုးနိုင်ရုံသာမက ကမ္ဘာနဲ့ချီပြီးတောင်မှ ထင်ရှားကျော်ကြားလှသူတွေလည်း ရှိနေပါတယ်။ ဒီနေ့ ဆောင်းပါးလေးမှာတော့ အဲ့ဒီထဲက အထင်ရှားအကျော်ကြားဆုံး (၁၀) ဦးကို ရွေးချယ်ဖော်ပြလိုက်ရပါတယ်။ shwekhitonlinetv.com ၁၀။ […]

World Top

ကမ္ဘာပေါ်က သတ္တဝါတွေထဲမှာ အလျင်မြန်ဆုံး သတ္တဝါ (၁၀) မျိုး

ကမ္ဘာဂြိုဟ်ပေါ်မှာ အသက်ရှင်နေထိုင်ကျက်စားနေတဲ့ သတ္တဝါတွေထဲမှာ ဘယ်သတ္တဝါက အမြန်ဆုံးဖြစ်မလဲ ဆိုတာသင့်အနေနဲ့ တွေးကြည့်ဖူးပါသလား။ မတွေးကြည့်ဖူးဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ ဒီအကြောင်းအရာလေး ကိုဆက်လက်ဖတ်ရှုလိုက်ရင် သင့်အနေနဲ့ ကမ္ဘာဂြိုဟ်ပေါ်က အလျှင်မြန်ဆုံးသတ္တဝါက ဘာဖြစ်မယ်ဆိုတာကို သိရှိနိုင်မှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com ၁၀။ Brown Hare အစေ့အဆံနဲ့မြက်ကိုသာအဓိက စားတက်ပြီး ရှည်လျားတဲ့ခြေထောက်တွေကိုပိုင်ဆိုင်ထားတဲ့ Brown Hare ယုန်မျိုးတွေကတော့ တစ်နာရီကို (၇၇) ကီလိုမီတာလောက်ထိပြေးနိုင်ကြပါတယ်။ ဒီနှုန်းက သူတို့ရဲ့ရန်သူဖြစ်တဲ့ အနီရောင်မြေခွေးတွေရဲ့ ပြေးလွှားနှုန်းနဲ့ တူညီနေပါတယ်။ […]

Knowledge

တချိန်က အရမ်းစည်ကားခဲ့ပေမယ့် ရုတ်တရက် လူသူကင်းမဲ့သွားတဲ့ မြို့ပျက် (၇) မြို့

ကမ္ဘာပေါ်မှာရှိတဲ့ မြို့တွေဟာ တစ်ချိန်က ပျားပန်းခပ် စည်ကားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လက်ရှိအချိန်မှာ နေထိုင်သူကင်းမယ့်သွားတာမျိုးတွေရှိပါတယ်။ အခုဖော်ပြပေးမယ့် ဆောင်းပါးလေးမှာပါဝင်မယ့် မြို့လေး (၇) မြို့ကတော့ မြို့နေလူထုက စွန့်ပစ်ခဲ့ပြီးနောက်ပိုင်း ကျိန်စာတွေ၊ ဝိညာဉ်တွေခြောက်လှန့်မှု တွေနဲ့သာ ခြောက်ခြားဖွယ်ကျန်ခဲ့ရတဲ့ မြို့လေးတွေအကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၇။ ပိရမစ်ဒန် (Pyramiden) – နော်ဝေ ပိရမစ်ဒန် (Pyramiden) ဒေသကတော့ ထူးခြားဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေပြီး အာတိတ်စက်ဝန်း နားမှာရှိတဲ့ နော်ဝေးနိုင်ငံ၊ ရှဗားဗာ့ […]

