News

ပရိသတ်တွေအိမ်ပြန်ဖို့အတွက် ဒေါ်လာ (၁၀၀,၀၀၀) အသုံးပြုပြီး မြေအောက်ရထားတွေကို အချိန်ပိုပြေးဆွဲပေးဖို့ စီစဉ်ပေးခဲ့တဲ့ ဘီယွန်းဆေး

ကမ္ဘာကျော်ပေါ့ဘုရင်မ ဘီယွန်းဆေးဟာ သူမရဲ့နယ်လှည့်ဖျော်ဖြေပွဲကို မြောက်အမေရိကတစ်လွှားမှာ စတင်ပြုလုပ်နေပြီဖြစ်ပြီး သြဂုတ်လ (၆) ရက်နေ့မှာတော့ ဒုတိယမြောက်ညအဖြစ်အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့က FedEx Field မှာဖျော်ဖြေသွားခဲ့ပါတယ်။ shwekhitonlinetv.com ဒါပေမယ့်အဲ့ဒီနေ့က မိုးလေဝသအခြေအနေအရ ဖျော်ဖြေပွဲကိုသတ်မှတ်ထားတဲ့အချိန်ထက် နာရီဝက် တစ်နာရီခန့်နောက်ကျပြီးမှစတင်နိုင်ခဲ့ပါတယ်။ မိုးကြိုးမုန်တိုင်းဖြစ်ပေါ်နိုင်တဲ့ ဧရိယာတွေထဲမှာ သူမဖျော်ဖြေမယ့် FedEx Field လည်းပါဝင်နေလို့ဖြစ်ပါတယ်။ shwekhitonlinetv.com ဒါကြောင့် ကွင်းအတွင်းမှရှိနေတဲ့ပရိသတ်တွေဟာလည်း မိမိတို့ရဲ့ကားနဲ့ လုံခြုံတဲ့အမိုးအကာတွေအောက်ကို သွားရောက်ခိုလှုံနေခဲ့ကြရပြီး ရာသီဥတုအခြေအနေပြန်လည်ကောင်းမွန်သွားမှသာ ကွင်းအတွင်းကိုပြန်လည်ဝင်ရောက်ခွင့်ရခဲ့ကြပါတယ်။ shwekhitonlinetv.com ဒါကြောင့်ဖျော်ဖြေပွဲကိုသတ်မှတ်ချိန်ထက် အချိန်တစ်နာရီလောက်နောက်ကျပြီးမှကျင်းပပြုလုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုလိုဖျော်ဖြေပွဲနောက်ကျသွားတာကြောင့် […]

Entertainment

ဖက်ရှင်ရှိုးကဝတ်စုံတွေကို ကမ္ဘာကျော်ဆယ်လီတွေ အပြင်မှာဝတ်ကြတဲ့အခါ

နာမည်ကျော် အမှတ်တံဆိပ်တွေရဲ့ ဖက်ရှင်ရှိုးတွေကဝတ်စုံတွေကို အပြင်မှာဝယ်ယူဝတ်ဆင်ကြတဲ့အခါ အဆင်ပြေပြီးကြည့်ကောင်းသူတွေရှိသလို ရယ်ချင်စရာကောင်းလောက်အောင် ဝတ်စုံနဲ့အဆင်မပြေဖြစ်တဲ့သူတွေလည်း မနည်းပါဘူး။ အခုတစ်ခေါက်ဖော်ပြပေးမယ့် ကမ္ဘာကျော်ဆယ်လီတွေကရော ဖက်ရှင်ရှိုးကဝတ်စုံတွေကို အပြင်ကလက်တွေ့ဘဝမှာ တစ်ကယ်ဝတ်ဆင်ထားကြတာ ကြည့်ကောင်းပြီးလိုက်ဖက်မှုရှိရဲ့လားလို့ သုံးသပ်ဝေဖန်ပေးကြပါဦးနော် …… shwekhitonlinetv.com ၁။ နစ်ကီမင်နာ့ နှင့် Off-White အမှတ်တံဆိပ်ဖက်ရှင်ဒီဇိုင်း ၂။ လေဒီဂါဂါ နှင့် Versace အမှတ်တံဆိပ်ဖက်ရှင်ဒီဇိုင်း ၃။ ဘလိတ်လစ်ဗလီ နှင့် Chanel အမှတ်တံဆိပ်ဖက်ရှင်ဒီဇိုင်း ၄။ လူပီတာညောင်း နှင့် Ralph […]

