Amazing

ကမ္ဘာပေါ်က လှပလွန်းတဲ့ ပန်းရောင်ရေကန်များ

စီးဆင်းမှုမရှိဘဲ ငြိမ်သက်နေတဲ့ ရေကန်တွေထဲက ရေဆိုတာကတော့ အများအားဖြင့်အပြာရောင်၊ ပြာလဲ့လဲ့ရောင်သာ ရှိတက်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာပေါ်က တစ်ချို့ဒေသတွေမှာ မြန်မာနိုင်ငံ တွင်းတောင်အရပ်က စိမ်းပြာရေညှိကြောင့် အရောင်ထူးခြားနေတဲ့ ရေကန်လိုမျိုး ထူးခြားတဲ့ အရောင်အသွေးနဲ့ ရေကန်မျိုးတွေလည်း တွေ့ရတက်ပါတယ်။ shwekhitonlinetv.com အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကလည်း ဒီလိုထူးခြားတဲ့ အရောင်အသွေးနဲ့ လှပလွန်းတဲ့ ကမ္ဘာပေါ်က ရေကန်အချို့ရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဒီရေကန်တွေဟာ သာမန်ရေကန်တွေနဲ့ မတူဘဲတစ်မူထူးခြားစွာသူတို့ရဲ့ ရေအရောင်က ပန်းရောင်ဖြစ်နေပါတယ်။ ဒါဟာ Dunaliella Salina လို့ခေါ်တဲ့ […]

Amazing

သင့်ကိုပါးစပ်အဟောင်းသား ဖြစ်သွားစေမယ့် အရာများ

လောကမှာ တစ်ချို့တစ်ချို့သော အရာတွေက တစ်ခါတစ်ရံမှာ မယုံကြည်နိုင်လောက်အောင်ကို ထူးဆန်းအံ့သြ ဖွယ်ရာတွေနဲ့ ပြည့်နှက်နေတက်ပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာလေးတွေကလည်း သင့်အနေနဲ့ ဖတ်ရှုလေ့လာပြီးရင် ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်နေမယ်ဆိုတာ အသေအချာပါပဲ။ ဘယ်လိုအကြောင်းအရာ တွေများဖြစ်မလဲ ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော် ……… shwekhitonlinetv.com ၁။ သစ်ပင်တစ်ပင်နဲ့တူတဲ့ လျှပ်စီးမိုးကြိုးတန်း ဒါက Photoshop နဲ့ ပြုပြင်ထားတဲ့ ပုံမဟုတ်ဘူးလို့ သိရပါတယ်။ သစ်ပင်တစ်ပင်သဖွယ် ပုံသဏ္ဍန်ထင်ဟပ်သွားတဲ့ လျှပ်စီးမိုးကြိုးတန်းကို အမိအရ […]

Amazing

သိပ္ပံပညာရပ်နဲ့ မဖြေရှင်းနိုင်သေးသော ထူးဆန်းတဲ့ သဘောတရားများ

Shwe Khit ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ဖော်ပြပေးချင်တာကတော့ ကမ္ဘာကြီးပေါ်က သိပ္ပံပညာနဲ့ မဖြေရှင်းနိုင်သေးတဲ့ ထူးဆန်းအံ့သြဖွယ်ရာ အကြာင်းတစ်ချို့ကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်လို စိတ်ဝင်စားစရာလေးတွေ ဖော်ပြမလဲဆိုတာ တစ်ခုချင်းစီကို ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com ၁။ နွားတွေမှာ သံလိုက်အိမ်မြှောင်ရှိတာလား ? သိပ္ပံပညာရှင်ဟာ Google Earth ကနေ ရိုက်ထားတဲ့ ထောင်ပေါင်းများစွာသော နွားတွေကို လေ့လာတဲ့အခါမှာတော့ ထူးဆန်းတာတစ်ခုကို သွားပြီး တွေ့ရှိခဲ့ကြပါတယ်။ ဒါကတော့ […]