Amazing

အနိုင်ကျင့်ခံခဲ့ရလို့ လှလှပပ ပြန်လည် လက်စားချေခဲ့ကြသူများ

လက်စားချေတယ်ဆိုတဲ့ ကိစ္စအပေါ် Shwe Khit ပရိသတ်ကြီးအနေနဲ့ ဘယ်လိုထင်မြင်လဲမသိဘူးနော်။ ကောင်းတဲ့ကိစ္စလား၊ မကောင်းတဲ့ကိစ္စလား ဆိုတာပေါ့ … အီတလီလူမျိုးတွေမှာတော့ စကားပုံတစ်ခုရှိပါတယ်။ လက်စားချေခြင်းဆိုတာ အကောင်းဆုံးပြင်ဆင်ပြီး ဝန်ဆောင်မှုပေး ထားတဲ့ဟင်းပွဲတစ်ခုလိုပါပဲတဲ့ …. ကိုယ့်အပေါ်ကောက်ကျစ် စဉ်းလဲခဲ့တဲ့ သူတွေကို လှလှပပ လက်စားပြန်ချေပြီး အဲ့အရသာကို မိန့်မိန့်ကြီးခံစားပါတဲ့။ shwekhitonlinetv.com ဒီလို လက်စားချေတာဟာ ကောင်းလားဆိုးလား။ မှန်လားမှားလား မပြောတတ်ပေမယ့် ကိုယ့်အပေါ်မကောင်းကြံတဲ့သူတွေကို အလိမ္မာနည်းသုံးပြီး လက်တုံ့ပြန်ခဲ့တဲ့ ကမ္ဘာကျော် ဖြစ်ရပ်တွေတော့ […]

Amazing

မြင်တွေ့ဖို့ မလွယ်ကူတော့တဲ့ ရှေးခေတ် ကမ္ဘာ့အံ့ဖွယ် (၇) ခု

ရှေးခေတ်အီဂျစ် ၊ ဂရိနှင့် ရောမလူမျိုးတွေဟာ အံသြဘွယ်၊ အနုပညာဗိသုကာ အတက်ပညာတွေနဲ့ ခေတ်မီတဲ့ လူ့ယဉ်ကျေးမှုတစ်ရပ်ကိုပိုင်ဆိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူတို့တွေဟာကြီးမားတဲ့ ရုပ်တုတွေနဲ့ အဆောက်အဦး အများအပြားကိုလည်း တည်ဆောက်ခဲ့ကြပါတယ်။ shwekhitonlinetv.com အဲ့ဒီထဲကမှ အကျော်ကြားဆုံး (၇) ခုကိုတော့ ရှေးခေတ်ကမ္ဘာ့ အံ့ဘွယ်များအဖြစ် သမိုင်းပညာရှင်များက မှတ်တမ်းတင်ထားကြပါတယ်။ ဒါပေမယ့် လည်း ဒီအရာတွေထဲက အကုန်လုံးနီးပါးဟာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးခဲ့ရပြီး ယနေ့အချိန်မှာတော့ အီဂျစ်ပြည်ကပိရမစ်တွေ သာထင်ထင်ရှားရှား ကျန်ရှိနေပါတော့တယ်။ ဒါကြောင့် […]

Knowledge

သဘာဝ ရနံ့လေးတွေနဲ့ ခြင်တွေကို အလွယ်တကူ နှိမ်နင်းနိုင်မယ့် နည်းလမ်းများ

ကမ္ဘာပေါ်မှာ အပေါများဆုံး အင်းဆက်တစ်မျိုးဖြစ်တဲ့အပြင် ရောဂါဘယတွေသယ်ဆောင်လာပြီး လူသားတွေရဲ့အသက်အန္တရာယ်ကို ရန်ရှာနေတာကတော့ ခြင် ပဲဖြစ်ပါတယ်။ shwekhitonlinetv.com ဒီလိုမျိုး စိတ်ရှုပ်ဖွယ်ကောင်းပြီး အန္တရာယ်လည်းများတဲ့ ခြင်တွေကို နှိမ်နင်းတဲ့နည်း အများကြီးရှိပေမယ့်လည်း ခုတင်ဆက်ပေးသွားမှာကတော့ မွှေးပျံ့တဲ့ရနံလေးတွေနဲ့ ခြင်တွေကို အနားမလာနိုင်အောင်ကာကွယ်နိုင်မယ့်နည်းလေးတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ သစ်ခွပန်း အမှုန့်အခြေအနေရောက်အောင် ပြုလုပ်ထားတဲ့ သစ်ခွပန်း (၁) ဆ နဲ့ Baby Lotion (၁၀) ဆ ကိုရောစပ်ပြီး ရေမှာပျော်ဝင်အောင်ထားရမှာဖြစ်ပါတယ်။ ပြီးရင်တော့ […]

