Amazing

Google မြေပုံကနေ အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့တဲ့ ပုံမှန်မဟုတ်သော ဓာတ်ပုံများ

ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ Google မြေပုံကနေ အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့ကြတဲ့ ထူးထူးဆန်းဆန်း ပုံတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်လိုပုံတွေ ပါမလဲ ဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com ၁။ အန္တာတိကတိုက်ထဲမှာ နစ်မြုပ်နေတဲ့ သင်္ဘော အခုမြင်နေရတဲ့ ပုံကတော့ အန္တာတိကတိုက်ထဲမှာ ပိတ်မိပြီး နစ်မြုပ်သွားတဲ့ စစ်သင်္ဘောတစ်စင်းကို Google မြေပုံကနေ ရှာတွေ့ခဲ့တာပဲ ဖြစ်ပါတယ် ။ […]

World Top

ကမ္ဘာ့သမိုင်းထဲမှာ အချိန်အတိုဆုံး ဖြစ်ခဲ့တဲ့ စစ်ပွဲများ

ကမ္ဘာပေါ်တွင်လူသားမျိုးနွယ်အချင်းချင်း အုပ်စုတစ်ခုနှင့်တစ်ခု တိုက်ခိုက်ခဲ့ကြသည်မှာ ရှေးလွန်သောကျောက်ခေတ်မှယနေ့အချိန်ထိပင်ဖြစ်သည်။ ယင်းစစ်ပွဲများတွင် အချို့စစ်ပွဲများမှာ အချိန်ကာလများစွာကြာမြင့်သလို လူအသေအပျောက်လည်းများပြားခဲ့သော စစ်ပွဲများရှိသလို အချိန်အနည်းငယ်သာကြာမြင့်ခဲ့သည့်စစ်ပွဲများလည်းရှိပေသည်။ ကမ္ဘာသမိုင်းထဲတွင်အချိန်အတိုဆုံးစစ်ပွဲများကို (ပထမကမ္ဘာစစ် ဒုတိယကမ္ဘာစစ်များအတွင်းဖြစ်ပွားခဲ့သည့် စစ်ပွဲအသေးများကိုမဆိုလို) ဖော်ပြရမည်ဆိုလျင်တော့ …. shwekhitonlinetv.com ၁၀။ ဖောက်ကလန် စစ်ပွဲ အာဂျင်တီးနာနိုင်ငံ အရှေ့ဘက်တွင်ရှိသော ဖောက်ကလန်ကျွန်းအား ပိုင်ဆိုင်မှု အငြင်းပွားကာ အာဂျင်တီးနားနှင့် အင်္ဂလန် နိုင်ငံတို့အကြားဖြစ်ပွားခဲ့သာ နာမည်ကျော်စစ်ပွဲဖြစ်သည်။ စုစုပေါင်း (၄၂) ရက်ကြာမြင့်ခဲ့သော ဖောက်ကလန်စစ်ပွဲတွင် အာဂျင်တီးနားတို့ဘက်မှ စစ်အရှုံးပေးခဲ့ကြောင်းသိရသည်။shwekhitonlinetv.com […]

World Top

ကမ္ဘာပေါ်က ရှေးအကျဆုံး မြို့ကြီး (၁၀) မြို့ အကြောင်း

မင်္ဂလာပါရွှေခေတ်ပရိသတ်ကြီးရေ …. ဒီနေ့ရွှေခေတ်ပရိသတ်တွေကို တင်ဆက်ပေးဖို့ရွေးချယ်ထားတာကတော့ ကမ္ဘာပေါ်က ရှေးအကျဆုံးမြၽု့တွေအကြောင်းပဲဖြစ်ပါတယ်။ ဒီမြို့တွေကိုတည်ထောင်ခဲ့တာကတော့ သက်တမ်း ထောင်နဲ့ချီနေပြီဖြစ်ကြောင်သိရပြီး မြို့စတည်ကတည်းက ယနေ့ချိန်ထိ စဥ်ဆက်မပြတ်လူတွေနေထိုင်လာခဲ့ကြတာလည်းဖြစ်ပါတယ်။ ဒီထဲကမြို့အများစုကတော့ အရှေ့အလယ်ပိုင်းဒေသကဖြစ်ပါတယ်။ shwekhitonlinetv.com ၁၀။ ရေးမြို့၊ အီရန် အီရန်နိုင်ငံက ရေး (Rayy) မြို့ကတော့ နှစ်ပေါင်း (၅၀၀၀) ကနေ (၆၀၀၀) ကြားသက်တမ်းရှိပြီဖြစ်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဒီမြို့မှာရှိတဲ့ Gaebri ရဲတိုက်ကလည်း အနှစ် (၃၀၀၀) ကျော်သက်တမ်းရှိပြီးထင်ရှားလှပါတယ်။ shwekhitonlinetv.com […]

