Fun

ကမ္ဘာ့အဆိုးဝါးဆုံး အိမ်ဒီဇိုင်းများအဖြစ် သတ်မှတ်ခံရတဲ့ အိမ်အပြင်အဆင်များ

ရိုးရှင်းပြီးလှပလွန်းတဲ့ အိမ်ဒီဇိုင်းများဟာ ယနေ့ခေတ်မှာတော့ လူအားလုံးရဲ့ အသည်းနှလုံးကို ဖမ်းစားနေပါတော့တယ်။ ရှုပ်ထွေးလှတဲ့ ဒီဇိုင်းများနဲ့ အကွက်မျိုးစုံ ပုံဖော်ထားတဲ့ ကြမ်းခင်းတွေဟာ အားလုံးရဲ့အမြင်မှာတော့ ခေတ်နောက်ကျနေတဲ့ ဒီဇိုင်းများအဖြစ် သတ်မှတ်ခံထားရပါတယ်။ အခုတခေါက်ဖော်ပြပေးမယ့် အိမ်ဒီဇိုင်းများကတော့ ဆိုးဝါးလွန်းတာကြောင့် အဆိုးဝါးဆုံးအိမ်အပြင်အဆင်များအဖြစ် သတ်မှတ်ခံထားရတဲ့ အိမ်တွေပဲ ဖြစ်ပါတယ်။​ ဘာ့ကြောင့် အဆိုးဝါးဆုံးအိမ်တွေအဖြစ် သတ်မှတ်တာလဲဆိုတာကိုတော့ ဆက်လက်ဖတ်ရှုပေးပါဦးနော်။ shwekhitonlinetv.com ၁။ ဧည့်ခန်းက အဝတ်လျှော်စက် အဝတ်လည်းလျှော်ရင်း ဇာတ်ကားလည်းကြည့်ရင်း လုပ်ချင်တာကြောင့် ဧည့်ခန်းရဲ့ တီဗွီအောက်မှာ […]

Amazing

ပုံမှန်မဟုတ်ပဲ ထူးခြားလှတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပိုင်ဆိုင်ထားကြတဲ့ သက်ရှိများ

လူသားတွေဟာ ဘယ်လောက်ပဲထပ်တူညီပါစေ လက်ဗွေတွေကတော့ တယောက်နဲ့တယောက် မတူညီပဲ ကွဲပြားခြားနားလှပါတယ်။ လက်ဗွေလိုမျိုးပဲ နောက်ထပ်မတူညီပဲ ကွဲပြားနေတဲ့အရာကတော့ မျက်လုံးအရောင်တွေပဲ ဖြစ်ကြပါတယ်။ ဒါ့ကြောင့် လျှို့ဝှက်ကုဒ်များထားရှိတဲ့အခါ လက်ဗွေ ဒါမှမဟုတ် မျက်လုံးပုံစံတွေကို ထားရှိကြတာ ဖြစ်ပါတယ်။ တချို့လူတွေမှာတော့ မျက်လုံးအသွေးအရောင်တွေသာမက အခြားသောထူးခြားပြီး ပုံမှန်မဟုတ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများကိုလည်း ပိုင်ဆိုင်ထားကြပါတယ်။ ဒီလိုပုံမှန်မဟုတ်တဲ့ ထူးခြားဖြစ်စဥ်တွေကိုပိုင်ဆိုင်ထားကြတဲ့ လူသားတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ ပက်သက်ပြီး အများသိအောင် မျှဝေလာကြပါတယ်။ ဒါ့ကြောင့် ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ပုံမှန်မဟုတ်ပဲ […]

Fun

ထူးဆန်းအံ့သြစရာများအဖြစ် ဘယ်သူမှဖြေရှင်းလို့မရနိုင်တဲ့ အခြေအနေတွေကို မှတ်တမ်းတင်နိုင်ခဲ့တဲ့ ဓာတ်ပုံများ