Amazing

စိတ်ကူးဉာဏ်ကောင်းကောင်းနဲ့ ဖန်တီးထားသော တီထွင်မှုများ

အခုတစ်ခေါက်မှာ Shwe Khit ပရိသတ်ကြီးအတွက် ဖော်ပြပေးချင်တာကတော့ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်ခဲတွေကို စိတ်ကူးဉာဏ်ကောင်းကောင်းနဲ့ တီထွင်ပြီး ဘယ်လိုဖြေရှင်းလိုက်လဲဆိုတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပုံတစ်ပုံချင်းစီတိုင်းကို အသေးစိတ်လေး ဖတ်ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com ၁။ အရက်ထည့်သောက်လို့ရတဲ့ နက်ကတိုင် ဒီတီထွင်မှုကတော့ အမျိုးသားတွေအတွက် အပျော်ကြီး ပျော်စေမယ့် တီထွင်မှုတစ်ခုလို့ပဲ ပြောရမှာပါ။ သာမန် နက်ကတိုင်ပုံစံမျိုးကိုမှ အထဲမှာ အရည်ထည့်လို့ရတဲ့ အိတ်ကလေးတစ်ခုထည့်ပေးထားတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အလုပ်လုပ်နရင်းနဲ့လည်း ကိုယ်ကြိုက်နှစ်သက်တဲ့ […]

Amazing

လူသားတွေဖန်တီးထားတဲ့ Hybrid သတ္တဝါများ

ဒီနေ့ကမ္ဘာပေါ်မှာတော့ သတ္တဝါမျိုးစိတ်ပေါင်းက (၈.၇) သန်းလောက်ရှိတယ်လို့သိရပါတယ်။ ဒီထဲမွာ မျိုးတုံးပျောက်ကွယ်တော့မယ့် မျိုးစိတ်တွေပါဝင်နေသလို အသစ်ထပ်မံတွေ့ရှိတဲ့ မျိုးစိတ်အသစ်တွေလဲ ပါဝင်လို့နေပြန်ပါတယ်။ အခုဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ သဘာဝအလျောက်မဟုတ် ဘဲ လူသားတွေမျိုးစပ်ဖန်တီးထားတဲ့ သတ္တဝါမျိုးစိတ်သစ်တွေ အကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ Liger ( Male Lion + Female Tiger) ခြသေ့် အထီးနဲ့ က်ား အမ နဲ့ မျိုးစပ်ထားတဲ့ သတ္တဝါဖြစ်ပါတယ်။ သူတို့ဟာကြီးထွားနှုန်းလျင်မြန်တယ်လို့သိရပြီး အကြီးဆုံးအကောင်ကတော့ […]

Amazing

လက်ရာမြောက်လွန်းလို့ မှင်တက်သွားစေခဲ့ရတဲ့ ကမ္ဘာတစ်ဝှမ်းက ရုပ်တုကြီးများ

Shwe Khit ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ ကမ္ဘာတစ်ဝှမ်းက ရုပ်တုတွေ အကြောင်းပါ။ ရုပ်တု ဆိုတာ အရွယ်အစားမျိုးစုံရှိပြီး သေးသေးလေးက စလို့ အရွယ်အစား အကြီးအထိ ဖန်တီးရတာ တစ်ကယ့်ကို ခက်ခဲလှပါတယ်။ ဒါ့ကြောင့်လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုတွေထဲက ပန်းဆယ်မျိုးဆိုတဲ့ အတတ်ထဲမှာ ပန်းပုပညာ အဖြစ် ပါဝင်လို့ နေတာလည်း ဖြစ်ပါတယ်။ အခု ဒီဘက်ခေတ်မှာ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လက်ရာမြောက်လွန်းတဲ့ ရုပ်တုတွေကို ဘယ်လိုမျိုး […]

Amazing

ပညာရှင်တွေကို ခေါင်းခဲသွားစေခဲ့တဲ့ ထူးဆန်းသော ရှာဖွေတွေ့ရှိမှုကြီးများ

လက်ရှိ မျက်မှောက်ခေတ်မှာ နည်းပညာတွေ တိုးတက်လာမှုရဲ့ ကောင်းကျိုးတွေက အများကြီးပါပဲ။ အခုဆိုရင် တစ်ချို့သောနည်းပညာတွေကို သုံးပြီး ရှေးခေတ်က ဘိုးဘေးဘီဘင်တွေရဲ့ အမွေအနှစ်ပစ္စည်းတွေနဲ့ မျိုးတုန်းပျောက်ကွယ်သွားတဲ့ သက်ရှိရုပ်ကြွင်းတွေကိုပါ နှံ့နှံ့စပ်စပ် ရှာဖွေ လာနိုင်ကြပါပြီ ။ ဒါ့ကြောင့် အခုတစ်ခေါက်မှာ Shwe Khit ပရိသတ်ကြီးအတွက် ဗဟုသုတရစေရန် လူသားတွေရဲ့ ရှာဖွေတွေ့ရှိမှုတွထဲက ထူးထူးဆန်းဆန်းတွေ့ခဲ့တာတွေကို ဖော်ပြပေးမှာပါပဲ ဖြစ်ပါတယ်။ တစ်ခုချင်းစီကို သေချာ လေ့လာကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com ၁။ Moba […]