Amazing

ထူးခြားမှုတွေအပြည့်နဲ့ ကမ္ဘာတစ်လွှားက ပုံမှန်မဟုတ်တဲ့ ပြတိုက်များ

ပြတိုက်ဆိုတာက ခေတ်အဆက်ဆက်က လူ့ယဥ်ကျေးမှုတွေ၊ အသုံးအဆောင်တွေ၊ သမိုင်းကြောင်းတွေကို တစ်နေရာတစ်မှာ တစ်စုတစ်ဝေးတည်း အချိန်ကုန်သက်သာစွာ လေ့လာလို့ ရတဲ့ နေရာဖြစ်တယ်လို့ အကြမ်းဖျင်းဆိုနိုင်ပါတယ်။ ဒီနေ့ ကမ္ဘာပေါ်ကနိုင်ငံအသီးသီးမှာလည်း ပုံသဏ္ဍာန်အမျိုးမျိုး ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ပြတိုက်တွေများစွာ ဖွင့်လှစ်ပြသထားတာကိုလည်း အားလုံးအသိပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးမယ့် ပြတိုက်တွေကတော့ သင့်အနေနဲ့ တစ်ခါမှ မြင်ဖူးကြားဖူးမယ် မထင်တဲ့ပြတိုက် အဆန်းကြီးတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ Hair Museum တူရကီနိုင်ငံ Avanos မြို့မှာဆံပင်ပြတိုက်တစ်ခုရှိပါတယ်။ ဒီလိုပြတိုက်က […]

Fun

အထာကျကျ ကွက်တိ ရိုက်ကူးထားမိတဲ့ အံ့အားသင့်ဖွယ် ဓာတ်ပုံများ

သင်ဟာဓာတ်ပုံရိုက်ကူးရတာကို ဝါသနာပါတဲ့သူတစ်ယောက်လား ? ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့်အကြောင်းအရာလေးက သင့်ရဲ့စိတ်အာရုံကိုဖမ်းစားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဘဟ်လိုဓာတ်ပုံဆရာမျိုးက ဘယ်လိုမျိုးမတူညီတဲ့ ရှုထောင့်တွေကနေ လက်စွမ်းပြထားသလဲဆိုတာ ကြည့်ရှုလိုက်ပါဦးနော် …… shwekhitonlinetv.com ၁။ ဒီခွေးလေးကို ကြည့်လိုက်ပါဦး။ အမှတ်တမဲ့ကြည့်မယ်ဆိုရင် ဆပ်ပြာပူဖောင်းထဲက ခွေးလေးလို့ သင့်ကိုအထင်မှားစေမှာပါ။ shwekhitonlinetv.com ၂။ ဒါကတော့ လမ်းလျှောက်နေတဲ့ အဖိုးအိုနဲ့ နံရံပေါ်က ဂရပ်ဖစ်တီပုံရိပ်ကို အထာကျကျ ချိန်သားကိုက်ရိုက်ကူးထားတဲ့ပုံဖြစ်ပါတယ်။ shwekhitonlinetv.com ၃။ ဒီပုံလေးကတော့ ရယ်ရွှင်ဖွယ်ကောင်းပါလိမ့်မယ်။ မင်္ဂလာပွဲတစ်ခုအတွင်းကို […]

Amazing

အဆင်းလှပေမယ့် အနံ့အသက် အလွန်ဆိုးရွားလှတဲ့ ပန်းများ

ပန်းဆိုတာကတော့ အဆင်းသဏ္ဍာန်လှပပြီး ဆွဲဆောင်မှုရှိတဲ့ အရာတွေဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ပန်းအတော်များများဟာ နှစ်လိုဖွယ်အဆင်းရနံ့ကြပေမယ့် တစ်ချို့သောပန်းတွေကတော့ အဆင်းလှသလောက်အတော်လေးကို ဆိုးရွားတဲ့ အနံ့အသက်တွေကို ထုတ်လွှတ်တက်ကြပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာလေးကလည်း ဒီလိုအနံ့အသက်ဆိုးတဲ့ ပန်းတွေထဲကမှ စက်ဆုပ်ဖွယ်ရာအကောင်းဆုံး အနံ့တွေထုတ်လွှတ်တဲ့ ပန်းမျိုးစိတ်တွေအကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ Titan arum, corpse flower ကမ္ဘာ့အကြီးဆုံး ပန်းပွင့်တွေထဲတစ်ခုဖြစ်တဲ့ Titan Arum ကိုတော့ အလောင်းကောင်ပန်းလို့ လူသိများလှပါတယ်။ အကြောင်းကတော့ ဒီပန်းပွင့်ကနေထွက်ပေါ်လာတဲ့ ရနံ့ဟာ […]

