Amazing

တစ်ကြိမ်အားသွင်းထားရင် (၇) လလောက်အားသွင်းဖို့မလိုတဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဇိမ်ခံကား

ဆိုလာလျှပ်စစ်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Lightyear ဟာ တစ်ခါအားသွင်းထားရင် (၇) လလောက်ထပ်မံအားသွင်းဖို့မလိုတဲ့ ၎င်းတို့ရဲ့ထုတ်ကုန်သစ်ဖြစ်တဲ့ လျှပ်စစ်ကားကို မိတ်ဆက်ခဲ့ပါတယ်။ ဒီလျှပ်စစ်ကားရဲ့ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ (၂၅၄,၀၀၀) ဖြစ်ပါတယ်။ shwekhitonlinetv.com ဒါဟာ ပိုက်ဆံရှိလူတန်းစားတွေအတွက်တော့ မပြောပလောက်တဲ့ပမာဏဖြစ်ပေမယ့် လူူတန်းစားမရွေးဝယ်ယူအသုံးပြုနိုင်ဖို့ကတော့ အတော်လေးကို အလှမ်းကွာဝေးတဲ့ ဈေးနှုန်းတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် Lightyear အနေနဲ့ လာမယ့် ၂၀၂၄ (သို့မဟုတ်) ၂၀၂၅ ခုနှစ်မှာ ယခုလိုကားမျိုးကို အမေရိကန်ဒေါ်လာ (၃၀,၀၀၀) ဝန်းကျင်နဲ့ ဝယ်ယူနိုင်အောင် ကြိုးပမ်းထုတ်လုပ်သွားမယ်လို့ […]

Amazing

သိပ္ပံပညာရှင်တွေ အချက်ကျကျရှင်းပြဖို့ရာ မဖြစ်နိုင်တဲ့အကြောင်းအရာ (၅) ခု

အခုတစ်ခေါက်မှာတော့ ဆန်းကြယ်မှုတွေနဲ့ပြည့်နှက်နေတဲ့ ကမ္ဘာကြီးရဲ့အကြောင်းတွေထဲက သိပ္ပံပညာရှင်တွေအပါအဝင် ဘယ်သူမှအချက်ကျကျရှင်းပြဖို့ရာ မဖြစ်နိုင်တဲ့အကြောင်းအရာ (၅) ခုကိုဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ စက်ကိရိယာမပါဘဲတည်ဆောက်ခဲ့တဲ့ ကျောက်တံတိုင်းကြီး ပီရူူးနိုင်ငံ Cusco ဒေသမှာရှိတဲ့ အင်ကာလူမျိုးတွေရဲ့ ရဲတိုက်ကြီးကို အလျား (၃၆၀) မီတာ၊ အမြင့် (၉) မီတာရှိတဲ့ ကျောက်တုံးစည်းရိုးကြီးကာရံထားပါတယ်။ ဒီကျောက်တုံးတွေရဲ့အလေးချိန်ဟာ တန်ချိန်ပေါင်း (၃၀၀) ကျော်ရှိပေမယ့် စက်ကိရိယာတစ်စုံတစ်ခုမပါဝင်ဘဲ တည်ဆောက်ခဲ့တာလို့သိရပါတယ်။ အင်ကာလူ့ယဉ်ကျေးမှုဟာ ကမ္ဘာပေါ်မှာရှေးအကျဆုံးလူ့အဖွဲ့အစည်းတွေထဲကတစ်ခုဖြစ်ပြီး ဘီစီ (၁၂၀၀) လောက်မှာက အကြီးကျယ်ဆုံးအင်ပါယာတစ်ခုကိုလည်းထူထောင်ခဲ့ကြသူတွေဖြစ်ပါတယ်။ shwekhitonlinetv.com […]

