Amazing

နှစ်ထောင်ချီကြာလဲ ဘယ်တော့မှ မပုတ်သိုးတဲ့ အစားအစာများ

မိမိတို့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ တစ်ချို့အစားအစာတွေဟာ သတ်မှတ်ရက်ထက်ကျော်လွန် ပြီးမှစားသုံးရင် ဘေးထွက်ဆိုးကျိုးများစွာ ရရှိစေနိုင်ပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးမယ့် အစားအစာတွေကတော့ နှစ်ပေါင်းထောင်ချီကြာမြင့်ရင်တောင် သက်တမ်းကုန်ဆုံးပျက်စီးခြင်းမရှိတဲ့ အစားအစာတွေဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ သဘာဝပျားရည် အချို့က ပျားရည်ကို ဘုရားရဲ့ဆေး လို့တင်စားပြောဆိုကြပါတယ်။ အမှန်တကယ်လည်းပျားရည်က ကျန်းမာရေးအတွက် ကောင်းကျိုးများစွာပေးစွမ်းနိုင်ပြီး ခန္ဓာကိုယ်အလှအပအတွက်လည်းများစွာ အသုံးတည့်လှပါတယ်။ သဘာဝအတိုင်းရှိနေတဲ့ ပျားရည်ကို ဘက်တီးရီးယားပိုးမွှားတွေဖျက်စီးနိုင်စွမ်း မရှိတာကြောင့် တစ်ချို့ပျားရည်တွေဆို နှစ်ထောင်နဲ့ချီပြီးသက်တမ်းရှိတယ်လို့သိရပါတယ်။ ဒီအချက်ကို ရှေးဟောင်းသုတေသန ပညာရှင် […]

Amazing

ကမ္ဘာပေါ်က အသားစားကြမ်းတဲ့ အပင် (၇) မျိုးအကြောင်း

အပင်တွေဆိုတာက ​မရွေ့လျားနိုင်ပဲတစ်နေရာတည်းမှာသာ ရပ်တည်နေထိုင်ကြတဲ့ သက်ရှိတွေဖြစ်ပါတယ်။ အပင်အများစုကတော့ နေရောင်ခြည်ကရရှိလာတဲ့ ဓါတ်တွေကို အစာအဖြစ် ချက်လုပ်ပြီး အသက်ရှင်နေထိုင်ကြပါတယ်။ အခု ပြောပြပေးသွားမယ့် အပင်တွေကတော့ နေရောင်ခြည်က ရတဲ့ ဓာတ်တွေကို မှီခိုစားသောက်ကြတဲ့အပြင် သတ္တဝါတွေရဲ့ အသားကိုလည်းစားသုံးတဲ့ အပင် အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ Tropical Picther Plant ပစ်ချာအပင်တွေဟာ အက်စစ်ဓါတ်လွန်ကဲတဲ့ မြေကြီးတွေပေါ်မှာ သသာဝအတိုင်းပေါက်ရောက်လေ့ရှိပြီး အသားစားကြမ်းတဲ့အပင်တွေအဖြစ် နာမည်ကျော်ကြားလှပါတယ်။ အရှေ့တောင်အာရှတစ်ဝိုက်နဲ့ သြစတြေးလျနိုင်ငံတို့မှာ […]

Knowledge

Black Panther မင်းသား Chadwick Boseman ရဲ့စိတ်ဝင်စားဖွယ် အ​ချက်များ

ကမ္ဘာကျော် မာဘယ်လ်ရုပ်ရှင်ဇာတ်ကားတွေထဲက ပရိသတ်အကြိုက် စူပါဟီးရိုးတစ်ယောက်ဖြစ်တဲ့ Black Panther ဇာတ်ရုပ်ကို သရုပ်ဆောင်ခဲ့တဲ့ မင်းသား Chadwick Boseman ဟာ သြဂုတ်လ (၂၈) ရက် ၂၀၂၀ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တာအားလုံးအသိဖြစ်ပါတယ်။shwekhitonlinetv.com သူဟာ အူမကြီးကင်ဆာရောဂါကို ခံစားနေခဲ့ရတဲ့သူတစ်ယောက်ဖြစ်ပီး သေဆုံးချိန်မှာ အသက် (၄၃) နှစ်သာရှိသေးတယ်လို သိရပါတယ်။ ဒီနေ့မှာတော့ Chadwick Boseman နဲ့ပတ်သက်ပြီး ပရိသတ်တွေ စိတ်ဝင်စားလောက်မယ့် အကြောင်းအရာလေးတွေကို ရွေးချယ်ဖော်ပြ အပေးသွားမှာပဲဖြစ်ပါတယ်။ […]

