News

ကိုရိုနာဗိုင်းရပ် ကူးစက်မခံရအောင် မျက်လုံးကို ကာကွယ်ဖို့ လိုအပ်လား …

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ Coronavirus နဲ့ပတ်သတ်တဲ့ အကြောင်းအရာတစ်ခုဟာ လူမှုကွန်ယက်စာမျက်နှာတွေမှာ အတော်လေးကိုလူပြောများခဲ့ပါတယ်။ အဲ့ဒါကတော့ Coronavirus ဟာ လူတွေရဲ့ မျက်လုံးတွေကနေတစ်ဆင့် ကူးစက်နိုင်တယ်ဆိုတာပါပဲ။ shwekhitonlinetv.com ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီးတော့ ဗြိတိန်အခြေစိုက် ကမ္ဘာကျော်သတင်းစာတစ်စောင်ဖြစ်တဲ့ The Sun ရဲ့ဖော်ပြချက်ကို ရွှေခေတ်ပရိသတ်ကြီး သိရှိနိုင်ဖို့အတွက်တစ်ဆင့်ပြန်လည် ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com သုတေသနပြုလုပ်ချက်တွေရဲ့ ရလဒ်များအရတော့ Coronavirus က လူရဲ့မျက်လုံးနဲ့ မျက်ရည်‌‌တွေကတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်တယ်လို့ Johns Hopkins University ရဲ့ ဆေးသိပ္ပံသု‌တေသီ‌တွေက ပြီးခဲ့တဲ့ […]

Amazing

ကမ္ဘာပေါ်က ထူးဆန်းတဲ့ နယ်နိမိတ်စည်းမျဉ်း ရှိကြတဲ့ နိုင်ငံများ

အခုတစ်ခါ ရွှေခေတ်ပရိသတ်တွေကိုဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ကမ္ဘာပါ်မှာရှိတဲ့နိုင်ငံတွေရဲ့ ထူးဆန်းအံ့သြဖို့ကောင်းတဲ့ နယ်နိမိတ်စည်းမျဉ်းတွေ အကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com ဘယ်လိုမျိုး ထူးခြားတဲ့နယ်နမိတ်စည်းမျဉ်းတွေက နိုင်ငံနှစ်နိုင်ငံကြားကို ပိုင်းခြားထားလဲဆိုတာကို ဆက်လက်ဖတ်ရှုပေးကြပါဦးနော် … shwekhitonlinetv.com ပိုလန် နှင့် ယူကရိန်း ပိုလန် နဲ့ ယူကရိန်း နယ်စပ်က အေးချမ်းပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ နယ်စပ်တစ်ခုဖြစ်ပါတယ်။ ဒီနယ်စပ်မှာတော့ လယ်ယာမြေတွေကို ငါးပုံသဏ္ဏန်ဖန်တီးပြီး အလှဆင်ထားပါတယ်။ အဆိုပါနေရာမှာ နှစ်စဉ်ပွဲတော်တစ်ခု ကျင်းပလေ့ရှိပြီး အဲ့ဒီ ပွဲတော်ကိုတော့ `The Land […]

