Amazing

သဘာဝအတိုင်း အဆမတန်ကြီးထွားနေတဲ့ ဧရာမ သတ္တဝါများ

အခုတစ်ခေါက်တင်ဆက်မယ့် အကြောင်းအရာလေးကတော့ ပရိသတ်တွေအတွက် အတော်လေးကို ထူးဆန်းအံ့သြဖို့ကောင်းမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်သက်မှာတစ်ခါမှ မမြင်ဖူးဘူးလို့ ဆိုရလောက်အောင်သာမန် အရွယ်အစားထက် သိသိသာသာ ကြီးမားနေတဲ့ သတ္တဝါတွေအကြောင်းပဲဖြစ်ပါတယ်။ တစ်ချို့တွေကတော့ ဒါဟာအတုအယောင်လုပ်ဇာတ်တွေလို့ ဆိုကြပေမယ့် နာမည်ကျော် အင်တာနက်စာမျက်နှာတွေကတော့ အမှန်တကယ်ဖြစ်တယ်လို့ ဖော်ပြထားတာကြောင့် Shwe Khit ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော် … Coconut Crab အိန္ဒိယသမုဒ္ဒရာ နဲ့ ပစိဖိတ်သမုဒ္ဒရာ တွေရဲ့အနီးတဝိုက်မှာ နေထိုင်ကျက်စားကြတဲ့ ဒီဂဏန်းတွေကိုတော့ Coconut Crab […]

Knowledge

စားမိရုံ၊ ထိမိရုံနဲ့ အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်တဲ့ ပန်းပင်များ

ပန်းဆိုတာကတော့ အများအားဖြင့်လှပတဲ့အဆင်းသွင်ပြင်ရှိတာကြောင့် လူအများနှစ်သက်မြတ်နိုးခြင်းကို ခံရတဲ့အရာတစ်ခုပါ။ ဒါ့အပြင် အိမ်တိုင်းနီးပါးမှာလည်းတစ်နည်းမဟုတ်တစ်နည်း အဆင်းသဏ္ဍန်မျိုးစုံနဲ့ ပန်းပင်တွေ၊ ပန်းတွေကို မြင်တွေ့နိုင်ပါတယ်။ shwekhitonlinetv.com တစ်ချို့ပန်းပင်တွေရဲ့ အစိတ်အပိုင်းတွေဟာ စားလို့ရပေမယ့်လည်း အတော်များများပန်းပင်တွေကတော့စားလို့ရတဲ့ အရာတွေမဟုတ်တာကိုလည်း အားလုံးသိပြီးသားဖြစ်မယ်ထင်ပါတယ်။ ဒါကြောင့် အခု ဆောင်းပါးလေးမှာ တင်ဆက်ပေးသွားချင်တာကတော့ စားမိရုံ၊ ထိမိရုံ နဲ့ အသက်အန္တရာယ်စိုးရိမ်ရနိုင်တဲ့ပန်းပင်တွေအကြောင်းပဲဖြစ်ပါတယ်။ ဒီထဲမှာပါဝင်တဲ့ ပန်းပင်တော်တော်များများက ပတ်ဝန်းကျင်မှာ အလွယ်တကူတွေ့နေမြင်နေရတဲ့ အပင်တွေဖြစ်တာကြောင့် မသိသေးတဲ့သူတွေအဖို့ အထူးဂရုပြုကြဖို့တိုက်တွန်းချင်ပါတယ်။ shwekhitonlinetv.com ဘယ် ပန်းပင်တွေပါဝင်နေလဲဆိုတာသိရအောင် […]