World Top

ကမ္ဘာလှည့်ခရီးသွားတွေ ပိုက်ဆံသွားရောက်သုံးဖြုန်းမှု အများဆုံးမြို့ကြီးများ

ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံအသီးသီးက မြို့ကြီးတွေဟာ အခြားနိုင်ငံတွေကကမ္ဘာလှည့်ခရီးသွားတွေကို နည်းမျိုးစုံနဲ့ ဆွဲဆောင်နေကြပြီး ခရီးသွားလုပ်ငန်းကနေဝင်ငွေတွေအများအပြားကိုရှာဖွေနေကြပါတယ်။ ဒါဆိုရင် ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့ ဘယ်မြို့တွေမှာသူတို့ရဲ့ ပိုက်ဆံတွေကိုသုံးဖြုန်းတာ အများဆုံးလဲဆိုတာကို တစ်ချက်လေ့လာကြည့်ရအောင်ပါ။ shwekhitonlinetv.com ၁၀။ ပဲရစ် – (၉.၇၆) ဘီလီယံ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ဟာ နာမည်ကျော် အီဖယ်လ်မျှော်စင်အပါအဝင် အခြားရိုးမန့်ဆန်လွန်းတဲ့ အရာတွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ နှစ်စဉ်အများအပြားသွားရောက်ကြတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ စာရင်းဇယားတွေအရ ပဲရစ်မြို့မှာ သုံးစွဲခဲ့ကြတဲ့ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ ငွေကြေးတွေဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ […]

Uncategorized

ကွဲပြားခြားနားတဲ့ စံတော်ချိန်အများဆုံးရှိတဲ့ နိုင်ငံများ

ကမ္ဘာပေါ်ကနိုင်ငံအသီးသီးဟာတစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူညီတဲ့ ကိုယ်ပိုင်စံတော်ချိန် (Time Zone) တွေအသီးသီးရှိကြပါတယ်။ ဒါပေမယ့် တစ်ချို့နိုင်ငံတွေကတော့ နိုင်ငံတစ်ခုတည်းမှာပဲ မတူညီတဲ့စံတော်ချိန်တွေအများကြီးရှိနေပါတယ်။ အဲ့ဒီနိုင်ငံတွေထဲက စံတော်ချိန်အများဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံ (၁၀) ခုကိုဖော်ပြရမယ်ဆိုရင် ….. shwekhitonlinetv.com ၁၀။ မက္ကဆီကို မြောက်အမေရိကတိုက်မှာရှိတဲ့ မက္ကဆီကိုနိုင်ငံကတော့ တစ်နိုင်ငံတည်းမှာပဲ စံတော်ချိန်က (၄) မျိုးအထိမတူညီဘဲ ကွဲပြားနေတဲ့နိုင်ငံဖြစ်ပါတယ်။ shwekhitonlinetv.com ၉။ ဘရာဇီးလ် တောင်အမေရိကတိုက်က ဘရာဇီးလ်နိုင်ငံကလည်း မက္ကဆီကိုနိုင်ငံလိုပဲ မတူညီတဲ့ စံတော်ချိန် (၄) မျိုးရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ shwekhitonlinetv.com […]

Fun

မယုံကြည်နိုင်စရာ သယ်ယူပို့ဆောင်ရေးစကေးတွေနဲ့ စူပါလူသားများ

သင့်ဘဝမှာတစ်ခါမှမြင်ဖူးမှာမဟုတ်တဲ့ စူပါလူသားတွေဆိုတာ လက်တွေ့ဘဝမှာအမှန်တစ်ကယ်ရှိနေပါတယ်။ မယုံဘူးဆိုရင်တော့ အောက်ကပုံလေးတွေကိုဆက်သာကြည့်ကြည့်လိုက်နော် ….. shwekhitonlinetv.com ၁။ ဒီလူကတော့ နွားကို ဆိုင်ကယ်နဲ့ရအောင်သယ်တဲ့ ပထမဆုံး ပုဂ္ဂိုလ်ဖြစ်နိုင်ပါတယ်။ shwekhitonlinetv.com ၂။ ကြက်ဥကတ်အများကြီးကို အခုလိုမျိုးတစ်ခါတည်းနဲ့ရအောင်သယ်တာကတော့ တော်ရုံစကေးနဲ့ရမယ်မထင်ပါဘူး။ shwekhitonlinetv.com ၃။ အသက်ကြီးပေမယ့် သယ်ယူပို့ဆောင်ရေးမှာစကေး မကျသေးတဲ့ အဘိုးအိုတစ်ဦး။ shwekhitonlinetv.com ၄။ ဒီလူကတော့ ဒီမွေ့ယာတွေ့ကိုကြည့်ချင်သူနဲ့တွေ့ရင် အောက်ချပြီးဘယ်လိုပြန်ရွက်မလဲ စိတ်ဝင်စားစရာပါ။ shwekhitonlinetv.com ၅။ သင်တို့ဆိုရင်ရော ဒီလူရဲ့နေရာကနေ လိုက်စီးရဲပါ့မလား။ shwekhitonlinetv.com ၆။ ကြိမ်ခြင်းတွေရဲ့ဝိတ်နဲ့ လမ်းမှာမတော်တဆ မဖြစ်ဘူးလားမသိဘူးနော် …. shwekhitonlinetv.com […]

