Amazing

ရာသီဥတုတွေ ပြောင်းလဲဖောက်ပြန်သောအခါ ဖြစ်လာသော ဆိုးကျိုးများ

ပရိသတ်ကြီးကို အခုတစ်ခေါက်မှာတော့ ရာသီဥတုနဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံလေးတွေကို ဖော်ပြပေးချင်ပါတယ်။ ဘယ်လို ဓာတ်ပုံမျိုးလေးတွေလဲဆိုတော့ ရာသီဥတုတွေ မညီမျှပဲ လိုတာထက်ပိုလာတဲ့အခါ ဖြစ်လာတဲ့ ဆိုးကျိုးတွေကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သေချာသိရအောင် အောက်ကပုံလေးတွေကို တစ်ပုံချင်းစီ ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com ၁။ ရေခဲသွားသော မီးပြတိုက် အမှတ်တမဲ့ ကြည့်ရင် မီးပြတိုက်လို့တောင် မထင်ရလောက်အောင်ပါပဲ။ ဒီနေရာလေးမှာ ရာသီဥတုက အတော်လေးကို အေးခဲမှုလွန်ကဲသွားတာကြောင့် မီးပြတိုက်ကြီးတောင် ရေခဲတွေနဲ့ ဖုံးလွှမ်းသွားခဲ့ရတာပဲ […]

Amazing

Online Shop ကနေ မှာလိုက်ရာက အလွဲလွဲအချော်ချော် ဖြစ်သွားရသူများ

တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ပစ္စည်းတွေ ဝယ်ယူတော့မယ်ဆိုရင် Shopping Mall တွေ ၊ စျေးတွေမှာ ကိုယ်တိုင်သွားပြီး ဝယ်လို့ရသလို Online က နေ ကိုယ်လိုချင်တာလေးတွေကို မှာပြီးဝယ်လို့လည်း ရနေပါပြီ။ ဒါပေမယ့် ဘယ်အရာမဆို အမြဲတမ်း ပြည့်စုံနေတာမရှိဘူးဆိုတဲ့ စကားလေးအတိုင်းပါပဲ။ Online Shop မှာလည်း သူ့ရဲ့ အားနည်းချက်လေးတွေ ရှိပါတယ်။ တစ်ခါတစ်လေ Customer နဲ့ ရောင်းတဲ့သူကြား နားလည်မှုလွဲပြီး ပစ္စည်းမှားပို့မိတာတွေလည်း ဖြစ်တတ်ပါတယ်။ […]

Amazing

အဝေးပြေးလမ်းပေါ်က ထူးဆန်းတဲ့ အကောင်လေးကို ခွေးလို့ အထင်မှားပြီး အိမ်ခေါ်မွေးခဲ့တဲ့ အမျိုးသား

Shwe Khit ပရိသတ်ကြီးကို အခုတစ်ခေါက်မှာတော့ ထူးထူးဆန်းဆန်း အဖြစ်အပျက်လေးတစ်ခုအကြောင်း ပြောပြပေးချင်ပါတယ်။ အဖြစ်ကတော့ အမျိူးသားတစ်ယောက်ဟာ လမ်းမပေါ်မှာ တွေ့ခဲ့တဲ့ အကောင်လေးကို ခွေးလေးထင်ပြီး အိမ်ခေါ်မွေးခဲ့တဲ့ အမျိုးသားကနေ စတယ်လို့ပဲ ပြောရမှာပါ။ ဘယ်လိုမျိုးတွေဖြစ်ပျက်သွားလဲဆိုတာကတော့ အောက်မှာ ဆက်ပြီး ဖတ်ပေးပါဦးနော်…. shwekhitonlinetv.com ဂျပန်နိုင်ငံသား တစ်ဦးဖြစ်တဲ့ Marcy pm အဝေးပြေးလမ်းမှာ ကားမောင်းနေရင်း ရုတ်တရက် အဖော်မဲ့နေတဲ့ အကောင်လေးတစ်ကောင်ကို တွေ့လိုက်ပါတယ်။ ဒါနဲ့ Marcy ကားကို […]

Amazing

အန္တရာယ်အများဆုံး ကမ်းခြေများ

ပင်လယ်ကမ်းခြေလိုနေရာမျိုးဆိုတာကတော့ ချစ်သူ၊ အပေါင်းအသင်း၊ မိသားစုတွေအတွက် အကောင်းဆုံးနဲ့ အသာယာဆုံး အပန်းဖြေစရာနေရာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအမြင်ကမှားတယ်ဆိုတာကို အောက်မှာဖော်ပြမယ့် ကမ်းခြေတွေအကြောင်းကို ဖတ်ရှုပြီး သင့်အနေနဲ့ လက်ခံသွားမယ်ဆိုတာ အာမခံပါတယ်။ shwekhitonlinetv.com ၅။ Chowpatty Beach – Toxicity At Its Peak ( အိန္ဒိယ ) အိန္ဒိယနိုင်ငံ မွန်ဘိုင်းမှာရှိတဲ့ (Chowpatty) ကမ်းခြေကတော့ နိုင်ငံအတွင် အဆိပ်သင့်မှု အများဆုံးကမ်းခြေအဖြစ် နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။ […]