Amazing

ထူးဆန်းတဲ့ အကြောင်းအရင်းတွေကြောင့် မီးရထားလမ်း လုံးဝ မရှိတဲ့ နိုင်ငံများ

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းလိုလိုမှာတော့ မီးရထားတွေဆိုတာ ရှေးယခင်နှစ်ပေါင်းများစွာ ကတည်းကနေ ယနေ့အထိ အခြေခံကျကျ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍမှာ အသုံးချနေတဲ့ အရာတွေဖြစ်ပါတယ်။ shwekhitonlinetv.com ဒါပေမယ့်လည်း တစ်ချို့ကမ္ဘာ့နိုင်ငံတွေမှာတော့ မီးရထားသယ်ယူပို့ဆောင်ရေးစနစ် မရှိဘူးလို့သိရပါတယ်။ ဒါကြောင့် ဒီလိုမီးရထားမရှိတဲ့နိုင်ငံတွေကို ရွှေခေတ်ပရိသတ်ကြီးအတွက် ဗဟုသုတအနေနဲ့ ဖော်ပြပေးမယ်ဆိုရင်တော့ …. shwekhitonlinetv.com ၅။ အိုက်စလန် ဥရောပတိုက်က အိုက်စလန်နိုင်ငံမှာလည်း အများပြည်သူအသုံးပြုနိုင်တဲ့ မီးရထားလမ်းတွေရှိမနေပါဘူး။ ဒါပေမယ့် မီးရထားစက်ခေါင်းအဟောင်းတွေနဲ့ မီးရထားလမ်းအဟောင်းတွေကိုတော့ ပြတိုက်လိုနေရာမျိုးမှာတွေ့ရှိရနိုင်ပါတယ်။ shwekhitonlinetv.com ၄။ အိုမန် အရှေ့အလယ်ပိုင်းဒေသက အိုမန်နိုင်ငံမှာလည်း အဓိကရထားလမ်းတွေမရှိပါဘူး။ […]

World Top

ဒူဘိုင်းရဲတပ်ဖွဲ့ ပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့အမြန်ဆုံး စူပါ ပြိုင်ကား (၁၀) စင်း

မင်္ဂလာပါ ရွှေခေတ် ပရိသတ်ကြီးရေ။ ရွှေခေတ်အွန်လိုင်းတီဗွီကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်နော်။ ကမ္ဘာပေါ်မှာရှိရှိသမျှ ရဲတပ်ဖွဲ့ဝင်တွေထဲမှာ ဘယ်နိုင်ငံရဲ့ ရဲတပ်ဖွဲ့ဝင်တွေက အမြန်ဆုံးဖြစ်မလဲဆိုတာမျိုး တွေးဖူးကြလား မသိဘူးရှင့်။ ဆိုလိုတာက အမှုအခင်းတစ်ခုခုဖြစ်ပေါ်ပြီဆိုတာနဲ့ အခင်းဖြစ်ပွားတဲ့ နေရာကို အချိန်တိုတွင်းမှာ အမြန်ဆုံးရောက်နိုင်တဲ့ ရဲတပ်ဖွဲ့မျိုးကို ဆိုလိုတာပါ။ shwekhitonlinetv.com ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အခင်းဖြစ်ပွားတဲ့ နေရာကိုအမြန်ဆုံးရောက်နိုင်ဖို့ဆိုတာ အခြေအနေအမျိုးမျိုး ပေါ်မူတည်နေပေမယ့် အဓိက ကျတာကတော့ သွားလာရေးအတွက် ယာဉ်တွေက အခြေခံအကျဆုံး အချက်ဆိုရင် မှားမယ်မထင်ပါဘူးနော် …။ shwekhitonlinetv.com ဒူဘိုင်းက ရဲတပ်ဖွဲ့ဝင်တွေ […]

Amazing

တောင်ကိုရီးယား နိုင်ငံမှာသာရှိတဲ့ မယုံနိုင်စရာ ထူးထူးဆန်းဆန်း အချက်များ

အာရှတိုက်မှာရှိတဲ့ တောင်ကိုရီးယားနိုင်ငံဟာ ခေတ်မီနည်းပညာများနဲ့ အရှေ့တိုင်းရဲ့ ယဉ်ကျေးမှုထုံးတမ်း အစဉ်အလာများကို သဟဇာတဖြစ်အောင် ပေါင်းစပ်ထားတဲ့ ဆန့်ကျင်ဘက် နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ shwekhitonlinetv.com ဒါကြောင့် တောင်ကိုးရီးယားနိုင်ငံမှာ ရှိတဲ့ တစ်ချို့အရာတွေက ၎င်းတို့ နိုင်ငံသားတွေအတွက် အထူးအဆန်းမဟုတ်ပေမယ့် တစ်ခြားတိုင်းပြည်ကနေ အလည်အပတ်လာရောက်သူတွေအတွက်တော့ အထူးအဆန်း ဖြစ်နေတက်ပါတယ်။ ဘယ်လိုအရာလေးလဲဆိုတာ ကြည့်လိုက်ရအောင်နော် shwekhitonlinetv.com ၁။ ကာတွန်းဇာတ်ကောင်များနဲ့ မြေအောက်ရထားများ တောင်ကိုရီးယား မြေအောက်ရထားတွေနဲ့ ပတ်သတ်တဲ့ ထူးခြားမှုတစ်ခုကတော့ မြေအောက်ရထားတွေရဲ့ ထိုင်ခုံတွေပေါ်မှာ ကာတွန်းဇာတ်ကောင်တွေရဲ့ […]

