Entertainment

မူလရုပ်ရည်သွင်ပြင်ကို ခန့်မှန်းလို့မရတော့တဲ့အထိ ပြောင်မြောက်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ အနုပညာရှင်များ

မူလရုပ်ရည်သွင်ပြင်ကို ဘယ်လိုမှ ခန့်မှန်းလို့မရတော့တဲ့အထိ ဇာတ်ကောင်နဲ့ အံဝင်ခွင်ကျ တသားတည်းသရုပ်ဆောင်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့ အလုပ်တခုတော့ မဟုတ်ပါဘူး။ ကြည့်ရှုနေတဲ့ ပရိတ်သတ်ကိုယ်တိုင်က ဒီဇာတ်ကောင်ကို သရုပ်ဆောင်နေသူဟာ ဘယ်သူလဲဆိုတာ မခန့်မှန်းနိုင်တဲ့အထိ ပြောင်မြောက်အောင် သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်များစွာ ရှိပါတယ်။ ဒီလို ပြောင်မြောက်တဲ့ သရုပ်ဆောင်စွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တွေနဲ့ သူတို့ရဲ့ ဇာတ်ကောင်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ Helena Bonham Carter အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ […]

Fun

လူတိုင်းမထင်မှတ်လောက်အောင် ထူးဆန်းတဲ့ဒီဇိုင်းများကို တီထွင်ဖန်တီးခဲ့တဲ့ ဒီဇိုင်နာများရဲ့ လက်ရာများ

တခါတရံမှာ ထူးဆန်းပြီး အများနဲ့မတူ တမူထူးခြားတဲ့ ဒီဇိုင်းများကို ဖန်တီးနိုင်ဖို့အတွက် အချိန်ယူရလေ့ရှိပါတယ်။ ဒါပေမယ့်လည်း အခုဖော်ပြပေးမယ့် ဒီဇိုင်းများကိုတော့ တီထွင်ဖန်တီးသူတွေဟာ အချိန်ယူပြီး မစဥ်းစားခဲ့သလို ဖြစ်သလိုဖန်တီးခဲ့ကြတယ်လို့ ယူဆရပါတယ်။ ဒီလို ဖြစ်သလိုဖန်တီးပြုလုပ်မှုတွေကပဲ ထူးဆန်းပြီး ရယ်စရာဖြစ်ခဲ့ရပါတယ်။ ဒါ့ကြောင့် ဖြစ်ကတတ်ဆန်းတီထွင်ဖန်တီးခဲ့တဲ့ ဒီဇိုင်နာတွေရဲ့ ထူးဆန်းပြီးရယ်စရာကောင်းတဲ့ ပစ္စည်းများအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ ဆင်ရဲ့ အီးအီးပါတဲ့ အပေါက်က ကလေးကစားစရာလျှော ကလေးကစားကွင်းတခုမှာရှိတဲ့ လျှောတခုရဲ့ ရယ်ရမလို ငိုရမလို […]

World Top

၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့အချမ်းသာဆုံး ကမ္ဘာကျော်ဘောလုံးသမား ၁၀ ဦး

ဘောလုံးကစားနည်းဟာ ကမ္ဘာတဝှမ်းမှာ လူကြိုက်အများဆုံး အားကစားနည်းတခုဆိုလည်း မမှားပါဘူးနော်။ ကမ္ဘာ့ဖလားဘောလုံးပွဲဟာလည်း တကမ္ဘာလုံးရင်ခုန်စွာ စောင့်ကြည့်ရတဲ့ ပွဲတခုဖြစ်ခဲ့ပြီး မထင်မှတ်ထားတဲ့ အသင်းအရွှေ့အပြောင်းများ နိုင်ပွဲရအသင်းများကြောင့် ကစားပွဲဟာ အရှိန်မြင့်တက်လျက်ရှိပါတယ်။ ဘောလုံးအားကစားချစ်သူများအတွက် ကမ္ဘာ့အချမ်းသာဆုံး ကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁၀။ Samuel Eto’o ကင်မရွန်းနိုင်ငံသား ပရော်ဖက်ရှင်နယ် ကစားသမား Samuel Eto’o ကတော့ အမေရိကန်ဒေါ်လာ ၁၀၀ မီလီယံအထိ ချမ်းသာတဲ့ ထိပ်တန်း ၁၀ ယောက်မြောက် […]