Entertainment

ဆင်းရဲသားဘ၀ကနေ ဒိတ်ဒိတ်ကြဲ အောင်မြင်လာခဲ့တဲ့ The Rock အကြောင်း

WWE နပန်းလောကမှာ The Rock လို့နာမည်ကျော် လူကြိုက်များခဲ့တဲ့ ဒွိန်းဂျွန်ဆင် (Dwayne Johnson) ဟာ နပန်းလောက ကနေအနားယူပြီးနောက်ပိုင်း ဟောလိဝုဒ်ရုပ်ရှင်လောက ကိုခြေစုံပစ်ဝင်ခဲ့ပါတယ်။ shwekhitonlinetv.com နှစ်လိုဖွယ်အပြုံးတွေ ယောကျ်ားပီသတဲ့သွင်ပြင်နဲ့ နှစ်လိုဖွယ်ကောင်းတဲ့ ဟန်ပန်အမူအရာတွေကြောင့် ဒွိန်းဂျွန်ဆင် (Dwayne Johnson) ကို မသိတဲ့လူကတော့ ရှားလှပါတယ်။ ဒါပေမယ့်လည်း ခက်ခဲကြမ်းတမ်းလွန်းတဲ့ သူ့ရဲ့ငယ်ဘဝအဖြစ်အပျက် အချို့နဲ့ တစ်ချို့အကြောင်းအရာတွေကတော့ သိတဲ့သူအတော်လေးကို ရှားမယ်လို့ထင်ပါတယ်။ shwekhitonlinetv.com ဒါကြောင့်အခု ဆောင်းပါးလေးမှာ […]

Knowledge

လူသိ အရမ်းနည်းတဲ့ မြေဖြူခဲရဲ့ အသုံးဝင်ပုံများ

မြေဖြူခဲနဲ့ ဒါတွေလုပ်လို့ ရတယ်ဆိုတာကို လူသိအရမ်းနည်းပါတယ်။ ရွှေခေတ် ပရိတ်သတ်ကြီးအတွက် မြေဖြူခဲရဲ့ အသုံးဝင်ပုံများကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ၁။ ဆီနှင့်အစွန်းများ ချွတ်နိုင်ခြင်း Shwe Khit ပရိသတ်တွေအနေနဲ့ အစားအသောက်တွေကတစ်ဆင့် ဆီတွေအဝတ်အစားပေါ်စွန်းထင်းတာမျိုးကို ကြုံဖူးလားမသိဘူး။ အဲ့ဒီအတွက် မပူပါနဲ့ မြေဖြုခဲ အနည်းငယ်နဲ့ ဆီတွေစွန်းထင်းနေတဲ့နေရာကို သေချာစွာ ပွတ်ပြီး (၁၀) မိနစ်လောက်အကြာမှာ လျော်ဖွတ်လိုက်မယ်ဆိုရင် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အဝတ်အစားပေါ်က အစွန်းတွေပျောက်သွားတာကို တွေ့ရပါလိမ့်မယ်။ shwekhitonlinetv.com ၂။ […]

Knowledge

ငါးအရိုးစူးရင် ချက်ချင်း သက်သာစေမယ့် နည်းလမ်းများ

ငါး ကြိုက်တက်တဲ့ သူတွေအနေနဲ့ အနည်းဆုံးတစ်ကြိမ် ဒါမှမဟုတ် တစ်ကြိမ်ထက်မနည်း ငါးအရိုးစူးတဲ့ အဖြစ်နဲ့ ကြုံတွေ့ဖူးကြမှာပါ။ ငါးအရိုးစူးရင် ခိုးလို့ခုလုနဲ့တော်တော်လေး ခံရခက်ပြီး စိတ်အနှောက်အယှက်ဖြစ်ရတာကို ကြုံဖူးတဲ့သူတိုင်း သိမယ်ထင်ပါတယ်။ shwekhitonlinetv.com တစ်ခါတစ်ရံ ခဏလေးနဲ့သက်သာသွားတာရှိသလို အခန့်မသင့်ရင် ဆေးရုံတက်ပြီး လည်ချောင်းကနေခွဲထုတ်ရတဲ့အထိဖြစ်တက်တာမို့လို့ ငါးအရိုးစူးတာဟာ မပေါ့ဆသင့်တဲ့ကိစ္စတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ငါးအရိုးစူးခဲ့ရင် အမြန်ဆုံးသက်သာနိုင်မယ့် နည်းလမ်းလေးတွေကို Shwe Khit ပရိသတ်တွေသိရှိနိုင်ဖို့ မျှဝေပေးလိုက်ရပါတယ်။ shwekhitonlinetv.com ငါး အရိုးစူးတာကိုသက်သာပျောက်ကင်းနိုင်မယ့် […]