Entertainment

သရုပ်ဆောင် အိဖန်းခန်း ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းဖွယ် ရင်ဖွင့်စကားဆိုလာတဲ့ အမီတာဘာချန်း

ဟောလီးဝုဒ် နဲ့ ဘောလီးဝုဒ် ရုပ်ရှင်လောကတွေရဲ့ နာမည်ကျော် သရုပ်ဆောင်မင်းသားကြီး Irrfan Khan (အိရ်ဖန်းခန်း ၅၃ နှစ်) ဟာ ဒီနေ့ မနက်ပိုင်းက အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ရှိ Kokilaben Dhirubhai Ambani ဆေးရုံမှာ အာရုံကြော ကင်ဆာရောဂါနဲ့ အရှင်မြတ် အမိန့်တော်ခံယူ (ကွယ်လွန်) သွားကြောင်း ၎င်းရဲ့အေဂျင်စီက သတင်းထုတ်ပြန်လိုက်ပါတယ်။ shwekhitonlinetv.com ရမ်ဇန်ဥပုဒ်လဝင်ဝင်ချင်း ဒုတိယ‌နေ့မှာ အမေဖြစ်သူ ကွယ်လွန်ပြီး (၃) ရက်အကြာမှာပဲ သားဖြစ်တဲ့ […]

Amazing

ထူးခြားတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားတဲ့ စူပါ ပါဝါ လူသားများ

ကမ္ဘာပေါ်မှာ လူဦးရေသန်းထောင်ပေါင်းများစွာရှိတာကိုတာ့ ရွှေခေတ်ပရိသတ်ကြီးအားလုံး သိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် အဲ့ဒီလူတွေထဲမှာမှ သာမာန်လူတွေနဲ့မတူဘဲ ထူးခြားတဲ့ စွမ်းရည်တွေကိုပိုင်ဆိုင်ထားကြတဲ့ လူထူးလူဆန်းတွေကလည်း ရှိနေပြန်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ဒီလို လူထူးလူဆန်းတွေထဲက နာမည်ကျော်တဲ့ ပုဂ္ဂိုလ်အချို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ Liew Thow Lin (သံလိုက် လူသား) သံလိုက်စွမ်းရည်များရှိတဲ့ လူထူးလူဆန်းတွေထဲမှာ Liew Thow Lin လို့အမည်ရှိတဲ့ တရုတ်လူမျိုးတစ်ဦးကတော့ Magnet Man ဆိုပြီး အတော်လေးကို ကျော်ကြားလှပါတယ်။ အဆိုပါ […]