Knowledge

ပရိတ်သတ်တွေ မသိသေးတဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းကို ချိုးဖောက်နိုင်ခဲ့တဲ့ ကမ္ဘာကျော်အနုပညာရှင်များ

ယနေ့ခေတ်မှာတော့ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းများဟာ ပိုပြီးထူးခြားဆန်းပြားမှုတွေနဲ့ ပြည့်နှက်လာခဲ့ပါတယ်။ ဥပမာ ခြေချောင်းအများကြီးပါတဲ့သူ ၊ လက်သည်းအရှည်ဆုံးထားနိုင်တဲ့သူ နဲ့ ရှည်လျားလှတဲ့ အသားညှပ်ပေါင်မုန့်အရှည်ကို ၃ မိနစ်အတွင်း စားပြနိုင်သူ စသဖြင့် ပုံမှန်ထက်ထူးခြားဆန်းပြားတဲ့ အကြောင်းအရာများကို မှတ်တမ်းတင်ခဲ့ကြပါတယ်။ နာမည်ကြီးလူသိများသူတွေ ကမ္ဘာ့စံချိန်မှတ်တမ်းတင်ခံရတဲ့အချိန်မှာတော့ များသောအားဖြင့် ဖော်ပြလေ့မရှိခဲ့ကြပါဘူး။ ဒါ့ကြောင့် ပရိတ်သတ်တွေမသိကြသေးတဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းကို ချိုးဖောက်နိုင်ခဲ့တဲ့ ကမ္ဘာကျော်အနုပညာရှင်များအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ Betty White မင်းသမီးကြီး Betty White […]

Fun

မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာကြောင့် အမှားမှား အယွင်းယွင်းဖြစ်ခဲ့ရသူတွေရဲ့ ဟာသအလွဲများ

ဘဝမှာ မျှော်လင့်ထားသလို မျှော်မှန်းထားသလို ဖြစ်မလာတဲ့အခိုက်အတန့်တွေကို ကျွန်တော်တို့အားလုံး ကြုံဖူးကြမှာပါ။ တချို့အမှားအယွင်းတွေကြောင့် စိတ်ညစ်ညူးရသလို တချို့အမှားအယွင်းတွေကြောင့်လည်း ရယ်ရယ်မောမောနဲ့ အဆုံးသတ်ခဲ့ရတဲ့နေ့ရက်တွေ ရှိမယ်ထင်ပါတယ်။ ဒီတခေါက်မှာတော့ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ညီတာကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ ရယ်စရာအလွဲများကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ ထင်သလိုမဖြစ်ခဲ့တဲ့ ခြင်္သေ့ ခြင်္သေ့ပုံစံတက်တူးထိုးခဲ့တာ ဖြစ်ပါတယ်။ လိုချင်တဲ့ပုံစံကတော့ ဘယ်ဘက်ကပုံစံဖြစ်ပြီး တကယ်တမ်း တက်တူးထိုးလိုက်တဲ့အခါမှာတော့ ညာဘက်ကပုံစံထွက်ပေါ်လာခဲ့တာပါ။ အသားပေါ်မှာ အမြဲတမ်းဆွဲထင်သွားမယ့် တက်တူးတခုဟာ အခုလို မှားယွင်းခဲ့တာကြောင့် […]

Knowledge

လူတိုင်းကို အံ့သြမှင်သက်ဖြစ်စေခဲ့တဲ့ ထူးဆန်းပြီး အဓိပ္ပာယ်မရှိတဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းများ

