Knowledge

အာရှတိုက်က မြောက်ကိုရီးယားထက်ပိုဆိုးတဲ့ အာဏာရှင်နိုင်ငံ

လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုအပိုင်းမှာဆိုရင် ကမ္ဘာပေါ်ကနိုင်ငံတွေထဲမှာ မြောက်ကိုရီးယားနိုင်ငံဟာ အတော်လေးကိုကျော်ကြားလှပါတယ်။ ဒါပေမယ့် အချက်အလက်တွေနဲ့ သတင်းတွေအရဆိုရင်တော့ မြောက်ကိုရီးယားထက် ပြည်သူတွေကိုဖိနှိပ်ချုပ်ချယ်ထားတဲ့ နိုင်ငံတစ်နိုင်ငံရှိနေပါတယ်။ shwekhitonlinetv.com အဲ့ဒီနိုင်ငံကတော့ ဗဟိုအာရှဒေသက တာ့ခ်မင်နစ္စတန်နိုင်ငံပဲဖြစ်ပါတယ်။ တာ့ခ်မင်နစ္စတန်နိုင်ငံဟာ ဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲတဲ့အချိန်မှာ ကိုယ်ပိုင်အချုပ်အခြာအာဏာနဲ့သီးခြားခွဲထွက်သွားခဲ့တဲ့ နိုင်ငံပေါင်းများစွာထဲက တစ်နိုင်ငံဖြစ်ပါတယ်။ shwekhitonlinetv.com အဲ့ဒီအချိန်မှာ တာ့ခ်မင်နစ္စတန်နိုင်ငံရဲ့ သမ္မတအဖြစ် Saparmurat Niyazov ကတာဝန်ယူခဲ့ပြီး သူ့ရဲ့ရက်စက်ကြမ်းကြုတ်ပြီး ထူးဆန်းတဲ့ဥပဒေတွေနဲ့ အုပ်ချုပ်မှုအောက်မှာ တာ့ခ်မင်နစ္စတန်နိုင်ငံဟာ ကမ္ဘာ့လူ့အဖွဲ့အစည်းရဲ့ အပြင်ဘက်ကိုရောက်ရှိပြီး အထီးကျန်ခဲ့ရပါတယ်။ shwekhitonlinetv.com သတင်းမီဒီယာလွတ်လပ်ခွင့်လုံးဝမရှိသလို ရှိတဲ့သတင်းမီဒီယာတွေအားလုံးကိုလည်းအစိုးရကပဲ ကြိုးကိုင်ထိန်းချုပ်ထားတာယနေ့အချိန်ထိပဲဖြစ်ပါတယ်။ […]

World Top

အမေရိကန်ဒေါ်လာ ကုဋေပေါင်းထောင်နဲ့ချီပြီးတန်ကြေးရှိတဲ့ ကမ္ဘာအကြီးဆုံးကုမ္ပဏီကြီး (၁၀) ခု

အမှတ်တံဆိပ်တစ်ခု ၊ ကုမ္ပဏီတစ်ခု ကမ္ဘာကျော်လောက်တဲ့အထိ အောင်မြင်ဖို့ဆိုတာ အလွန်ခက်ခဲလှတဲ့ ကိစ္စတစ်ရပ်ပါ။ ဒီနေ့ ကမ္ဘာကျော်နေတဲ့ ကုမ္ပဏီတွေဆိုတာကလည်း လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ပြီးကြိုးစားခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီလို ကမ္ဘာကျော်တဲ့အထိအောင်မြင်တဲ့ ကုမ္ပဏီတွေများစွာရှိတဲ့အထဲကမှ ဈေးကွက်ရင်းနှီးမြုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ကုဋေပေါင်းထောင်နဲ့ချီပြီးတန်ကြေးရှိတဲ့ ကမ္ဘာအကြီးဆုံးကုမ္ပဏီကြီး (၁၀) ခုကို ရွှေခေတ်ပရိသတ်တွေအတွက် ဖော်ပြပေးပါရစေ ….. shwekhitonlinetv.com ၁၀။ Visa အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့မှာအခြေစိုက်တဲ့ Visa ကတော့ နိုင်ငံတကာငွေကြေးဝန်ဆောင်မှု ကော်ပိုရေးရှင်းတစ်ခုဖြစ်ပါတယ်။ Visa […]