Amazing

တစ်ခါလောက်တော့ သွားရောက် လည်ပတ်သင့်တဲ့ သဘာဝဆန်ဆန် နေရာများ

အခုတစ်ခါမှာတော့ Shwe Khit ပရိသတ်ကြီးထဲက ခရီးထွက်ရတာကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက် အကြောင်းအရာလေးတစ်ခုကို ပြောပြပေးချင်ပါတယ် ။ ဒါကတော့ ကမ္ဘာပေါ်က ထူးဆန်းသော အလှအပတွေနဲ့ တည်ရှိနေတဲ့ နေရာတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်လို နေရာလေးတွေ ဖြစ်မလဲဆိုတာ ပုံလေးတစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com ၁။ Lençóis Maranhenses ( ဘရာဇီးလ်နိုင်ငံ ) Lençóis Maranhenses ဆိုတာ ဘရာဇီးနိုင်ငံ […]

News

ဖမ်းဆီးထောင်ချခံရပြီး သုညဘဝ ရောက်တော့မယ့် ရွှေအိုးကြီး

Tran Ngoc Phuc ဆိုတာကတော့ ဗီယက်နမ်နိုင်ငံမှာ မသိတဲ့သူမရှိအောင် နာမည်ကျော်ကြားတဲ့လသူဌေးလေးတစ်ယောက်ဖြစ်ပါတယ်။ သူ့ကို Phuc ‘XO’ လို့လည်း လူသိများလှပါတယ်။ သူဟာလူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ သူ့ရဲ့ပိုင်ဆိုင်မှုတွေ ရွှေငွေတွေနဲ့ မကြာခဏ ကြွားလုံးထုတ်တက်သူတစ်ဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့ဓာတ်ပုံတွေမှာ မှားပြားလှတဲ့ ရွှေနဲ့ပြုလုပ်ထားတဲ့ လက်ဝတ်လက်စားတွေ၊ အသုံးအဆောင်ပစ္စည်းတွေကို ချပြထားလို့ အချို့ကလည်းသူ့ကို ရွှေအိုးကြီးလို့ နာမည်ပေးထားပါတယ်။ shwekhitonlinetv.com သူ့ဟာ ဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့မှာရှိတဲ့ ရွှေအိမ်တော်ကြီးမှာ သက်တော်စောင့်များစွာနဲ့နေထိုင်တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com သူ့ရဲ့အသက်က (၃၇) သာရှိသေးပြီး […]

Amazing

တမူထူးခြားတဲ့ ပုံစံနဲ့ လူတွေကို အံ့သြစေခဲ့တဲ့ အလန်းစား ကြော်ငြာများ

Shwe Khit ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ထူးထူးခြားခြားကြော်ငြာပုံစံတွေ အကြောင်းပဲဖြစ်ပါတယ်။ ဘယ်လို ထူးထူးဆန်းဆန်းတွေနဲ့ ကြော်ငြာခဲ့ကြသလဲဆိုတာကတော့ အောက်ကပုံ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com ၁။ 3M ဆိုတဲ့ ကုမ္ပဏီဟာ သူတို့ထုတ်လုပ်လိုက်တဲ့ မှန် ဘယ်လောက်တောင် ကြံ့ခိုင်လဲဆိုတာ အထူးအဆန်း ပုံစံနဲ့ Marketing ဆင်းခဲ့ပါတယ်။ ဘယ်လို မျိုးဆင်းလဲဆိုတော့ မှန်ထဲမှာ ပိုက်ဆံအပြည့်ထည့်ထားပြီး မှန်ကို ကွဲအောင် ရိုက်ခွဲနိုင်ရင် အထဲက […]

World Top

ကမ္ဘာပေါ်မှာ လူသုံးအများဆုံး ဘာသာစကား (၇) မျိုး

လူဦးရေ သန်းပေါင်း (၇၀၀၀) ကျော်မှီတင်းနေထိုင်လျက်ရှိတဲ့ ကျွန်တော်တို့ ကမ္ဘာကြီးမှာတော့ မတူညီတဲ့ လူသားမျိုးနွယ်စုပေါင်းများစွာဟာလည်း ကွဲပြားတဲ့ ဘာသာစကားတွေနဲ့ တစ်ဦးကိုတစ်ဦး ဆက်သွယ်ပြောဆိုလျှက်ရှိကြပါတယ်။ ဒီကနေ့ဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ ဒီလိုများပြားလှတဲ့ ဘာသာစကားတွေထဲကမှ ကမ္ဘာပေါ်မှာ လူသုံးအများဆုံးဖြစ်တဲ့ ဘာသားစကားတွေရဲ့ အကြောင်းပဲဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုကြည့်ကြပါဦးနော် ….. shwekhitonlinetv.com ၁။ English – (1.13) Billion ဂျာမန်အနွယ်များဖြစ်သည့် Celts နှင့် Vikings မှနော်မန်အထိအင်္ဂလိပ်သည်ဘာသာစကားဆိုင်ရာလွှမ်းမိုးမှုများစွာဖြစ်ပေါ်ခဲ့ပါတယ်။ ဗြိတိန်မှဘာသာစကားသည်ကိုလိုနီနယ်ချဲ့မှု၊ကုန်သွယ်ရေး နှင့် အပြန်အလှန်ဆက်သွယ်မှု စသည်တို့ကနေတစ်ဆင့် […]