ဂင်းနစ်စံချိန်သတ်မှတ်ခြင်း ဖြစ်စဥ်ကိုတော့ ၁၉၅၅ခုနှစ်မှာ စတင်ခဲ့ပါတယ်။ အစဦးမှာတော့ ကမ္ဘာ့စံချိန်စံညွှန်းများကို သတ်မှတ်တဲ့ စာအုပ်တခုအဖြစ်သာ ရှိခဲ့ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ကြာလာတဲ့အခါမှာတော့ ကမ္ဘာ့စံနှုန်းသတ်မှတ်မှုဟာ ပေါ်ပြူလာဖြစ်လာခဲ့ပြီး တီဗွီအစီအစဥ်များအဖြစ် တင်ဆက်ပြသလာခဲ့ပါတယ်။ ထို့နောက်မှာတော့ ကမ္ဘာနဲ့ချီပြီး နာမည်ကြီးလိုသူများဟာ ဂင်းနစ်စံချိန်ချိုးနိုင်ဖို့ ကြိုးစားလာကြခဲ့ကြပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ထူးဆန်းပြီး အဓိပ္ပာယ်မရှိတဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်စံညွှန်းများကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ Elaine Davidson Elaine Davidson ဆိုတဲ့ အမျိုးသမီးကတော့ ၁၉၉၇ ခုနှစ် […]

Entertainment

လေ့လာဆန်းစစ်ချက်များအရ ၂၀၂၂ ခုနှစ်ရဲ့ ဆွဲဆောင်မှုအရှိဆုံး ဂတုံးမင်းသားများ

ယောကျ်ားတယောက်ရဲ့ ဆံပင်စတိုင်လ်ဟာလည်း သူ့ရဲ့ ရုပ်ရည်သွင်ပြင်တခုလုံးကို ပြောင်းလဲပြစ်နိုင်တဲ့အထိ အရေးပါလှပါတယ်။ ယနေ့ခေတ်မှာတော့ ဆံပင်တိုခြင်း ရှည်ခြင်း စတဲ့ သတ်မှတ်ချက်တွေအပြင် ဆံပင်မပါတဲ့ ဂတုံးမင်းသားတွေဟာလည်း ညှို့အားပြင်းတဲ့ အမျိုးသားတွေအဖြစ် အားလုံးက လက်ခံလာကြပြီ ဖြစ်ပါတယ်။ ကျွမ်းကျင်သူများရဲ့ လေ့လာဆန်းစစ်ချက်များအရ ၂၀၂၂ ခုနှစ်ရဲ့ ဆွဲဆောင်မှုအရှိဆုံး ဂတုံးမင်းသားတွေကို နံပါတ်စဥ်အလိုက် ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁၀။ Mike Tyson လက်ဝှေ့အကျော်အမော် Mike Tyson ကိုတော့ ယောကျ်ားလေးပရိတ်သတ်တွေအနေနဲ့ […]

Amazing

ထူးဆန်းပြီး ပုံမှန်မဟုတ်တဲ့ ဝန်ဆောင်မှုတွေနဲ့ စားသုံးသူတွေကို ဆွဲဆောင်နေတဲ့ ဂျပန်နိုင်ငံက စားသောက်ဆိုင်များ

ဂျပန်နိုင်ငံဆိုတာကတော့ သူများနိုင်ငံတွေနဲ့မတူ တမူထူးခြားတဲ့ အရာတွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံတခုပါ။ ထူးဆန်းတဲ့ ရိုးရာယဥ်ကျေးမှုများ ထူးဆန်းတဲ့ ဓလေ့စရိုက်များနဲ့ ပြည့်နှက်နေတာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေရဲ့ မျက်စိကျစရာနိုင်ငံတခုဆိုလည်း မမှားပါဘူးနော်။ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးတွေထဲကတခုကတော့ ကော်ဖီဆိုင်တွေပဲ ဖြစ်ပါတယ်။ နိုင်ငံတဝန်း များပြားလှတဲ့ ကော်ဖီဆိုင်တွေကြောင့် သူများထက် ထူးဆန်းနိုင်သမျှ ထူးဆန်းနိုင်အောင် တီထွင်ကြံဆပြီး စားသုံးသူတွေကို နည်းမျိုးစုံနဲ့ ဆွဲဆောင်ကြပါတယ်။ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ဂျပန်နိုင်ငံရဲ့ ထူးဆန်းတဲ့ ဝန်ဆောင်မှုတွေကို ပေးစွမ်းနေတဲ့ ကော်ဖီဆိုင် နဲ့ စားသောက်ဆိုင်တွေကို […]