Entertainment

မိုက်ကယ်ဂျက်ဆင် ဝတ်ခဲ့တဲ့ အဝတ်အစားတွေရဲ့ နောက်ကွယ်က လျို့ဝှက်ချက်များ

ကွယ်လွန်သွားပြီဖြစ်တဲ့ ကမ္ဘာကျော် အနုပညာရှင်ကြီး မိုက်ကယ်ဂျက်ဆင်ကိုတော့ ပရိသတ်ကြီးအားလုံးလည်း မှတ်မိနေကြဦးမယ်လို့ထင်ပါတယ်။ shwekhitonlinetv.com မိုက်ကယ်ဟာ အဆို၊ အကစွယ်စုံရတဲ့သူတစ်ဟောက်ဖြစ်သလို တီထွင်ဖန်တီးမှုအပိုင်းမှာလည်း ထးချွန်တဲ့ပါရမီရှိသူတစ်ဦးဆိုလည်းမမှားပါဘူး။ ဒါကြောင့် သူတီထွင်ဖန်တီးခဲ့တဲ့ သူမတူတဲ့ ဝတ်စားဆင်ယင်မှု ဖက်ရှင်တွေနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက် အချို့ကို တစ်ဆင့်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com ၁။ ပွဲပြီးခါနီးလေ ဝတ်စုံဆိုဒ်သေးလာလေ။ မိုက်ကယ်ဂျက်ဆင်ဟာ Live Concert တွေမှာ မခိုမကပ်ဘဲ ရှိသမျှအားအင်တွေအသုံးပြုပြီး အစွမ်းကုန်ကြိုးစားကာ ပရိသတ်တွေကို ဖျော်ဖြေလေ့ရှိတဲ့သူဖြစ်ပါတယ်။ ဖျော်ဖြေပွဲအတွင်း ကပြသွားတဲ့ သူ့ရဲ့ကကွက် တော်တော်များများဟာလည်း […]

Amazing

သေချာကြည့်မှ သဘောပေါက်မယ့် တလွဲတွေဖြစ်နေတဲ့ ဆယ်ဖီ ဓာတ်ပုံများ

ဒီတခေါက်တင်ဆက်ပေးသွားမယ့် အကြောင်းအရာလေးကတော့ ငိုအားထက် ရယ်အားသန်စေခဲ့တဲ့ ဆယ်ဖီ ဓာတ်ပုံများအကြောင်းပဲ ဖြစ်ပါတယ်။ ရွှေခေတ် ပရိသတ်ကြီးရော တစ်ရက်ကို ဘယ်နပုံလောက် စမတ်ဖုန်းနဲ့ ဆယ်ဖီ ရိုက်ဖြစ်ပါသလဲ …  shwekhitonlinetv.com ဒါပေမယ့် ဆယ်ဖီရိုက်ရင် သေချာဂရုစိုက်သင့်တဲ့ အချက်လေးတွေကို တစ်ပုံချင်းစီ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်နော် ။ ၁။ ကွက်တိဖြစ်နေတဲ့ နောက်ခံအနေအထား။ Selfie ဆွဲရင် နောက်ခံ Background အနေအထားကိုအရင်ကြည့်သင့်တယ်ဆိုတာကို ဒီပုံကသက်သေပြနေသလိုပါပဲ။ နောက်ခံတံခါးက သော့ […]

Amazing

နာမည်ကျော် မျက်လှည့်ပြကွက် (၅) ခုရဲ့ နောက်ကွယ်က လျို့ဝှက်ချက်များ

နာမည်ကျော် မျက်လှည့်ပညာရှင်တွေရဲ့ ပြကွက်တွေဆိုတာမျိုးက တစ်ခါတစ်ရံကြရင် မယုံကြည်နိုင်စရာကောင်းလောက်အောင်ပဲ တကယ့်ကို ရင်သပ်ရှုမောဖွယ်ကောင်းလှပါတယ်။ ဒါပေမယ့်လည်း ဒီပြကွက်တွေရဲ့ နောက်ကွယ်ကလျို့ဝှက်ချက်တွေကို သိခဲ့ရင်တော့ သင့်အနေနဲ့ အံ့သြတော့မှာ မဟုတ်တော့ဘူးလို့ထင်ပါတယ်။ shwekhitonlinetv.com ဒါကြောင့် ဒီလိုအံ့အားသင့်ဖွယ်ကောင်းတဲ့ မျက်လှည့်၊ မှော် ပြကွက်တွေရဲ့ နောက်ကွယ်က ရိုးရှင်းလှတဲ့ လှည့်စားချက်လေးတွေကို တစ်ဆင့်ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ မှော်အစွမ်းနဲ့ လေပေါ်မှာ မြောနေတဲ့ ပြကွက် ဒါကတော့ မျက်လှည့်ပြကွက်ဆိုတာထက် မှော်စွမ်းအင်၊ ကျင့်စဉ်တွေနဲ့ ဆက်နွယ်နေမယ်လို့ ရုတ်တရက်ကြည့် ထင်ချင်စရာပါ။ […]