Knowledge

ပင်လယ်သမုဒ္ဒရာ အောက်မှာ တွေ့ရှိရတဲ့ အံ့အားသင့်ဖွယ် အကြောင်း အရာတွေ

ပင်လယ်သမုဒ္ဒရာတွေဆိုတာကတော့ အလွန်တရာမှလျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ပြည့်နှက်နေတဲ့ နေရာတွေဖြစ်ပါတယ်။ သာမန်လူသားတွေအသိဉာဏ်နဲ့ လိုက်မမှီနိုင်တဲ့သက်ရှိတွေ၊ အရာဝတ္ထုတွေ၊ ထူးခြားဖြစ်စဉ်တွေဟာလည်း သမုဒ္ဒရာတွေအောက်မှာမရေမတွက်နိုင်အောင်ကိုပဲရှိနေပါတယ်။ အခုတစ်ခါမှာတော့ ပင်လယ်သမုဒ္ဒရာတွေအောက်မှာတွေ့ရှိရတဲ့ အံ့အားသင့်ဖွယ်အရာတွေအကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ MUSA (Under Water Museum of Art) MUSA (Under Water Museum of Art) ဆိုတာကတော့ မက္ကဆီကိုနိုင်ငံ Cancun ကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့ ရေအောက်ပြတိုက်တစ်ခုဖြစ်ပါတယ်။ ဒီပြတိုက်မှာတော့ ရုပ်တုပေါင်း (၅၀၀) ကျော်ရှိနေပြီး ရေငုပ်သင်္ဘောခရီးစဉ် […]

Knowledge

Social Media သုံးပြီး မိမိတို့ရဲ့ပုံတွေကို မကြာခဏတင်တတ်တဲ့ သူတွေအတွက် သွားသင့်တဲ့နေရာ (၇) နေရာ

အခုတစ်ခေါက်မှာတော့ Social Media သုံးပြီးမိမိတို့ရဲ့ပုံတွေကို မကြာခဏတင်တက်တဲ့သူတွေအတွက် သွားရောက်လည်ပတ်ဖို့ အိပ်မက်တစ်ခုအဖြစ်ရှိနေမယ့် ကမ္ဘာပေါ်ကနေရာအချို့ကိုဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com ၁။ Le Grand Elephan အမြင့် (၁၂) မီတာ၊ အကျယ် (၈) မီတာ နဲ့ အရှည် (၂၁) မီတာရှိတဲ့ Le Grand Elephant စက်ရုပ်ကြီးကတော့ ပြင်သစ်နိုင်ငံ Jules Verne World မှာတည်ရှိပါတယ်။ ဒီ စက်ရုပ်ကြီးကိုစီးပြီး ဓာတ်ပုံရိုက်ဖို့ဆိုတာကတော့ Social […]

Knowledge

ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၉-၁၉၄၅) အတွင်းက ပြောစမှတ်တွင်ခဲ့ရတဲ့ ဓာတ်ပုံလေးတွေ

အခုတစ်ခေါက်မှာတော့ရွှေခေတ်ပရိသတ်တွေအတွက် ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၉-၁၉၄၅) အတွင်းက ပြောစမှတ်တွင်ခဲ့ရတဲ့ ဓာတ်ပုံလေးတွေကို ဗဟုသုတအဖြစ်ကြည့်ရှုလေ့လာလို့ရအောင် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော် ….. shwekhitonlinetv.com ၁။ ရန်သူများကိုလှည့်ဖြားရန်ဖန်တီးထားတဲ့ ပြောင်မြောက်သောနည်းဗျူဟာထဲမှတစ်ခုဖြစ်သည့် လေထိုးထားသော Sherman တင့်ကား။ shwekhitonlinetv.com ၂။ ဒုတိယကမ္ဘာစစ်မှခွေးလေးတွေဟာလည်း လူသားတွေနဲ့အတူရန်သူ့နယ်မြေထဲကိုအတူတကွလိုက်ပါ လေထီးခုန်ဆင်းချရပြီး မိုင်းများကိုအနံ့ခံရပါတယ်။ သူတို့လေယာဉ်ပေါ်ကခုန်ချဖို့အတွက်ကိုတော့ အသားတုံးကြီးတွေနဲ့ သွေးဆောင်ရပါတယ်။ shwekhitonlinetv.com ၃။ နေ့ခင်းဘက် ဓာတ်ပုံကင်းထောင်မစ်ရှင်တွေမှာအသုံးပြုတဲ့ Spitfire လေယာဉ်များကို အပြာရောင်ဆေးခြယ်ထားသော်လည်း ညနေစောင်း (သို့မဟုတ်) အာရုံတက်ချိန်တွင် အပြင်ထွက်မယ့် Spitfire လေယာဉ်တွေကိုတော့ […]