မျက်လှည့်ပညာရပ်တခုလိုပဲ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာလည်း ထူးဆန်းအံ့သြစရာကောင်းလွန်းပြီး ဖြေရှင်းလို့မရနိုင်တဲ့ အခြေအနေများစွာ ရှိလို့နေပါတယ်။ တခါတလေမှာ လူသားတွေဟာ အဖြေမထွက်နိုင်တဲ့ ကိစ္စရပ်တွေမှာ စိတ်ဝင်တစားရှိကြတယ်ဆိုတာ အားလုံးသိကြမှာပါ။​ အခုတခေါက်မှာတော့ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ထူးဆန်းအံ့သြစရာကောင်းပြီး အဖြေမထွက်နိုင်တဲ့ အခြေအနေတွေကို ပြသနေတဲ့ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ တာယာစွပ်နေတဲ့သစ်ပင် အရွယ်အစား အလယ်အလတ်လောက်ကြီးမားတဲ့ သစ်ပင်တခုမှာစွပ်နေတဲ့ ကားတာယာတခုကို တွေ့မြင်ရမှာပါ။ ဘယ်လိုပုံစံနဲ့ စွပ်မိလဲဆိုတာကိုတော့ ဒီနေ့အထိ ဘယ်သူမှမသိနိုင်ကြပါဘူး။ shwekhitonlinetv.com ၂။ လမ်းထဲကို […]

Knowledge

ယနေ့ခေတ်ကမ္ဘာကြီးကို စိတ်ကူးယဥ်ပုံဖော်ခဲ့ကြတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀နီးပါးက စိတ်ကူးယဥ်ပုံရိပ်များ

ဖွံ့ဖြိုးတိုးတက်နေတဲ့ ယနေ့ခေတ်နည်းပညာကမ္ဘာကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၉၀၀ နဲ့ ၁၉၇၀ ပြည့်လွန်နှစ်များဆီက လူသားများဟာ စိတ်ကူးယဥ်ပုံဖော်ခဲ့ကြပါတယ်။ သူတို့ရဲ့ စိတ်ကူးယဥ်ပုံဖော်မှုတွေဟာ ထိုခေတ်အခါက လူတွေအတွက်တော့ အငြင်းပွားစရာဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း အနီးစပ်ဆုံးအဖြစ် ခန့်မှန်းနိုင်ခဲ့ကြပုံကိုတော့ အခုဖော်ပြပါဓာတ်ပုံများကိုကြည့်ရင် သိရှိနိုင်ပါတယ်။ ဒါ့ကြောင့် ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ရှေးခေတ်လူတွေရဲ့ ယနေ့ခေတ်ကမ္ဘာကြီးကို ပုံဖော်စိတ်ကူးခဲ့ကြတဲ့ ပုံရိပ်များကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ Video Call ရုပ်လည်းမြင်နိုင် အသံလည်းကြားနိုင်တဲ့ Video Call […]

Fun

အွန်လိုင်းကနေ မှာယူတဲ့အခါ မျှော်လင့်ချက်ကြီးကြီးမထားဖို့ သက်သေပြနေတဲ့ ဓာတ်ပုံများ

တိုးတက်လာတဲ့ခေတ်ကြီးမှာ လိုအပ်တဲ့အသုံးအဆောင် ပစ္စည်းတွေကို အိမ်ကနေ ခြေတလှမ်းမခွာပဲ အွန်လိုင်းကနေ ဝယ်ယူနိုင်နေပြီ ဖြစ်ပါတယ်။ ကိစ္စရပ်တိုင်းမှာ ကောင်းခြင်း ဆိုးခြင်း ဒွန်တွဲနေသလိုပါပဲ အွန်လိုင်းကနေ ပစ္စည်းဝယ်ယူရတာကလည်း အမြဲအဆင်ပြေနေတာတော့ မဟုတ်ပါဘူး။ တခါတရံမှာ တင်ပြီးရောင်းချတဲ့ပစ္စည်းနဲ့ တကယ်ရောက်ရှိလာတဲ့ပစ္စည်းဟာ လုံးဝကိုကွဲပြားခြားနားပြီး ခေတ်စကားလိုပြောရရင် ဂျင်းထည့်ခံကြရပါတယ်။ ဒါ့ကြောင့် ရွှေခေတ်ပရိတ်သတ်ကြီးအတွက် အွန်လိုင်းကနေ ပစ္စည်းမှာတဲ့အခါ မျှော်လင့်ချက်ကြီးကြီးမထားဖို့ သက်သေပြနေတဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ ရင်ခေါင်းထိရောက်နေတဲ့ဘောင်းဘီ ဘယ်ဘက်ဓာတ်ပုံထဲက မော်ဒယ်လ်မင်းသားဝတ်ထားသလို […]