Fun

ပျောက်ဆုံးပြီး (၃) ရက်အကြာမှာ အကြွေးနဲ့အတူ သခင့်ဆီပြန်လာတဲ့ ကြောင်မလေး

ဒီအဖြစ်အပျက်လေးကတော့ ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ရယ်စရာဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ ဒီအဖြစ်အပျက်လေးကို သခင်ဖြစ်တဲ့သူက သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာတင်ပြီး ပြန်လည်ဝေမျှခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com ဒီဇာတ်လမ်းလေးမှာ အဓိကဇာတ်ကောင်ကတော့ တက်ဘီအမျိုးအစားအိမ်မွေးကြောင်မကလေးပါ။ တစ်နေ့မှာတော့ သူမကိုအိမ်မှာမတွေ့ရဘဲပျောက်ဆုံးနေခဲ့ပါတယ်။ ဒါပေမယ့် ပျောက်ဆုံးပြီး (၃) ရက်မြောက်တဲ့နေ့မှာတော့ အဲ့ဒီကြောင်မလေးဟာ သူ့ရဲ့သခင်အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ shwekhitonlinetv.com ဒါပေမယ့် သူတစ်ယောက်တည်းပြန်လာတာမဟုတ်ဘဲ သူ့ရဲ့အတွက် စပရိုက်ဖြစ်သွားစေမယ့် ကတ်ကလေးတစ်ကတ်ကိုပါ လည်ပင်းမှာဆွဲလျှက်သားပါလာခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com အဲ့ဒီကတ်ကလေးမှာစာတွေရေးထားတာကိုတွေ့ရပြီး ဖတ်ကြည့်လိုက်တဲ့အခါမှာတော့ အန်တီမေလို့ အမည်ရတဲ့ အမျိုးသမီးတစ်ဦးက အကြွေးပေးရမယ့်အကြောင်း အသိပေးထားတာဖြစ်ပြီး ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကိုပါ ရေးသားထားတာကို တွေ့ရပါတယ်။ shwekhitonlinetv.com […]

Amazing

ကျောက်တောင်နံရံမှာလှိုဏ်ဂူတွေဖောက်ပြီး နှစ် (၅၀) ကျော်အိမ်လုပ်နေထိုင်ခဲ့တဲ့ အဘိုးအိုတစ်ဦး

နစ်ဆင်ခါလွန်လို့အမည်ရတဲ့အစ္စရေးအဘိုးအိုဟာ မြေထဲပင်လယ်ရဲ့ကမ်းရိုးတန်းတစ်နေရာမှာ ပုံမှန်မဟုတ်တဲ့ နေထိုင်မှုပုံစံနဲ့ နှစ်ပေါင်း (၅၀) ကျော်နေထိုင်ခဲ့တဲ့ သူတစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com မူလအစက သူ့အနေနဲ့ အစ္စရေးလ်နိုင်ငံမြို့တော်တဲအဗစ်ရဲ့ မလှမ်းမကမ်းက Herzliya ကမ်းခြေမှာ တဲတစ်လုံးနဲ့နေထိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာအနီးဝန်းကျင်က ကျောက်တောင်နံရံမှာ လှိုဏ်ဂူတွေကို တစ်ခုပြီးတစ်ခုဖောက်ထွင်းခဲ့ပါတယ်။ shwekhitonlinetv.com ပြီးတဲ့အခါမှာတော့ ဒီလှိုင်ဂူတွေကို ဝင်္ကဘာသဖွယ်ဆက်သွယ်လိုက်ပြီး အတွင်းမှာ ပြတင်းပေါက်တွေ၊ လှေကားတွေအပြင်၊ ရောင်စုံကြွေပြားတွေနဲ့ ကျောက်နံရံတွေကိုပါဖန်တီးတည်ဆောက်ကာ သူ့ရဲ့အိမ်အဖြစ်နဲ့ နေထိုင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com သူ့အနေနဲ့ အဲ့ဒီလိုနေလာတာဟာ နှစ်ပေါင်း (၅၀) ကျော်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ […]