Knowledge

“လ” မရှိတော့တဲ့အခါ ကမ္ဘာကြီးမှာ ဘာတွေဖြစ်ကုန်မလဲ

“လ” ဟာကမ္ဘာကိုအလင်းရောင်ပေးရုံသာမကဘဲ အခြားသောအကျိုးများစွာကိုလည်းပြုနေတာနှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်ပါတယ်။ တစ်ကယ်လို့များ “လ” မရှိတော့တဲ့အခါ ကမ္ဘာကြီးမှာဘာတွေဖြစ်ကုန်မလဲဆိုတာ စဉ်းစားကြည့်မိဖူူူးပါသလား။ အခုဖော်ပြပေးမှာကတော့ “လ” မရှိတော့ရင်ကမ္ဘာမှာဖြစ်ပွားမယ့် အထင်သာအမြင်သာမရှိဆုံး အချက် (၅) ချက်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ ညတွေဟာပိုပြီးမှောင်မိုက်လာပါလိမ့်မယ်။ “လ” မရှိတော့တဲ့အချိန် ကောင်းကင်မှာအလင်းလက်ဆုံးက ဗီးနပ်စ်ဂြိုဟ် (သောကြာကြယ်) ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဗီးနပ်စ်ကကမ္ဘာမြေရဲ့ညတွေအတွက် လုံလောက်တဲ့အလင်းကိုပေးစွမ်းနိုင်မှာတော့မဟုတ်ပါဘူး။ “လ” အပြည့်သာတာက ဗီးနပ်စ်ထက် အဆပေါင်း (၂၀၀၀) လောက်ပိုလင်းပါတယ်။ shwekhitonlinetv.com ၂။ တစ်ကယ်လို့များ “လ” […]

Knowledge

သာမန်မဟုတ်ဘဲ ထူးခြားဆန်းကြယ်တဲ့ အရာတွေကို ပြသထားတဲ့ ပြတိုက်များ

ဒီတစ်ခေါက်ဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ ပုံမှန်မြင်တွေ့နေကျပြတိုက်တွေနဲ့မတူဘဲ ထူးထူးဆန်းဆန်းအရာတွေကိုစုစည်းပြသထားတဲ့ ပြတိုက်အချို့အကြောင်းပဲဖြစ်ပါတယ်။ ဒီပြတိုက်တွေကတော့ UK မှာတည်ရှိတာဖြစ်ပြီး ထူးခြားတဲ့အရာတွေကိုလေ့လာချင်သူတွေအနဲ့နဲ့ သွားရောက်လေ့လာကြည့်ဖို့ အကြံပြုချင်ပါတယ်။ shwekhitonlinetv.com ၁။ The Hunterian Museum လန်ဒန်မြို့မှာရှိတဲ့ The Hunterian Museum မှာရှိတဲ့ သတ္တဝါပေါင်းစုံရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကြောင့် သင့်ကိုစိတ်မသာဖြစ်စေနိုင်ပေမယ့် ဇီဝဗေဒစူးစမ်းလေ့လာသူတွေအတွက်တော့ အတော်လေးကိုအရေးပါတဲ့ ပြတိုက်တစ်ခုဖြစ်ပါတယ်။ ဒီပြတိုက်ထဲမှာ ဆေးစိမ်ထားတဲ့သတ္တဝါမျိုးစုံရဲ့ ခန္ဓာကိုယ်တွေ၊ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေ အရိုးစုတွေပြသထားတာကြောင့် အော်ဂလီဆန်တက်တဲ့သူတွေနဲ့ နှလုံးမကောင်းတဲ့သူတွေအတွက်ကတော့ ရှောင်ရှားသင့်တဲ့ပြတိုက်တစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ Pencil […]

Knowledge

ငွေကြေးများစွာအကုန်ကျခံတည်ဆောက်ခဲ့ပေမယ့် စွန့်ပစ်ခံနေရာတွေ ဖြစ်သွားခဲ့ရတဲ့ လျှိ့ဝှက်မြေအောက်ပရောဂျက်ကြီးများ