Amazing

ခွေး၊ ကြောင်လေးတွေကို သေစေနိုင်တဲ့ သင့်ပတ်ဝန်းကျင်က အရာများ

ရွှေခေတ်ပရိသတ်တွေထဲမှာ ခွေးလေး ကြောင်လေးတွေကို ချစ်တက်ပြီး အိမ်မှာမွေးမြုထားတဲ့ သူတွေရှိမယ်လို့ထင်ပါတယ်။ ဒါဆိုရင်တော့ သူတို့လေးတွေအန္တရာယ်ကင်းစေဖို့အတွက် သိထားသင့်တဲ့ အချက်လေးတစ်ချို့ကိုဖော်ပြပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအရာတွေက သင့်ပတ်ဝန်းကျင်မှာ အလွယ်တကူ မြင်တွေ့ရနိုင်ပြီး သူတို့အသက်အန္တရာယ်ကိုထိခိုက်စေနိုင်တဲ့ အရာတွေဖြစ်လို့ပါပဲ။ ဘာတွေဖြစ်မလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်ကြပါဦးနော် …………. shwekhitonlinetv.com ၁။ ပန်းသီး တကယ်လို့သင့်အိမ်မှာ ခွေးလေး ကြောင်လေးတွေမွေးထားတယ်ဆိုရင် ပန်းသီးရဲ့ အစေ့ကို သူတို့လေးတွေမစားမိအောင် ဂရုပြုဖို့လိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ပန်းသီးအစေ့မှာ ပါဝင်တဲ့ Cyanide Compound […]

Amazing

ကျောင်းဖတ်စာအုပ်မှာ မသင်ခဲ့ရတဲ့ ကမ္ဘာမြေကြီးရဲ့ ထူးဆန်းလှသောအကြောင်းအရာများ

ဒီတစ်ခေါက်မှာ ဖတ်စာအုပ်တွေထဲမှာ မပါတဲ့ ကမ္ဘာမြေကြီးရဲ့ ထူးဆန်းတဲ့ အကြောင်းအရာတွေကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ဘယ်လို ထူးဆန်းတဲ့ အကြောင်းအရာတွေ ဖြစ်မလဲဆိုတာ ကြည့်လိုက်ပါဦးနော်။ shwekhitonlinetv.com ( ၁ ) လ ဟာ ကမ္ဘာမြေကြီးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ သိပ္ပံပညာရှင်များရဲ့ ပြောကြားချက်အရ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာတုန်းက ကမ္ဘာမြေကြီးကို ကြီးမားတဲ့ အရာတစ်ခုက ဝင်ရောက်တိုက်မိခဲ့ပါတယ်။ ဒီလို တိုက်မိတာကြောင့် ကမ္ဘာမြေကြီးရဲ့ အပိုင်းပစ တစ်ခုဟာ […]

Amazing

ရေသယံဇာတတွေ ညစ်ညမ်းသွားတဲ့အခါ ဖြစ်လာသော ဆိုးကျိုးများ

လူသားတွေနေထိုင်တဲ့ ကမ္ဘာကြီးဟာ နှစ်သန်းပေါင်းများစွာကြာလာတာနဲ့အမျှ ပျက်စီးယိုယွင်းလာရပါတယ်။ ဒီအထဲမှာ သက်ရှိတွေအတွက် အရေးကြီးလိုအပ်တဲ့ ရေသယံဇာတတွေဟာလည်း အတော်လေးကို ပျက်စီးနေတာပါ။ နည်းပညာတွေ ကြွယ်၀လာခြင်းဟာ ကောင်းကျိုးတွေရှိသလို တစ်ဖက်မှာရှိနေတဲ့ ဆိုးကျိုးတွေကလည်း အတော်လေးကိုကြီးမားလှပါတယ်။ ဒါ့ကြောင့် အခုတစ်ခေါက်မှာတော့ ကမ္ဘာမြေကြီးရဲ့ ရေသယံဇာတတွေ ဘယ်လောက်တောင် ပျက်စီးယိုယွင်းနေပြီလဲဆိုတာ ပုံလေးတွေကို ကြည့်လိုက်ပါဦးနော်… shwekhitonlinetv.com ၁။ မွမ်ဘိုင်းမြို့ အိန္ဒိယနိုင်ငံရဲ့ မြို့တော်တွေထဲက တစ်ခုဖြစ်တဲ့ မွမ်ဘိုင်းမြို့ကို ရိုက်ကူးထားတာပါ။ ဒီပုံကတော့ ၂၀၁၃ ခုနှစ် […]