Amazing

တိရိစ္ဆာန်လေးတွေရဲ့ပုံသဏ္ဍာန်ဖြစ်ပေါ်နေတဲ့ ထူးထူးခြားခြား ကျောက်တုံးများ

အခုတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို ထူးထူးခြားခြားကျောက်တုံးကျောက်ဆောင်တွေအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီကျောက်တုံးကျောက်ဆောင်လေးတွေက သဘာဝအတိုင်း တိရိစ္ဆာန်လေးတွေရဲ့ပုံသဏ္ဍာန်ဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ ဆာဒီးနီးယား – အီတလီ အီတလီနိုင်ငံဟာ ပိုလာဝက်ဝံတွေကိုတွေ့မြင်ရနိုင်တဲ့ နေရာကောင်းတစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် အီတလီနိုင်ငံရဲ့ ဆာဒီးနီးယား (Sardinia) ဒေသမှာတော့ကျောက်တုံးနဲ့ပြုလုပ်ထားတဲ့ ပိုလာဝက်ဝံတွေကိုသင့်အနေနဲ့ တွေ့မြင်ရပါလိမ့်မယ်။ shwekhitonlinetv.com ၂။ ဟေးမာယေး – အိုက်စလန် ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ ဒီကျောက်ဆောင်ကြီးရဲ့ပုံသဏ္ဍာန်က ဝမ်းနည်းနေတဲ့ဆင်လေးတစ်ကောင် ငြိမ်သက်စွာနေနေတဲ့ပုံစံနဲ့တူပါတယ်။ ဒီကျောက်ဆောင်ကြီးရှိနေတာကတော့ အိုက်စလန်နိုင်ငံ ဟေးမာယေး (Heimaey) ဒေသမှာဖြစ်ပါတယ်။ shwekhitonlinetv.com ၃။ […]

Amazing

နေအိမ်ခြံဝန်းထဲက မြေကြီးအောက်ထဲကနေ မထင်မှတ်ဘဲနဲ့ ရှာဖွေတွေ့ရှိခဲ့တဲ့ အရာဝတ္ထုတွေအကြောင်း

ဒီတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို ထူးထူးခြားခြားအကြောင်းအရာလေးတွေ အကြောင်းတင်ဆက်ပေးချင်ပါတယ်။ ဒီအကြောင်းအရာလေးတွေကတော့ မိမိတို့ရဲ့နေအိမ်ခြံဝန်းထဲက မြေကြီးအောက်ထဲကနေ မထင်မှတ်ဘဲနဲ့ ရှာဖွေတွေ့ရှိခဲ့တဲ့ အရာဝတ္ထုတွေအကြောင်းပဲဖြစ်ပါတယ်။ ဘယ်လိုမျိုးအရာဝတ္ထုတွေဖြစ်မလဲဆိုတာကို ဆက်လက်ဖတ်ရှုပေးကြပါဦးနော် ….. shwekhitonlinetv.com ၁။ ဒေါ်လာ (၁၇၅၀၀၀) တန်ဖိုးရှိဆေးခြောက်များ ၂၀၁၂ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့အိမ်ကိုဆိုလာပြားတွေတပ်ဆင်ဖို့လုပ်ရင်း အံ့သြစရာအဖြစ်အပျက်တစ်ခုကိုကြုံတွေ့ခဲ့ပါတယ်။ အဲ့ဒါကတော့ သူ့အနေနဲ့လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကိုယူဖို့အတွက်မသုံးတာကြာပြီဖြစ်တဲ့ မြေအောက်စတိုခန်းကိုဖွင့်ခဲ့ရာမှာ များပြားလှတဲ့ဆေးခြောက်အထုပ်တွေကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၁၇၅၀၀၀) ဖိုးလောက်ရှိတဲ့အဲ့ဒီဆေးခြောက်ထုပ်ကြီးကိုတော့ သူ့အနေနဲ့ အာဏာပိုင်တွေထံကိုအပ်နှံခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com […]

Amazing

အင်္ဂလန်ဘုရင်မကြီးပိုင်ဆိုင်တဲ့ ကျောက်မျက်ရတနာပေါင်းများစွာထဲကမှ တန်ဖိုးအကြီးဆုံး လက်ဝတ်ပစ္စည်းများ

၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ အဲလိဇဘက် ၂ ဘုရင်မကြီးဟာ သူမမကွယ်လွန်ခင်အချိန်အထိ တန်ဖိုးမဖြတ်နိုင်တဲ့ ကျောက်သံပတ္တမြားပေါင်းများစွာကို စုဆောင်းခဲ့သူဖြစ်ပါတယ်။ သူမစုဆောင်းခဲ့သမျှ ကျောက်မျက်ရတနာပေါင်းများစွာရဲ့ ခန့်မှန်းခြေတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၄ ဘီလီယမ်တန်ဖိုးရှိတယ်လို့ ဆိုကြပါတယ်။ တချို့ကျောက်သံပတ္တမြားများဟာ ရှေးယခင်က အုပ်စိုးခဲ့တဲ့ တော်ဝင်မျိုးနွယ်များရဲ့ လက်ဆင့်ကမ်းပေးအပ်ခဲ့တဲ့အရာများဖြစ်ပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် အင်္ဂလန်ဘုရင်မကြီးပိုင်ဆိုင်တဲ့ ကျောက်မျက်ရတနာများထဲကမှ တန်ဖိုးအကြီးဆုံးရတနာတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၈။ Queen Alexandra’s Wedding Necklace ဒီလည်ဆွဲကိုတော့ […]