Amazing

ထူးဆန်းလွန်းတဲ့ နေရာတွေမှာ ဖန်တီးတည်ဆောက်ထားတဲ့ မြို့ (၅) မြို့

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လူသားတွေဟာ မိမိတို့ ဘဝတစ်လျောက် အသက်ရှင်နေထိုင်ဖို့အတွက် အခက်အခဲမျိုးစုံကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပေမယ့် ကြံ့ကြံ့ခံ ရင်ဆိုင်အန်တုကာ ကျော်ဖြတ်လာခဲ့ကြတဲ့ သူတွေပါ။ shwekhitonlinetv.com ဒါကြောင့်လည်း ထူးဆန်းအံ့အားသင့်ဖွယ် ဖန်တီးတီထွင်မှုတွေနဲ့အတူ ခေတ်အဆက်ဆက် တိုးတက်ပြောင်းလဲလာပြီး ဒီနေ့လိုအခြေအနေမျိုးကို ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမှာကတော့ လူသားတွေဖန်တီးထားတဲ့ ကမ္ဘာပေါ်က ထူးခြားအံ့သြဖွယ်ရာ မြို့ (၅) မြို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၅။ Ronda (Spain) စပိန်နိုင်ငံရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်တဲ့ မာလာဂါဒေသမြောက်ပိုင်းက ရွန်ဒါ လို့အမည်ရတဲ့ […]

Amazing

အမေရိကန် ပင်တဂွန်မှ ဗီးနပ်စ် ဂြိုဟ်သားများ အကြောင်း

ဒီနေ့တင်ဆက်ပေးချင်တာကတော့ အမေရိကန် မှာ အရမ်းကိုနာမည် ကြီးခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပဲဖြစ်ပါတယ်။ အချို့ကလည်း ဒါဟာ ယုံတမ်းပုံပြင်တစ်ပုဒ် လို့ဆိုကြပါတယ်။ အချို့ကတော့ တမင်လူစိတ်ဝင်စားအောင် လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် ဒီအကြောင်းအရာကို ယုံကြည်လက်ခံတဲ့သူက ပိုများတယ်လို့သိရပါတယ်။ စိတ်ဝင်စားရင်တော့ ဒီစာလေးကို ဆက်လက် ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com (၁၉၅၇) ခုနှစ်က ကမ္ဘာပေါ်ကို ဗီးနပ်စ်ဂြိုဟ်က ဂြိုဟ်သားတွေရောက်ရှိလာခဲ့တဲ့ အထောက်အထားတစ်ချို့ရှိနေပါတယ်။ ဒီဂြိုဟ်သားက သူ့နာမည်ဟာ ဗလ် (Valiant […]

Amazing

တစ်မိနစ်ကို (၂၈) ကြိမ်နှုန်းနဲ့ တစ်နှစ်ပတ်လုံး မိုးကြိုး အပစ်ခံနေရတဲ့ မြို့တစ်မြို့အကြောင်း

ရွှေခေတ်ပရိသတ်တွေအနေနဲ့ မိုးကြိုးပစ်တာကို မျက်မြင်ကိုယ်တွေ့ကြုံဖူးကြလား မသိဘူး။ ကြုံဖူးမယ်ဆိုရင်ကော ဘယ်နှစ်ကြိမ်လောက် ကြုံဖူးကြမလဲ … မြန်မာနိုင်ငံမှာတော့ အခုလိုမိုးရာသီမှာ မိုးကြိုးပစ်တာကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ရဖို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ မိုးကြိုးပစ်တာကို မမြင်ချင်မှအဆုံးဖြစ်သွားစေမယ့် ထူးဆန်းတဲ့ နေရာလေးတစ်နေရာရှိပါတယ်။ shwekhitonlinetv.com ဒီနေ့တင်ဆက်ပေးမှာကတော့ အဲ့ဒီနေရာလေးနဲ့ပတ်သက်တဲ့ ဗဟုသုတရဖွယ်အကြောင်းအရာလေးပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားရင်တော့ ဆောင်းပါးလေးကို ဆက်လက်ဖတ်ရှုအားပေးကြပါဦးနော် … မိုးကြိုးမြို့တော်၊ ကာတာတမ်ဘို (Catatumbo) ရဲ့အဆုံးမရှိတဲ့မုန်တိုင်း၊ မာရာကိုင်ဘို (Maracaibo) […]