အခုတစ်ခေါက်မှာတော့ ကမ္ဘာ့သမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးနဲ့ ငွေကြေးများစွာအကုန်ကျခံတည်ဆောက်ခဲ့ပြီး စွန့်ပစ်ခံနေရာတွေဖြစ်သွားခဲ့ရတဲ့ လျှိ့ဝှက်မြေအောက်ပရောဂျက်ကြီးတွေအကြောင်းကိုဖော်ပြပေးချင်ပါတယ်။ စိတ်ဝင်စားရင်အဆုံးထိဖတ်ရှုပေးကြပါဦးနော် ….. shwekhitonlinetv.com ၁။ Project Riese နာဇီမြေအောက်မြို့တော် – အမေရိကန်ဒေါ်လာ (၈၈၇) သန်း ဒုတိယကမ္ဘာစစ်ကြောင့် မဟာမိတ်နိုင်ငံတွေဟာအဖက်ဖက်မှာ အကြီးအကျယ်ဆုတ်ယုတ်နေချိန် နာဇီဂျာမနီတွေကတော့ ကြီးမားတဲ့ပရောဂျက်တွေဆွဲပြီးလျှို့ဝှက်အဆောက်အအုံတွေကို မြေအောက်ထဲမှာတည်ဆောက်နေခဲ့ပါတယ်။ အဲ့ဒီထဲမှာ Gargantuan ဆိုတဲ့မြေအောက်မြို့တော်ကတော့ အကုန်အကျအများဆုံးနဲ့ အကျော်ကြားဆုံးဖြစ်ခဲ့ပါတယ်။ Project Riese လို့အမည်ပေးထားတဲ့ ဒီစီမံကိန်းမှာတော့ ကြီးမားတဲ့အဆောက်အအုံ (၇) ခုပါဝင်ပြီးတစ်ခုနဲ့တစ်ခုကို ဥမင်လိုဏ်ခေါင်းတွေနဲ့ဆက်သွယ်တည်ဆောက်ထားတာဖြစ်ပါတယ်။ ဒီမြို့တော်တည်ဆောက်ရခြင်းက […]

Knowledge

သြစတေးလျနိုင်ငံတနိုင်ငံတည်းမှာပဲ တွေ့ရနိုင်တဲ့ ထိတ်လန့်ဖွယ် အခြေအနေများ

သြစတေးလျနိုင်ငံဟာ လှပတဲ့ရှူခင်း ကောင်းမွန်တဲ့ ရာသီဥတုတွေအပြင် ဆန်းကြယ်လှတဲ့ တိရစ္ဆာန်တွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်လျက်ရှိပါတယ်။ တကမ္ဘာလုံးမှာ မတွေ့ရ မကြုံရနိုင်တဲ့ အခြေအနေတွေကိုလည်း သြစတေးလျနိုင်ငံမှာပဲ တွေ့ရှိနိုင်ပါတယ်။ ဒီတခါမှာတော့ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် သူများနဲ့မတူ တမူထူးခြားလှတဲ့ သြစတေးလျနိုင်ငံရဲ့ ထိတ်လန့်ဖွယ်အခြေအနေတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ ကြီးမားလှတဲ့ပိုးဖလံ သြစတေးလျနိုင်ငံမှာဆိုရင်တော့ လူလက်တဖက်စာမကတဲ့ အင်းစက်တွေကိုလည်း တွေ့နိုင်ပါတယ်။ ပုံမှာတွေ့မြင်ရတဲ့ အကောင်ကြီးကတော့ ကြီးမားလှတဲ့ ပိုးဖလံအကောင်ကြီးပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ […]

Knowledge

မှန်တယ်ထင်ပြီး မှားနေတဲ့ မီးဖိုချောင်က အမှား (၇) မျိုး

ဒီတစ်ခါဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ နေ့စဉ်သုံးပစ္စည်းလေးတွေနဲ့ပတ်သက်ပြီး လူအတော်များများ အသုံးပြုပုံအနည်းငယ်လွဲမှားနေတဲ့ အကြောင်းပဲဖြစ်ပါတယ်။ ဘယ်လို အသုံးအဆောင်ပစ္စည်းလေးတွေကို ဘယ်လိုမျိုးအသုံးပြုရင် ပိုမိုသင့်တော်ကောင်းမွန်မလဲဆိုတာ လေ့လာကြည့်ရှုလိုက်ရအောင်နော် …… shwekhitonlinetv.com ၁။ ဂျုတ် (သို့) ဘလိတ်ဓားများကို အစိုဓာတ်မရနိုင်သောနေရာတွင်ထားပါ။ လူအများစုဟာ ဂျုတ်တွေကို တစ်ခါသုံး (ဒါမှမဟုတ်) ကာလအနည်းငယ်သာအသုံးပြုလို့ရတဲ့အရာတွေလို့ ထင်မှတ်တက်ကြပါတယ်။ ဂျုတ်တွေကို အသုံးပြုပြီးရေချိုးခန်းထဲမှာ ထားတာဟာ ရေခိုးရေငွေ့တွေကနေ အစိုပြန်ပြီး ဘက်တီးရီးယားတွေပေါက်ပွားကာ အလွယ်တကူသံချေးတက်စေနိုင်ပါတယ်။ ဒါကြောင့် ရေချိုးခန်းလိုနေရာမျိုးနဲ့ဝေးတဲ့နေရာမှာထားမယ်ဆိုရင် အလွယ်တကူသံချေးမတက်နိုင်တော့ဘဲ ကာလအတန်ကြာ အသုံးခံမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ […]