Entertainment

ပရိတ်သတ် တွေရဲ့ မုန်းတီးခြင်းကို မခံရသော ကမ္ဘာကျော် ဆယ်လီများ

လူတစ်ယောက်အနေနဲ့ အောင်မြင်ကျော်ကြားလာရင် မနာလိုသူ၊ မုန်းတီးသူအချို့ရှိတက်တာက လူ့သဘာဝပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးမယ့်ကမ္ဘာကျော်ဆယ်လီတွေကတော့ မနာလိုမုန်းတီးခြင်းခံရသူတစ်ဦးတောင် မရှိကြတဲ့သူတွေလို့ စစ်တမ်းတွေအရ သိရပါတယ်။ ဘယ်သူတွေဖြစ်မလဲ ဆက်လက်ဖတ်ရှုပေးပါဦးနော် ……. shwekhitonlinetv.com ၁။ Dwayne Johnson ဒီစာရင်းမှာပထမဆုံးဖော်ပြချင်တာကတော့ အသက် (၅၀) အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်သရုပ်ဆောင် ဒွိန်းဂျွန်ဆင် (Dwayne Johnson) ပဲဖြစ်ပါတယ်။ ရုပ်ရှင်လောကထဲကိုမဝင်ခင်ကတည်းက ဒွိန်းဂျွန်ဆင်ဟာ Smarkdown လောကမှာ သူ့ကိုနှစ်သက်ချစ်ခင်တဲ့ ပရိသတ်အများကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ N’Golo Kanté […]

Fun

2023 မှာ ခေတ်ရှေ့အပြေးဆုံး ဖက်ရှင်ဒီဇိုင်းများ စုစည်းမှု

အခုတစ်ခေါက်ရွှေခေတ်ပရိသတ်ကြီးကို ဖော်ပြပေးမယ့်ဓာတ်ပုံတွေကတော့ ၂၀၂၃ မှာရေပန်းစားလာနိုင်တဲ့ ဖက်ရှင်အလန်းစားနဲ့ ပုဂ္ဂိုလ်တွေပဲဖြစ်ပါတယ်။ ရှုစားလိုက်ကြပါဦး ….. shwekhitonlinetv.com ၁။ ပထမဆုံးစတွေ့ရတဲ့သူကတော့ ရက်ပါတစ်ယောက်ထင်ပါရဲ့ ဝတ်ထားတဲ့အထာကအလန်းနော် ….. shwekhitonlinetv.com ၂။ ဒါကတော့ ဖက်ရှင်လား၊ ရိုးရာဝတ်စုံလားတော့မပြောတက်ပါဘူး။ ကြည့်ရတာတော့ ဖျာလိပ်ကြီးခေါင်းပေါ်တင်လာသလိုပါပဲ ….. shwekhitonlinetv.com ၃။ ခေတ်ကောင်းလို့ EDM ပွဲတွေသွားဖို့ရှိခဲ့ရင် ဒီဖက်ရှင်မျိုးကိုအတုယူရမယ် …. shwekhitonlinetv.com ၄။ ဒီလူရဲ့ပုံစံကို ကြည့်ရတာသိပ်ကျပ်ပြည့်ပုံမရပါဘူး ….. shwekhitonlinetv.com […]

Knowledge

သမိုင်းတစ်လျှောက် အကြီးမားဆုံး လှုပ်ခတ်ခဲ့သော ငလျင် (၁၀) ခု

သမိုင်းတစ်လျှောက်ကိုပြန်ကြည့်မယ်ဆိုရင် ကမ္ဘာပေါ်မှာလှုပ်ခတ်ခဲ့တဲ့ ငလျှင်အရေအတွက်က ရေတွက်လို့မကုန်နိုင်အောင်များပြားလှပါတယ်။ ဒီ ငလျှင်တွေထဲကမှ အင်အားအပြင်းဆုံးငလျှင် (၁၀) ခုကိုဖော်ပြရမယ်ဆိုရင်တော့ ….. shwekhitonlinetv.com ၁။ Valdivia Earthquake ကမ္ဘာပေါ်မှာလှုပ်ခတ်ခဲ့ဖူးသမျှ ငလျှင်တွေထဲမှာအပြင်းထန်ဆုံးအဖြစ်မှတ်တမ်းဝင်ခဲ့တာကတော့ ၁၉၆၀ မေလ (၂၂) တုန်းက ချီလီနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ Valdivia ငလျှင်ဖြစ်ပါတယ်။ တိုင်းတာချက်အရ ဒီငလျှင်ရဲ့ပြင်းအားဟာ (၉.၅) ရစ်ချက်တာစကေး မဂ္ဂနီကျုထိတောင်ရှိခဲ့ပါတယ်။ (၁၀) မိနစ်ဝန်းကျင်ကြာတဲ့အထိလှုပ်ခတ်ခဲ့တဲ့ ဒီငလျှင်ကြောင့် ဆူနာမီရေလှိုင်းကြီးတွေဖြစ်ပေါ်စေခဲ့ပြီး ချီလီနိုင်ငံတောင်ပိုင်း၊ ဟာဝိုင်အီ၊ ဂျပန်၊ ဖိလစ်ပိုင်၊ […]