Fun

မြင်သမျှလူတိုင်းကို အရိုးထဲထိ စိမ့်အေးသွားစေနိုင်မယ့် ဆောင်းရာသီဓာတ်ပုံများ

ပူပြင်းလှတဲ့ နွေရာသီကို ကြုံတွေ့ရပြီးမှာတော့ လူတော်တော်များများဟာ အေးချမ်းလွန်းလှတဲ့ ဆောင်းရာသီကို မျှော်လေ့ရှိကြပါတယ်။ ကော်ဖီပူပူလေးနဲ့ စောင်ပုံထဲမှာကွေးပြီး ဆောင်းရာသီကို ကြုံတွေ့ချင်ကြတာ လူတိုင်းရဲ့ စိတ်ကူးလေးဖြစ်မယ်ထင်ပါတယ် ။ ဒါပေမယ့်လည်း အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေထဲကလိုတော့ အေးခဲလွန်းလှတဲ့ ဆောင်းရာသီကို ဘယ်သူမှလိုချင်ကြမှာ မဟုတ်လောက်ပါဘူးနော်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် အေးခဲကြမ်းတမ်းလွန်းလှတဲ့ ဆောင်းရာသီကာလတွေကို အံတုခဲ့ကြသူတွေရဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com ၁။ နှင်းတောထဲမှာတောင် အားပေးမပြတ်တဲ့ ပရိတ်သတ် နှင်းကျနေတဲ့ အချိန်ကာလမှာတောင် အားကစားပွဲဟာ […]

Knowledge

ထူးဆန်းပြီးစိတ်ဝင်စားစရာကောင်းလှပေမယ့် ယနေ့ခေတ်မှာတော့ ပျောက်ကွယ်သွားပြီဖြစ်တဲ့ ရှေးဟောင်းဖန်တီးမှုများ

ဒီတခေါက်ဖော်ပြပေးမယ့် ဓာတ်ပုံတွေကတော့ ထူးဆန်းပြီး စိတ်ဝင်စားစရာကောင်းလှတဲ့ ရှေးဟောင်းတီထွင်ဖန်တီးမှုတွေအကြောင်းကို ပြသနေတာပဲ ဖြစ်ပါတယ်။ သမိုင်းကြောင်းကို ပြန်လည်ပြောပြနိုင်စွမ်းရှိတဲ့ ဓာတ်ပုံတွေကို တွေ့ရတာဟာ တကယ်ကို စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဘာ့ကြောင့်လဲဆိုတဲ့ အဆိုပါဓာတ်ပုံတွေသာ မရှိခဲ့ရင် ဒီလိုထူးဆန်းတဲ့ တီထွင်ဖန်တီးမှုတွေဟာ အတိတ်တချိန်တုန်းက ရှိခဲ့လားဆိုတာကို သက်သေပြနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါ့ကြောင့် ပရိတ်သတ်ကြီးအတွက် ၁၉၂၀ နဲ့ ၁၉၇၀ ပြည့်လွန်နှစ်များဆီက ထူးဆန်းတဲ့ တီထွင််ဖန်တီးမှုတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ သစ်သားစည်ပိုင်းရေကူးဝတ်စုံများ ၁၉၂၉ […]

Fun

ကျိုတိုတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ထူးထူးဆန်းဆန်းဝတ်စုံတွေနဲ့ တက်ရောက်ခဲ့ကြတဲ့ ကျောင်းသားများရဲ့ ဟာသဓာတ်ပုံများ

တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားဆိုတာ ကျောင်းသားတိုင်းအတွက်တော့ ဘဝတစ်ဆစ်ချိုးမှာ အမြဲအမှတ်ရနေစေမယ့် အမှတ်တရပွဲတခုပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ နာမည်အကြီးဆုံးတက္ကသိုလ်တွေထဲက တခုဖြစ်တဲ့ ကျိုတိုတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကတော့ ဘယ်လိုတက္ကသိုလ်နဲ့မှ မတူညီစွာ ထူးခြားဆန်းပြားလျက်ရှိပါတယ်။ ကျိုတိုတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ကျောင်းသားကျောင်းသူတိုင်းဟာ သူတို့ရဲ့ စိတ်ကူးဥာဏ်ကွန့်မြူးပြီး ဖန်တီးချုပ်လုပ်ထားတဲ့ ဝတ်စုံတွေနဲ့ ပွဲတက်နိုင်ကြပါတယ်။ ထိုအခမ်းအနားမှာတော့ ကျောင်းသားကျောင်းသူများသာမက များပြားလှတဲ့ ဓာတ်ပုံဆရာများနဲ့ သတင်းထောက်များပါ တက်ရောက်လေ့ရှိကြပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ကျိုတိုတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ထူးဆန်းလှတဲ့ ဝတ်စုံများနဲ့ ဘွဲ့တက်ယူခဲ့ကြတဲ့ […]

Amazing

ထူးဆန်းလှတဲ့ သမိုင်းကြောင်း အဖြစ်အပျက်တွေကို ပြန်လည်ပြောပြနေတဲ့ ရှားပါးဓာတ်ပုံများ

သမိုင်းကြောင်းတွေဟာ မဖြစ်နိုင်ဘူးလို့ ယူဆရတဲ့ အဖြစ်အပျက်တွေနဲ့ ပြည့်နှက်လို့ နေပါတယ်။ ဒါပေမယ့် ကံကောင်းစွာပဲ အဆိုပါနှောင်းခေတ်ကာလအဖြစ်အပျက်တွေကို ပြန်လည်လေ့လာနိုင်ဖို့အတွက် ဓာတ်ပုံများစွာရှိလို့နေပါတယ်။ ယခုဖော်ပြပေးမယ့် ရှားပါးဓာတ်ပုံတွေထဲမှာတော့ လွန်ခဲ့တဲ့အတိတ်တချိန်က ထူးဆန်းအံ့သြဖွယ်ရာတွေကို လေ့လာတွေ့ရှိနိုင်ပါတယ်။ shwekhitonlinetv.com ၁။ မိကျောင်းကန်ထဲက ဆက်ကပ်သမား ၁၉၃၃ ခုနှစ် ဘာလင်မှာ ရိုက်ကူးထားတဲ့ ဆပ်ကပ်သမားနဲ့ မိကျောင်းတွေပဲ ဖြစ်ပါတယ်။ ရွေ့လျားနိုင်တဲ့ ဘီးလုံးတပ်မှန်ကန်ထဲမှာ ကြောက်စရာမိကျောင်းတွေနဲ့အတူ စတန့်ပြကွက်ကို ပြသနေတဲ့ ဆပ်ကပ်သမားကို တွေ့ရမှာပါ။ shwekhitonlinetv.com […]

Amazing

မြင်တွေ့ရဖို့ခက်ခဲတဲ့ ထူးဆန်းပြီး ပုံမှန်မဟုတ်တဲ့ အစားအသောက်အပြင်အဆင်များ

ယနေ့ခေတ်မှာတော့ အစားအသောက်တွေကို သုံးဆောင်တဲ့အခါ အနံ့ အရသာနဲ့တင်မဟုတ်ပဲ အမြင်အာရုံနဲ့လည်း သုံးဆောင်လာကြပါတယ်။ အပြိုင်အဆိုင်များလာတဲ့အခါ ပုံမှန်သာမန်ရိုးကျ အပြင်အဆင်များကနေပြီး ခွဲထွက်ဖို့ကြိုးစားကြလာကြပါတယ်။ အနံ့ အရသာ ပုံမှန်ဖြစ်နေခဲ့ရင်တောင် အစားအသောက်ကို ပြင်ဆင်တင်ဆက်တဲ့နေရာမှာတော့ သူများထက်ထူးဆန်းနေစေဖို့ ဖန်တီးမှုများပြုလုပ်လာကြပါတယ်။ အဆိုပါထူးဆန်းတဲ့ အစားအသောက်အပြင်အဆင်များကို Shwe Khit ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ လေပေါ်ဝဲ စပါကတီ စပါကတီဆိုတဲ့ အစားအစာတမျိုးဟာ စားသောက်ဆိုင်တိုင်းနီးပါးမှာ ရရှိနိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ အစားအသောက်ဖြစ်ပါတယ်။ ဒါပေမယ့် […]