Knowledge

မြင်တွေ့ရခဲပြီး ရှားပါးလှတဲ့ ဗြိတိန်တော်ဝင်မိသားစုတွေရဲ့ ဓာတ်ပုံ (၁၄) ပုံ

အခုတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေအတွက်မြင်တွေ့ရခဲပြီး ရှားပါးလှတဲ့ ဗြိတိန်တော်ဝင်မိသားစုတွေရဲ့ ဓာတ်ပုံလေးတွေကိုဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ နှင်းလျှောစီးဖို့ပြင်ဆင်နေတဲ့ ဒိုင်ယာနာမင်းသမီးလေး။ shwekhitonlinetv.com ၂။ သူမဟာ သူမရဲ့ဝါသနာကို သားဖြစ်သူနှစ်ဦးကိုပါလက်ဆင့်ကမ်းခဲ့ပါတယ်။ shwekhitonlinetv.com ၃။ ဒိုင်ယာနာမင်းသမီးလေးကွယ်လွန်သွားချိန်မှာတော့ ချားလ်စ်မင်းသားက မင်းသားလေးတွေဖြစ်တဲ့ ဝီလျံ နဲ့ ဟယ်ရီ တို့ကို နှင်းလျှောစီးရာမှာဆက်လက်တာဝန်ယူလိုက်ပါပေးခဲ့ပါတယ်။ shwekhitonlinetv.com ၄။ မြင်းတွေကို ချစ်တဲ့ အယ်လိဇဘတ်ဘုရင်မကြီး။ shwekhitonlinetv.com ၅။ သူမအနေနဲ့ သူမရဲ့ဝါသနာကို သူမရဲ့သမီးဖြစ်တဲ့ မင်းသမီးလေး အန်နီကို လက်ဆင့်ကမ်းခဲ့ပါတယ်။ shwekhitonlinetv.com ၆။ ဘုရင်မကြီးဟာ မြင်းတွေသာမကပါဘူး […]

Knowledge

မြင်ရသူတိုင်းကို အံ့အားသင့်စေမယ့် ရှေးခေတ်တုန်းက ဓာတ်ပုံများ

ဒီတစ်ခေါက်ရွှေခေတ်ပရိသတ်တွေအတွက်ဖော်ပြပေးသွားမယ့် ခေတ်ဟောင်းကဓာတ်ပုံတွေကတော့ မြင်ရသူကိုအတော်လေး အံ့အားသင့်သွားစေမယ်လို့ထင်ပါတယ်။ ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ ရှားပါးဓာတ်ပုံလေးတွေဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော် ….. shwekhitonlinetv.com ၁။ စစ်သားများအားလက်နက်၏အစိတ်အပိုင်းများကို ပိုမိုကောင်းစွာရှင်းပြရန်နှင့် ပိုမိုမြင်သာစေရန်အတွက် အထူးဖန်တီးထားသည့် M23 (BAR) နှင့် M24 (M1 Rifle) 2X လေ့ကျင့်ရေးသေနတ်များ။ (၁၉၅၆ အောက်တိုဘာ၊ ပန်ဒယ်လ်တန်လေ့ကျင့်ရေးစခန်း) shwekhitonlinetv.com ၂။ ဆောက်လုပ်ဆဲမိုးမျှော်တိုက်ရဲ့ အပေါ်ဆုံးအလွှာမှာ စားသောက်နိုင်ဖို့ဝန်ဆောင်မှုပေးခဲ့တဲ့ Waldorf Astoria Hotel မှ စားပွဲထိုးများနှင့် စားသုံးသူများ။ ဒီလိုစတန့်ထွင်ထားတဲ့ […]