Knowledge

သင့်ဘဝမှာ ဘယ်တော့မှ သွားရောက်လည်ပတ်ခွင့်တောင် ရှိမှာ မဟုတ်တဲ့ ကမ္ဘာ့အလျှို့ဝှက်ဆုံး နေရာ (၅) နေရာ

ကမ္ဘာမြေပေါ်မှာ လုံခြုံရေးတင်ကျပ်စွာထားရှိတာ၊ အန္တရာယ်များလွန်းတာ၊ သီးသန့်ခွဲခြားသတ်မှတ်ထားတာ စတဲ့အကြောင်းအမျိုးမျိုးကြောင့် သွားရောက်လည်ပတ်ဖို့မဖြစ်နိုင်တဲ့နေရာဒေသတွေအများအပြားရှိပါတယ်။ ဒါကြောင့် သာမန်လူတွေအနေနဲ့ အဲ့ဒီနေရာတွေကို Google Maps ပေါ်မှာသာစိတ်ကူးနဲ့သွားရောက်လည်ပတ်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီနေရာတွေကတော့ ….. shwekhitonlinetv.com ၁။ Area 51 Area 51 ဆိုတဲ့နာမည်ကို အင်တာနက်အသုံးပြုသူတိုင်းနီးပါးရင်းနှီးစွာကြားဖူးကြပေမယ့် ကိုယ်တွေ့သွားရောက်ဖို့ဆိုတာကတော့လုံးဝမဖြစ်နိုင်ပါဘူး။ Las Vegas မြို့ရဲ့မြောက်ဘက် (၈၃) မိုင်အကွာ နီဗားဒါးကန္တာရထဲမှာရှိတဲ့ Area 51 ဟာ အမေရိကန်စစ်တပ်ရဲ့လက်နက်စမ်းသပ်မှုတွေနဲ့ လေယာဉ်စမ်းသပ်တီထွင်မှုတွေပြုလုပ်တဲ့နေရာလို့ တရားဝင်ကြေညာထားပေမယ့် ဒီနေရာမှာအခြားလျှို့ဝှက်ချက်များစွာရှိနေနိုင်ဆိုတာကို […]

World Top

ကမ္ဘာပေါ်မှာလေဆိပ်အများဆုံးရှိတဲ့ နိုင်ငံတွေအကြောင်း

အခုတစ်ခေါက်မှာတော့ ကမ္ဘာပေါ်မှာလေဆိပ်အများဆုံးရှိတဲ့ နိုင်ငံတွေအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဘယ်နိုင်ငံတွေက ဒီစာရင်းမှာပါဝင်နေမလဲကြည့်လိုက်ရအောင်နော် ….. shwekhitonlinetv.com ၁၀။ အင်ဒိုနီးရှား အရှေ့တောင်အာရှနိုင်ငံတွေထဲက ဒီစာရင်းမှာပါဝင်တဲ့တစ်ခုတည်းသောနိုင်ငံကတော့ အင်ဒိုနီးရှားနိုင်ငံပဲဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ စုစုပေါင်းလေဆိပ် (၆၇၃) ခုအထိရှိပါတယ်။ shwekhitonlinetv.com ၉။ ပါရာဂွေး တောင်အမေရိကတိုက်က ပါရာဂွေးနိုင်ငံကတော့ နိုင်ငံအနှံ့မှာလေဆိပ်ပေါင်း (၇၉၉) ခုအထိရှိပြီး ဒီစာရင်းရဲ့ အဆင့် (၉) နေရာမှာရပ်တည်နေပါတယ်။ shwekhitonlinetv.com ၈။ ဘိုလီဗီးယား ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေများစွာမှာတည်ရှိတဲ့ ဘိုလီးဗီးယားနိုင်ငံကလည်း ပို့ဆောင်ရေးကဏ္ဍအတွက် လေကြောင်းကိုသာအဓိကအားထားနေရတာကြောင့် နိုင်ငံတွင်းမှာ လေဆိပ်စုစုပေါင်း (၈၃၆) […]