Knowledge

စိတ်ဖိစီးမှုကို လျော့ကျစေမယ့် အလွယ်ကူဆုံး နည်းလမ်းများ

လူသားတွေအနေနဲ့တော့ နေ့စဉ်လှုပ်ရှားရုန်းကန်နေရတဲ့ လူမှုဘဝတွေမှာ စိတ်ဖိစီးမှုတွေကို အနည်းနဲ့ အများ ခံစားကြရလေ့ရှိပါတယ်။ ဒါကြောင့် Shwe Khit Online TV အနေနဲ့ အခုတစ်ခေါက်မှာတော့ စိတ်ဖိစီးမှုတွေကိုအလွယ်တကူလျော့ကျအောင်ပြုလုပ်နိုင်မယ့် နည်းလမ်းလေးကောင်းတွေကို တင်ဆက်ပေး လိုက်ပါတယ်နော် ….. ၁။ ပါးစပ်ဖြင့် လက်ကိုမှုတ်ပါ လက်ကိုပါးစပ်ထဲသို့ထည့်ပြီးမှုတ်လိုက်ခြင်းက စိတ်ဖိစီးမှုကိုလျော့နည်းစေနိုင်တယ်လို့သိရပါတယ်။ ဘာလို့လဲဆိုတော့ ပါးစပ်ကထွက်လာမယ့် လေလမ်းကြောင်းကို လက်မနဲ့ပိတ်ဆို့ခြင်းအားဖြင့် Vagus လို့ခေါ်တဲ့ အာရုံကြောကိုလှုံ့ဆော်ပေးနိုင်တာကြောင့်ပဲဖြစ်ပါတယ်။ ဒီအာရုံကြောက လူတစ်ဦးရဲ့နှလုံးခုန်နှုန်း နဲ့သွေးပေါင်ချိန်ကိုလျှော့ချပေးတာကြောင့် စိတ်ဖိစီးမှုတွေကိုလျော့ကျစေပြီး […]

World Top

လူစိမ်းတွေ အနားကပ်လို့မရတဲ့ ကမ္ဘာ့အကြမ်းဆုံး ဖိုက်တာခွေး (၁၀) ကောင်

ခွေးတွေဆိုတာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွားကတည်းက လူသားတွေနဲ့ အတူတကွနေထိုင်လာ ကြတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ ခွေးတွေဟာ ညဏ်ရည်မြင့်မားပြီး သစ္စာရှိတာကြောင့် လူသားတွေရဲ့ ကိုယ်ရံတော်၊ သက်တော်စောင့်တွေလို့လည်း ဆိုနိုင်ပါသေးတယ်။ shwekhitonlinetv.com တစ်ချို့ခွေးတွေဆို အိမ်မွေးတိရစ္ဆာန် အနေနဲ့တင်မကဘဲ စစ်ဘက်ဆိုင်ရာတာဝန်တွေကိုတောင်မှ ထမ်းဆောင်နေကြတာမျိုးတွေရှိပါတယ်။ ကမ္ဘာပေါ်မှာခွေးအမျိုးအစားပေါင်းများစွာရှိသလို သူတို့ကိုရည်ရွယ်ချက်အမျိုးမျိုးနဲ့ မွေးမြူကြသူတွေရှိပါတယ်။ shwekhitonlinetv.com ဒီနေ့တင်ဆက်သွားမယ့် ဆောင်းပါးလေးမှာ ပါဝင်မယ့်ခွေးတွေကတော့ ညဏ်ရည်မြင့်မားပြီး သန်မာလှတယ့် တကယ့်ဖိုက်တာခွေး အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ ၁၀။ ကိန်းကော်ဆို (Cane […]