Amazing

အံ့အားသင့်ဖွယ် ထူးခြားတဲ့ အာကာသဆိုင်ရာ အချက်အလက်များ

မင်္ဂလာပါ ရွှေခေတ် စာဖတ် ပရိသတ်တို့ရေ … ။ ဒီတခေါက် ပြောပြပေးသွားမှာကတော့ အံ့အားသင့်ဖွယ် အာကာသဆိုင်ရာအချက်အလက်များအကြောင်းပဲ ဖြစ်ပါတယ်။ ၁။ လည်ပတ်နှုန်းနှေးလာတဲ့ ကမ္ဘာကြီး အရင်ကထက်စာရင် ကျွန်တော်တို့ကမ္ဘာကြီးမှာ နေ့ရက်တွေဟာ ပိုပြီးရှည်လျားလာတော့မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လရဲ့ ကမ္ဘာပေါ်သက်ရောက်နေတဲ့ (Tidal Force) တွေကြောင့်ပဲ ဖြစ်ပါတယ်။ (Atomic Clock) တွေရဲ့ဖော်ပြချက်အရတော့ ဒီနေ့ခေတ်ရဲ့ တစ်နေ့တာဟာ လွန်ခဲ့တဲ့ ရာစုနှစ်ကထက်စာရင် (၁.၇) မီလီစက္ကန့် […]

Knowledge

ပဟေဠိ ဖြစ်နေတဲ့ (၁၆) ရာစုဘုရားကျောင်းနံရံပေါ်က ရုပ်တုရဲ့ အဖြစ်မှန်

ဥရောပတိုက်က ထင်ရှားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ စပိန်နိုင်ငံ Salamanca မြို့မှာတော့ အဓိကဘုရားရှိခိုးကျောင်းကြီး (၂) ခုရှိပါတယ်။ ဒီအထဲက Viejaဘုရားရှိခိုးကျောင်းဟာ (၁၂) ရာစုအလယ်ပိုင်းလောက်ကတည်းက တည်ဆောက်ခဲ့တာဖြစ်ပြီး ဥရောပရဲ့ရှေးအကျဆုံးဘုရားရှိခိုးကျောင်းတွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ shwekhitonlinetv.com နောက်ထပ်ဘုရားရှိခိုးကျောင်းတစ်ခုကတော့ Nueva ဖြစ်ပါတယ်။ ဒေသခံတွေကတော့ ပထမတစ်ခုဖြစ်တဲ့ Vieja ကို ဘုရားရှိခိုးကျောင်းအဟောင်း၊ ဒုတိယတစ်ခုဖြစ်တဲ့ Nueva ကို ဘုရားရှိခိုးကျောင်းအသစ်လို့ အလွယ်မှတ်သားပြီးခေါ်ကြပါတယ်။ ဘုရားရှိခိုးကျောင်းသစ် Nueva ဟာအလွန်လက်ရာမြောက်ပြီး များပြားလှတဲ့ အလှအပကျောက်ရုပ်များစွာကို ဘုရားကျောင်းရဲ့အတွင်းအပြင်နံရံတွေပေါ်မှာ ထွင်းထုထားပါတယ်။ […]

Knowledge

ရောဂါကြီးတွေကိုတောင် သက်သာစေလို့ အထင်မသေးသင့်တဲ့ ကန်စွန်းရွက်

ကန်စွန်းရွက်ကိုတော့ လူတိုင်းစားဖူးကြမယ်ထင်ပါတယ်။ ကန်စွန်းရွက်ကို ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူတွေလည်း ရှိနေနိုင်ပါတယ်။ အခြေခံလူတန်းစားတွေအဖို့တော့ ကန်စွန်းရွက်ဟာ တစ်ပတ်စာ မီနူးထဲမှာ မပါမဖြစ်ပါဝင်နေတက်တဲ့ ဟင်းလျာတစ်မျိုး ဖြစ်တယ်လို့ ဆိုရင်လည်းမှားမယ်မထင်ပါဘူး။ ဒါဟာ ကျန်းမာရေးရှုထောင့်ကနေကြည့်မယ်ဆိုရင် အလွန်အကျိုးများတဲ့ အစားအစာ စားသုံးမှုတစ်ရပ်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေကြောင့်ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ ကန်စွန်းရွက်မှာ Calcium ကြွယ်ဝစွာပါဝင်နေတာကြောင့် အရိုးနဲ့သွားတွေကို ကျန်းမာသန်စွမ်းစေနိုင်ရုံသာမက အရိုးသိပ်သည်းဆကိုလည်း တိုးမြင့်ပေးနိုင်ပြီး အရိုးပွရောဂါဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ […]

Amazing

သင့်ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေမယ့် ထူးခြားတဲ့ ခန္ဓာကိုယ်ပိုင်ရှင်များ

လူသားတွေဆိုတာက တစ်ဦးနှင့်တစ်ဦး မျိုးရိုးဗီဇအရ ခန္ဓာကိုယ်တည်ဆောက်ပုံက တူညီနိုင်ခြင်းရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် သာမန်လူသားတွေနဲ့ အတော်လေးကို ကွဲပြားနေတဲ့ ခန္ဓာကိုယ် ပုံပန်းသဏ္ဍန်တွေရှိနေတဲ့ လူတွေကတော့ ရှားပါးပါတယ်။ အခုဖော်ပြမယ့် ပုဂ္ဂိုလ်တွေကတော့ သင့်ကို အမှန်တကယ် ပါးစပ်အဟောင်းသားဖြစ်စေလောက်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဆက်လက်ဖတ်ရှုပေးပါဦးနော် ……. shwekhitonlinetv.com ၁။ Elastic Man ဗြိတိန်နိုင်ငံသားစ်ယောက်ဖြစ်တဲ့ Garry Turner ဟာ သာမန်လူတွေလို မဟုတ်ဘဲ ထူးခြားလှတဲ့ ခန္ဓာကိုယ်အရေပြားတွေကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ […]