Amazing

သာမန်မျိုးစိတ်တူအကောင်တွေနဲ့ မတူပဲ ထူးဆန်းစွာအရောင် ကွဲထွက်နေတဲ့ အကောင်များ

အခုဖော်ပြပေးချင်တာကတော့ သာမန်အကောင်တွေလိုမျိုး မဟုတ်ပဲ ထူးဆန်းစွာအရောင်ကွဲထွက်နေတဲ့ အကောင်တွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီအကောင်လေးတွေဟာ မွေးကတည်းက သဘာ၀အတိုင်း ထူးထူးခြားခြား အရောင်တွေပါလာလို့ ဘယ်လို အကောင်လေးတွေ ပါမလဲဆိုတာ တစ်ပုံချင်းစီ ကြည့်လိုက်ပါ ဦးနော်… shwekhitonlinetv.com အခုမြင်နေရတဲ့ အကောင်လေးတွေဟာဆိုရင် သူတို့နဲ့ မျိုးရင်းတူ အကောင်တွေထဲက ထူးထူးခြားခြား အရောင်ကွဲထွက်နေကြတဲ့ အကောင်လေးတွေပဲ ဖြစ်ပါတယ်။ ဒါဟာ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်သလို ကိုယ်တွင်းရှိ ဆဲလ်ပြောင်းလဲမှုတွေနဲ့ လည်း ဆိုင်ပါတယ်။ […]

Amazing

နောက်တစ်ခေါက် သေချာပြန်ရိုက်ပြဖို့ မဖြစ်နိင်တော့တဲ့ ဓာတ်ပုံများ

ဒီတစ်တခါက်မှာတော့ ပရိသတ်ကြီးကို ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ အမိအရ လျှပ်တပြက် ရိုက်ကူးနိုင်ခဲ့တဲ့ ထူးထူးဆန်းဆန်း ဓာတ်ပုံတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီလိုပုံမျိုးတွေကို နောက်တစ်ခါ ပြန်ရိုက်ဖို့ဆိုတာ သိပ်မလွယ်လောက်တော့ပါဘူး။ ဒါ့ကြောင့် တစ်ပုံချင်းစီကို သေချာ ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com ၁။ ဖန်ခွက် ၂ ခုကြားက အကြွေစေ့လေး အခုပဲမှာ မြင်နေရတဲ့ ပုံဟာဆိုရင် ဖိုတိုရှော့နဲ့ ပြုပြင်ထားတာ မဟုတ်ပါဘူး.။ လက်တွေ့ အပြင်လောကမှာ အခုလို ဖန်တီးတဲ့ […]

Amazing

ပေါက်ပေါက်ရှာရှာ ဖန်တီးလိုက်မိသလိုဖြစ်သွားတဲ့ ဒီဇိုင်း အလွဲများ

အခုတစ်ခေါက်မှာတော့ ပရိသတ်ကြီးအတွက် ဘဝအမောတွေပြေစေမယ့် အကြောင်းအရာလေးတစ်ခုကို ပြောပြပေးချင်ပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ ဒီဇိုင်းဆွဲတဲ့သူတွေ မှားယွင်းစွာ လုပ်မိတဲ့ ပုံလေးတွေကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်။ တစ်ချို့ပုံတွေဆို တော်တော်လေးကို အူတက်အောင် ရယ်နေရတာပါ။ ဘယ်လိုပုံတွေဖြစ်မလဲဆိုတာ အတူကြည့်လိုက်ရအောင်နော်…. shwekhitonlinetv.com ၁။ ခေါင်းမူးတတ်တဲ့သူတွေ မစီးသင့်တဲ့ ဓာတ်လှေကား တစ်ချို့သူတွေက ဓာတ်လှေကားစီးရင် အမြင့်ရောက်လေ ခေါင်းမူးလေ မျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီ ဓာတ်လှေကားကတော့ မစီးခင်ထဲက ခေါင်းမူးသွားရမှာပါ။ အထပ်ပေါင်း […]