Fun

လုပ်မိတာနဲ့ ထောင်ကျသွားနိုင်တဲ့ သူများနိုင်ငံက ဥပဒေများ

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအသီးသီးမှာတော့မတူညီတဲ့ ဥပဒေတွေအများကြီးရှိပါတယ်။ ဒါပေမယ့်လည်း တစ်ချို့ဥပဒေတွေက အကျိုးသင့်အကြောင်းသင့်မဟုတ်သလို ပုံမှန်လည်းမဟုတ်ဘဲ အနည်းငယ်ဆန်းပြားနေတက်ပါတယ်။ အဲ့ဒီလို ပုံမှန်မဟုတ်တဲ့ဥပဒေတွေထဲက သင့်ကို အံ့သြသွားစေမယ့် ဥပဒေတွေကိုဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ ဖီဂျီ ဖီဂျီနိုင်ငံမှာတော့ ကမ္ဘာလှည့်ခရီးသွားတွေဟာ ကမ်းခြေလိုနေရာမျိုးမှာ ကိုယ်ခန္ဓာအထက်ပိုင်း ဗလာကျင်းပြီး နေပူစာလှုံလို့မရပါဘူး။ ဒီ ဥပေဒေက အမျိုးသမီးတွေသာမက အမျိုးသားတွေအတွက်ပါ အကျုံးဝင်တဲ့ ဥပဒေဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ သီရိလင်္ကာ သီရိလင်္ကာ နိုင်ငံမှာတော့ ဗုဒ္ဓရုပ်ပွားတော်နဲ့ဆယ်လ်ဖီဆွဲတာဟာ ဥပဒေအရ အရေးယူလို့ရတဲ့ ပြစ်မှုတစ်မှုတစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com […]

Entertainment

မအောင်ခင် အချိန်နဲ့ အောင်မြင်ပြီး အချိန် လုံးဝကွာခြားသွားတဲ့ ကမ္ဘာကျော်တွေရဲ့ ဓာတ်ပုံများ

လောကမှာ ငယ်ရွယ်စဉ်ကတည်းက ရုပ်ရည်ချောမောလှပလွန်းတဲ့သူ၊ အောင်မြင်ကျော်ကြားတဲ့သူဆိုတာရှိကောင်းရှိပေမယ့် အလွန်တရာမှရှားပါးလှပါတယ်။ ဒီနေ့ ကမ္ဘာကျော်ပြီးအောင်မြင်ကျော်ကြားနေကြတဲ့ ပုဂ္ဂိုလ်တွေထဲမှာလည်း တစ်ချိန်ကဘဝကို အဆင်မပြေမှုတွေကြားထဲကနေ ကြိုးစားပြီးရုန်းကန်ဖြစ်သန်းခဲ့ရသူတွေ အများကြီးရှိပါတယ်။ shwekhitonlinetv.com အခုဖော်ပြပေးမယ့် ကမ္ဘာကျော်ဆယ်လီတွေရဲ့ တစ်ချိန်တုန်းကဓာတ်ပုံတွေဟာဆိုရင်လည်း နောင်တစ်ချိန်မှာ ကမ္ဘာကျော်မယ့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ထင်ချင်စရာမရှိတဲ့ပုံတွေဖြစ်ပါတယ်။ ဒီပုံတွေကြည့်ပြီး သူတို့တွေအနေနဲ့ ဘဝမှာအောင်မြင်မှုရရှိဖို့အတွက် ဘယ်လောက်တောင်ကြိုးစားခဲ့ရသလဲဆိုတာ ခန့်မှန်းကြည့်လို့ရပါတယ်။ shwekhitonlinetv.com ၁။ တေးဂီတဆိုင်ရာဆုပေါင်း (၂၃၀) ကျော်ရရှိထားတဲ့ အဆိုတော်၊ တေးရေး နှင့် ဖက်ရှင်ဒီဇိုင်နာ ရီဟားနား ….. ၂။ […]

Knowledge

အာကာသထဲသို့ ဂြိုဟ်တု အစောဆုံးလွှတ်တင်ခဲ့တဲ့ ကမ္ဘာ့နိုင်ငံများ

ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းစာရင်းအင်းတွေအရဆိုရင် အာကာသထဲကိုလွှတ်တင်ထားပြီး ကမ္ဘာကိုလှည့်ပတ်နေတဲ့ ဂြိုဟ်တုအရေအတွက်ဟာ (၅,၄၆၅) ခုတောင်ရှိတယ်လို့ သိရပါတယ်။ ဒီထဲက (၃,၄၃၃) ခုကတော့ အမေရိကန်တစ်နိုင်ငံတည်းကနေလွှတ်တင်ထားတဲ့ ဂြိုဟ်တုတွေဖြစ်ပါတယ်။ ဒါပေမယ့် အာကာသထဲကို ပထမဆုံးနဲ့အစောဆုံး ဂြိုဟ်တုလွှတ်တင်နိုင်ခဲ့တာကတော့ အမေရိကန်ပြည်ထောင်စုမဟုတ်ပါဘူး။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ အာကာသထဲကို ဂြိုဟ်တုအစောဆုံး လွှတ်တင်ခဲ့တဲ့ ကမ္ဘာ့နိုင်ငံကြီး (၁၀) ခုကိုဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ ဆိုဗီယက်ယူနီယံ အာကာသထဲကို ပထမဆုံးအနေနဲ့အောင်မြင်စွာ ဂြိုဟ်တုလွှတ်တင်နိုင်ခဲ့တဲ့နိုင်ငံကတော့ တစ်ချိန်က ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်ခဲ့တဲ့ ဆိုဗီယက်ယူနီယံပဲဖြစ်ပါတယ်။ […]