Knowledge

ကိုဗစ်ကာလမှာ YBS စီးနင်းနေရသူတွေ သတိပြုသင့်သည့် အချက်များ

အခုလက်ရှိအချိန်ကာလ မှာဆိုရင်တော့ ကိုဗစ် ကူးစက်မြန် ကပ်ရောဂါကြီးက မြန်မာနိုင်ငံကို Second Wave အနေနဲ့ ထပ်မံရိုက်ခတ်လာပြန်ပြီဖြစ်ပါတယ်။ ပထမအကြိမ်ကထက်လည်း ရောဂါပိုးတွေ့ရှိသူတွေ အဆမတန် လျင်လျင်မြန်မြန်နဲ့ များပြားလာတာကလည်း အားလုံးအသိပဲဖြစ်ပါတယ်။ ကိုဗစ် နဲ့ပတ်သက်ပြီးဆောင်ရန်ရှောင်ရန်တွေကျတော့ အားလုံးလဲသိပြီးဖြစ်လို့ ထွေထွေထူးထူးပြောဖို့ရာတော့မရှိပါဘူး။shwekhitonlinetv.com အမှန်အတိုင်း ပြောရရင်တော့ လက်ရှိမှာဘတ်စ်ကား အစီးရေ တွေလည်း လျော့ ချ ထားတာ မို့ ရုံးသွား ရုံး ပြန် ရင် ဘတ်စ်ကားက စီးရတာကျပ်တာ၊ […]

World Top

ကမ္ဘာပေါ်က အလှပဆုံး သင်္ချိုင်း၊ သုဿာန် (၇) ခု

သင်္ချိုင်း၊ သုဿာန်တွေဆိုတာကတော့ အနိဌာရုံမြင်ကွင်းတွေ၊ ဝမ်းနည်းပူဆွေးမှုတွေ နဲ့ ပြည့်နှက်နေပြီး နှစ်မြို့ဖွယ်မကောင်းတဲ့ နေရာတွေလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာတော့ နှစ်စဉ်ကမ္ဘာလှည့်ခရီးသွားတွေ သန်းချီပြီး လာရောက်လည်ပတ်အောက် ဆွဲဆောင်ထားနိုင်တဲ့ သာယာကြည်နူးဖွယ် သုဿာန်တွေလည်းရှိနေပါတယ်။ shwekhitonlinetv.com မယုံမရှိပါနဲ့ ပရိသတ်ကြီးရေ ဒီလို သုဿာန်တွေက အမှန်တကယ်ပဲ အပြင်မှာရှိနေပါတယ်။ ဘယ်အရပ်ဒေသက ဘယ်လိုသုဿာန်တွေလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်ကြပါဦးနော် … shwekhitonlinetv.com ၁။ Cemetiere du Pere Lachaise, France […]

Amazing

၂၀၂၀ နောက်ပိုင်းမှာ လုံးဝ ပျောက်ကွယ်သွားနိုင်တဲ့ အရာများ

လူသားတွေနေထိုင်တဲ့ ကမ္ဘာကြီးမှာလည်း နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ရှေးယခင်ကများစွာ အရေးပါခဲ့တဲ့ အရာဝတ္ထုတွေ၊ အသုံးဝင်ခဲ့တဲ့ ပစ္စည်းကိရိယာတွေ ဟာ ဒီကနေ့အချိန်အခါမှာတော့ ဘယ်သူမှအလိုမရှိတော့လောက်အောင်ကို ဖြစ်နေပါပြီ။ ဒီလိုခေတ်နောက်အမှီမလိုက်နိုင်ဘဲ မှေးမှိန်ပျောက်ကွယ်သွားတော့မယ် အရာတွေထဲကတစ်ချို့ကိုဖော်ပြရမယ်ဆိုရင်တော့ …. shwekhitonlinetv.com ၁။ ပုံနှိပ်မဂ္ဂဇင်းများ အမေရိကန်နာမည်ကျော်ပုံနှိပ်မဂ္ဂဇင်းတွေဖြစ်ကြတဲ့ Teen Vogue နဲ့ Nylon တို့ဟာ ပုံနှိပ်မဂ္ဂဇင်းထုတ်ဝေခြင်းကိုရပ်ဆိုင်းလိုက်ပြီး အွန်လိုင်း မဂ္ဂဇင်းအဖြစ်ဆက်လက်ရပ်တည်လျက်ရှိပါတယ်။ ဒါဟာ အင်တာနက်အသုံးပြုသူများပြားလာခြင်းရဲ့ အကျိုးဆက်လည်းဖြစ်ပါတယ်။ အွန်လိုင်းကနေ စာပေတွေလေ့လာဖတ်ရှုသူ များပြားလာတာနဲ့အမျှ […]