Fun

ပတ်ဝန်းကျင်ကို သောက်ဂရုမစိုက်တဲ့နေရာမှာ ဆရာကြီးအဆင့်ရောက်နေကြသူများ

ဂရုမစိုက်ခြင်းအနုပညာ ဆိုတာလူတိုင်းအတွက် လိုအပ်တဲ့အတက်ပညာတစ်မျိုးလို့ဆိုနိုင်ပါတယ်။ အခုဖော်ပြမယ့်လူတွေကတော့ ဒီအတက်ပညာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်နေကြတဲ့ ဆရာကြီးအဆင့်ရှိသူတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ အနောက်မှာအိမ်တစ်လုံးလုံး မီးလောင်နေတာကို ဂရုမစိုက်အားဘဲ ဂေါ့ဖ်ကိုသာ အာရုံစိုက် ကစားနေတဲ့သူတစ်ဦး။ ၂။ အများပြည်သူစီးနင်းလိုက်ပါလာတဲ့ ရထားပေါ်မှာကိုယ်ပိုင်ဆိုဖာခုံနဲ့ အခန့်သားထိုင်နေတာဆိုတော့ ….. ဒီလူက ဘာလားပဲ ….. ၃။ ဝုလေးတွေစိတ်ချမ်းသာရင်ပြီးရော ကျန်တဲ့အရာတွေ ဘာနေနေ ….. ၄။ ဒီလူရဲ့ ဖက်ရှင်ကတော့ တစ်ကယ့်ကိုရူးသွပ် သွားစေနိုင်တာအမှန်ပါ။ ၅။ ရေကြီးနေတာကိုတောင် မထနိုင်သေးဘဲနဲ့ […]

Entertainment

လူတွေမေ့လျော့နေကြလောက်ပြီဖြစ်တဲ့ တစ်ချိန်ကအကျော်ကြားဆုံး ကမ္ဘာကျော်စုံတွဲများ

တစ်ချိန်တုန်းက ပရိသတ်တိုင်းမြင်သူတိုင်းအားကျခဲ့ရတဲ့ ဒိတ်ဒိတ်ကြဲ ကမ္ဘာကျော်စုံတွဲတွေရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဒီစုံတွဲတွေရဲ့ပုံရိပ်တွေကို ပရိသတ်တွေအနေနဲ့ မှတ်မိကြလောက်တော့မယ်လို့ မထင်ပါဘူး။ သူတို့တွေကတော့ ….. shwekhitonlinetv.com ၁။ ဂျနီဖာလိုပက်ဇ် နှင့် မာ့အန်ထော်နီ နာမည်ကျော်အဆိုတော် ဂျနီဖာလိုပက်ဇ် ကတော့တွဲခဲ့ဖူးတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေများသလို ကွာရှင်းခဲ့တဲ့အိမ်ထောင်ကလည်း (၄) ဆက်အထိရှိခဲ့ပါတယ်။ ဒီအထဲမှာ အချိန်အကြာဆုံးလက်တွဲခဲ့တဲ့သူကတော့ သူ့လိုပဲအောင်မြင်ကျော်ကြားလှတဲ့ အဆိုတော် မာ့အန်ထော်နီဖြစ်ပါတယ်။ သူတို့ဟာ ၂၀၀၄ မှာစတင်ချိန်းတွေ့ခဲ့ကြပြီး ၂၀၁၄ မှာလမ်းခွဲခဲ့ကြပါတယ်။ shwekhitonlinetv.com ၂။ အိန်ဂျလီနာဂျိုလီ […]

News

စီရော်နယ်လ်ဒိုမပါဝင်တဲ့ Ballon d’Or ဆု ဆန်ခါတင် (၁၀) ဦးစာရင်း

ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီအတွက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (Ballon d’Or ဆု) ကိုတော့လာမယ့် အောက်တိုဘာလ (၃၀) ရက်နေ့မှာပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ဒီဆုအတွက်လျှာထားခြင်းခံရတဲ့ ကစားသမားများစွာရှိတဲ့အထဲကမှ အခုဆိုရင်တော့ နောက်ဆုံးဆန်ခါတင် (၁၀) ဦးစာရင်းထွက်ပေါ်လာပြီပဲဖြစ်ပါတယ်။ shwekhitonlinetv.com ဒီစာရင်းမှာပါဝင်တဲ့သူအကုန်လုံးကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာသက်ဆိုင်ရာ မိခင်ကလပ်အသင်း၊ လက်ရွေးစင်အသင်းတွေမှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေကိုပြသခဲ့တဲ့သူတွေမို့လို့ ဘောလုံးပရိသတ်တွေကြား အငြင်းပွားဖွယ်ရာတော့ မဖြစ်ခဲ့ဘူးလို့ဆိုရမှာပါ။ shwekhitonlinetv.com ဒါပေမယ့် ဒီဆုကို (၅) ကြိမ်ရရှိထားပြီး နောက်ဆုံးဆယ်စုနှစ်အတွင်းလွှမ်းမိုးမှုကြီးမားခဲ့တဲ့ ပေါ်တူဂီလက်ရွေးစင် ခရစ္စတီယာနိုရော်နယ်လ်ဒိုကတော့ ဒီနှစ်အတွက်ဆန်ခါတင်စာရင်းမှာ ပါဝင်လာခြင်းမရှိတော့ပါဘူး။ […]