Fun

လူတွေကို လှည့်ဖြားထားတဲ့ အင်တာနက်ပေါ်က ဓာတ်ပုံများ

လူမှုကွန်ယက် မီဒီယာတွေ အားကောင်းလာတဲ့ ဒီနေ့ခေတ်ကာလလို အချိန်မျိုးမှာတော့ နိုင်ငံတကာက သတင်းတွေကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်နေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း အရာအားလုံးက အဆိုးအကောင်း ရောပြွမ်းတည်ရှိနေတက်တဲ့ သဘာဝအရ သတင်းအစစ်အမှန်တွေရှိသလို သတင်းတုတွေနဲ့ ဒုနဲ့ဒေးပါပဲ။ shwekhitonlinetv.com အကြောင်းအမျိုးမျိုး ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်ဖန်တီးထားတဲ့ သတင်းတွေ ဓာတ်ပုံတွေကိုလည်း အသိညဏ်နဲ့ ယှဉ်ပြီးရှောင်ရှားဖို့လိုအပ်ပါတယ်။ အခု ဆောင်းပါးလေးမှာ ဖော်ပြသွားမှာကတော့ အကြောင်းအရင်းသေချာစွာ မသိခဲ့ရင် အစစ်အမှန်လို့ ထင်မှတ်မှားသွားစေမယ့် ဓာတ်ပုံတွေအကြောင်းပဲဖြစ်ပါတယ်။ ဘယ်လိုပုံတွေဖြစ်မလဲဆိုတာ […]

Amazing

အလုပ်မပင်ပန်းဘဲ ဝင်ငွေကောင်းကောင်းရတဲ့ အလုပ် (၅) မျိုး

လောကမှာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၊ ကုမ္ပဏီပိုင်ရှင် သူဌေးတစ်ဦးမဟုတ်တဲ့ ဝန်ထမ်းတစ်ဦးအနေနဲ့ ဝင်ငွေများစွာရရှိဖို့က လွယ်ကူလွန်းတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ပညာတတ်ပြီး Professional အလုပ်တစ်ခုကို ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်သူတွေနဲ့ နှစ်ပေါင်းများစွာ လုပ်ငန်းအတွေ့အကြုံ ရှိမယ်ဆိုရင်တော့ ဝင်ငွေအကောင်းဆုံး ဝန်ထမ်းတွေဖြစ်နိုင်ပါတယ်။ shwekhitonlinetv.com ဒါပေမယ့် ကမ္ဘာပေါ်မှာရှိတဲ့ ကုမ္ပဏီတစ်ချို့ကတော့ ဝန်ထမ်းတစ်ဦးကို လစာငွေအများအပြားပေးပြီး အလုပ်ခန့်ထားဖို့ အတွက်လိုအပ်တဲ့ အရည်အချင်းတောင်းဆိုချက်တွေက သိပ်အများကြီးမရှိဘူးလို့သိရပါတယ်။ ပေးတဲ့လစာကလည်း တစ်နှစ်ကို အမေရိကန် (၁) သိန်းကျော်အထိရှိတယ်လို့ သိရပါတယ်။ shwekhitonlinetv.com […]

Knowledge

ရေခဲသေတ္တာထဲမှာ (လုံးဝ) မသိမ်းထားသင့်တဲ့ အစားအစာ (၁၀) မျိုး

ရေခဲသေတ္တာဆိုတာကတော့ အစားအသောက်တွေကို ရေရှည်သိမ်းထားဖို့အတွက် သင့်တော်တဲ့ ခေတ်မီလူ့အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တာအားလုံးသိပြီးသား လည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း သစ်သီးတွေလို အစားအစာတွေကိုတော့ ရေခဲသေတ္တာထဲမှာ ရေရှည်သိမ်းထားဖို့မသင့်တော်ပါဘူး။ ဘာလို့လဲဆိုတာသိချင်ရင်တော့ ဒီစာလေးကို ဆက်လက်ဖတ်ရှုပေးကြပါဦးနော် … shwekhitonlinetv.com ၁။ ထောပတ်သီး ထောပတ်သီးရဲ့ အရသာဟာ သဘာဝအတိုင်းမှည့်တဲ့အချိန်မှာစားမယ်ဆိုရင် အတော်လေးကို အရသာရှိစေပါတယ်။ ဒါပေမယ့် ရေခဲသေတ္တာထဲမှာ ရက်အတန်ကြထားမယ်ဆိုရင်တော့ အချိန်မတိုင်ခင်မှာ ထောပတ်သီးကို မှည့်သလိုဖြစ်စေနိုင်ပြီး အတွင်းသားတွေကလည်း မည်းကုန်မှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ သူ့ရဲ့မူလအရသာကိုလည်း ပျက်စီးစေမှာဖြစ်ပါတယ်။ shwekhitonlinetv.com […]