Amazing

ထူးဆန်းတဲ့ ဓလေ့ထုံးတမ်း အစဥ်အလာများ

လောကမှာလူရယ်လို့ဖြစ်လာတာနဲ့ ယုံကြည်ကိုးကွယ်တဲ့ဘာသာ၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေဟာ မလွဲမသွေကြုံတွေ့ရမယ့်အရာတွေပဲဖြစ်ပါတယ်။ ဒီလိုအယူအဆ ဓလေ့စရိုက်တွေဟာ နေရာဒေသ ကိုးကွယ်မှု စတဲ့ အခြေအနေအရပ်ရပ်ပေါ်မူတည်ပြီး များစွာထပ်မံကွဲပြားနေပါသေးတယ်။ တစ်ချို့အယူအဆတွေက မြင်နေတွေ့နေကြားနေကြ အတိုင်းသမရိုးကျဖြစ်နေပေမယ့် တစ်ချို့အယူအဆဓလေ့ထုံးတမ်းတွေကတော့ အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ကို ကွဲပြားခြားနားလှပါတယ်။ ဒီလို ထူးဆန်းတဲ့ဓလေ့ တွေထဲကမှ ပရိသတ်စိတ်ဝင်စားလောက်မယ့် မျိုးနွယ်စုအချို့ရဲ့ ရိုးရာဓလေ့တွေကိုဖော်ပြရမယ်ဆိုရင်တော့ ….. shwekhitonlinetv.com ၁။ ဘုရားသခင်စိတ်ကျေနပ်စေဖို့ သတ္တဝါတွေကို ညှင်းပန်းနှိပ်စက်ခြင်း ဂျပန်နဲ့ ရုရှားဒေသတွေမှာ လူဦးရေ သောင်းဂဏန်းလောက်ကျန်ရှိနေသေးတဲ့ Ainu လူမျိုးစုတွေကတော့ […]

Amazing

ပင်လယ်၊ သမုဒ္ဒရာရေနက်ပိုင်းက ထူးဆန်းတဲ့ ရေသတ္တဝါများ

ကမ္ဘာပေါ်မှာရှိတဲ့ သတ္တဝါမျိုးစိတ်တွေရဲ့ ထက်ဝက်ကျော်ကတော့ရေအောက်မှာ နေထိုင်ကြတာဖြစ်ပါတယ်။ အလွန်တရာနက်ရှိုင်းပြီး မှောင်မဲအေးစက်နေတဲ့ သမုဒ္ဒရာကြမ်းပြင်လိုနေရာမျိုးမှာတော့ စူးစမ်းလေ့လာသူတွေတောင် သေချာမသိသေးတဲ့ သတ္တဝါမျိုးစိတ်တွေက အများအပြားရှိလို့နေပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ ဒီလိုမျိုး ပင်လယ်သမုဒ္ဒရာတွေရဲ့ အနက်ရှိုင်းဆုံးမှာ နေထိုင်ကျက်စားနေကြတဲ့ သက်ရှိတွေထဲကမှ စူးစမ်းသူတွေ လက်လှမ်းမှီသလောက် လေ့လာတွေ့ရှိထားတဲ့ သတ္တဝါဆန်းတွေအကြောင်းပဲဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုကြည့်လိုက်ပါဦးနော် …………. shwekhitonlinetv.com ၁။ Dumbo Octopus ဒါကတော့ ဒမ်ဘိုရေဘဝဲ (Dumbo Octopus) လို့ခေါ်တဲ့ ရေဘဝဲမျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။ အခြားရေဘဝဲ […]

Amazing

သင့်ကို ပါးစပ်အဟောင်းသားဖြစ်သွားနိုင်စေမယ့် အကြောင်းအရာများ

တစ်နေ့ထက်တစ်နေ့ ခေတ်မီတိုးတက်နေတဲ့ ကမ္ဘာကြီးမှာတော့ သိပ္ပံညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေ သုတေသီတွေ သမိုင်းပညာရှင်တွေရဲ့ စွန့်စားဖော်ထုတ်မှုတွေကလည်း တကယ့်ကို အံမခန်းလောက်အောင် အသစ်အသစ်တွေကို ပေါ်ထွက်လျက်ရှိနေပါတယ်။ ဒါကြောင့်လည်း ဒီတစ်ခေါက်မှာ ပရိသတ်တွေ အတွက် ဘယ်လို အံ့အားသင့်စရာတွေကို ရွှေခေတ် ကနေတစ်ဆင့်ပြန်လည်ဝေမျှပေးမလဲဆိုတာကို ဆက်လက်ဖတ်ရှုပေးပါဦးနော် ………… shwekhitonlinetv.com ၁။ အရောင်ပြောင်းနေတဲ့ ရေအိုင်များ အင်ဒိုနီးရှားနိုင်ငံ Kelimutu တောင်ပေါ်မှာတော့ အလွန်ထူးဆန်းတဲ့ ရေအိုင် (၃) အိုင်ရှိပါတယ်။ ဒီရေအိုင် (၃) […]