Amazing

ကိုယ်အလေးချိန်လျှော့ချပြီးနောက် မယုံနိုင်စရာကောင်းလှတဲ့ ခန္ဓာကိုယ်အပြောင်းအလဲကို ပြုလုပ်နိုင်ခဲ့ကြသူများ

လူတော်တော်များများကတော့ ကိုယ်အလေးချိန်လျှော့ချနိုင်ဖို့အတွက် တသက်မှာ တခါမက ကြိုးစားခဲ့ဖူးကြမှာပါ။ ဒါပေမယ့် ကိုယ့်ရဲ့တကယ့်စွမ်းရည်နဲ့ အိမ်မက်ကို သိရှိကြသူတွေသာ ဝိတ်ချပြီး ခန္ဓာကိုယ်အပြောင်းအလဲကို ပြုလုပ်နိုင်ခဲ့ကြပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ကိုယ်ခန္ဓာအပြောင်းအလဲကို ပြုလုပ်နိုင်ခဲ့ပြီး တခြားသူတဦးလို ပြောင်းလဲသွားနိုင်ခဲ့ကြတဲ့သူတွေရဲ့ ပုံရိပ်တွေကို တင်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ စုံတွဲလိုက်ပြောင်းလဲနိုင်ခဲ့ခြင်း ပုံမှာတွေ့မြင်ရတဲ့အတွဲကတော့ စုံတွဲလိုက် ကိုယ်အလေးချိန်လျှော့ချနိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။​အမျိုးသားက ပေါင် ၇၀ ဝိတ်ကျခဲ့ပြီး အမျိုးသမီးကတော့ ၅၆ ပေါင် ဝိတ်ချနိုင်ခဲ့ပါတယ်။ ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ကို […]

Fun

စာခိုးချလို့မရအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြင်ဆင်ဖို့ ခွင့်ပြုလိုက်တဲ့နောက် ကျောင်းသားတွေရဲ့ တီထွင်ဖန်တီးမှုများ

ဖိလစ်ပိုင်နိုင်ငံက အင်ဂျင်နီယာကောလိပ်တခုမှာ စာမေးပွဲဖြေဆိုနေတဲ့ ကျောင်းသားတွေရဲ့ ပုံရိပ်ဖြစ်ပါတယ်။ တယောက်နဲ့တယောက် စာခိုးမကြည့်နိုင်စေဖို့ ကိုယ့်နည်းကိုယ်ဟန်နဲ့ ပြင်ဆင်နိုင်ကြောင်း ဆရာက ခွင့်ပြုလိုက်တဲ့နောက်မှာတော့ ကျောင်းသားတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေကို တွေ့မြင်ရမှာပါ။ shwekhitonlinetv.com တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ အင်ဂျင်နီယာကျောင်းသားတွေရဲ့ ဦးထုပ်မျိုးစုံကတော့ တခဏအတွင်းမှာပဲ အင်တာနက်မှာ နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါအတန်းရဲ့ ပရော်ဖက်ဆာဖြစ်တဲ့ Mary Joy Mandane-Ortiz ကတော့ ဒါဟာ ပျော်စရာကောင်းတဲ့ နည်းလမ်းပါပဲလို့ ပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com ဒီလိုလုပ်လိုက်ခြင်းအားဖြင့် အရင်နှစ်တွေကထက် […]