Amazing

ပင်လယ်သမုဒ္ဒရာတွေထဲက ထူးထူးခြားခြားသက်ရှိသတ္တဝါလေးတွေ

အခုတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို ပင်လယ်သမုဒ္ဒရာတွေထဲက ထူးထူးခြားခြားသက်ရှိသတ္တဝါလေးတွေအကြောင်းဖော်ပြပေးချင်ပါတယ်။ ဒီအထဲမှာကိုယ်မြင်ဖူးတဲ့ သတ္တဝါဘယ်နှစ်ကောင်လောက်ပါမလဲဆိုတာ ကြည့်ကြည့်လိုက်ပါဦးနော် ….. shwekhitonlinetv.com ၁။ ရှားပါးပြီး မျိုးတုန်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ Eagle Ray ၂။ ထူးဆန်းတဲ့ပုံသဏ္ဍာန်နဲ့ အနီရောင်အဆင်းရှိတဲ့ Vampire Squid ၃။ အရောင်အသွေကွဲပြားစုံလင်စွာဖြစ်တည်နိုင်တဲ့ Christmas Tree Worm ၄။ ငှက်အမွှေးအတောင်တွေပုံသဏ္ဍာန် ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ Feather star ၅။ သစ်ပင်များကဲ့သို့ အလင်းရောင်မှနေအစာချက်လုပ်နိုင်သည့် ပင်လယ်မျှော့တစ်မျိုး ၆။ အမိုက်စားတိုက်ခိုက်ရေးလက်နက်ကဲ့သို့ လက်သည်းတွေပါတဲ့ […]

Amazing

ကမ္ဘာပေါ်က အံ့သြစရာ အကောင်းဆုံး နေရာ (၇) ခု

ကမ္ဘာပေါ်မှာစွဲမက်နှစ်သက်ဖွယ်ရာကောင်းလွန်းတဲ့ အလှအပတွေနဲ့ပြည့်နှက်နေတဲ့ နေရာတွေများစွာရှိပါတယ်။ ဒီနေ့မှာတော့ အဲ့ဒီနေရာတွေထဲက တစ်ချို့ရဲ့အကြောင်းကိုရွေးချယ်ဖော်ပြပေးလိုက်ရပါတယ်။ ၁။ ဂလာပါဂို့စ်ကျွန်း – အီကွေဒေါ ဂလာပါဂို့စ်ကျွန်း (Galapagos Island) ကတော့ ကမ္ဘာပေါ်မှာအခြားဘယ်နေရာမှာမှ မရှိနိုင်တဲ့ထူးထူးဆန်းဆန်းသတ္တဝါမျိုးစိတ်တွေ ရှင်သန်နေထိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ အီကွေဒေါနိုင်ငံရဲ့ပိုင်နက်ထဲမှာရှိတဲ့ ဂလာပါဂို့စ်ကျွန်းဟာ အီကွေဒေါပြည်မကြီးရဲ့ အနောက်ဘက် မိုင် (၆၀၀) လောက်ဝေးတဲ့ ပစိဖိတ်သမုဒ္ဒရာထဲမှာတည်ရှိပါတယ်။ လူသူအရောက်အပေါက်နည်းပြီး မီးတောင်ရှင်တွေလည်းပေါတဲ့ ဂလာပါဂို့စ်ကျွန်းဟာ ယူနက်စကိုရဲ့ သဘာဝဆင့်ကဲဖြစ်စဉ်များရဲ့ပြတိုက် အဖြစ်သတ်မှတ်ခံထားရပါတယ်။ ၂။ ဟန်ဆွန်ဒွန်းလှိုဏ်ဂူ – ဗီယက်နမ် […]

Amazing

ကမ္ဘာတစ်လွှားက အလှပဆုံးနဲ့ခေတ်မီဆန်းသစ်ဆုံး မီးရထားဘူတာ (၁၀) ခု

မီးရထားတွေဆိုတာနိုင်ငံတစ်နိုင်ငံရဲ့ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍမှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အလားတူပဲ မီးရထားတွေဆိုက်ရောက်တဲ့ မီးရထားဘူတာရုံတွေဆိုတာကလည်း နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်၊ ဗိသုကာလက်ရာ၊ ကြွယ်ဝချမ်းသာမှု စတာတွေကိုအထင်းသားမြင်အောင် လှစ်ဟပြနေတဲ့အဆောက်အအုံတွေဖြစ်ပါတယ်။ အခုဖော်ပြပေးချင်တာကတော့ ကမ္ဘာတစ်လွှားက အလှပဆုံးနဲ့ခေတ်မီဆန်းသစ်ဆုံး မီးရထားဘူတာ (၁၀) ခုအကြောင်းပဲဖြစ်ပါတယ် ….. shwekhitonlinetv.com ၁။ Chhatrapati Shivaji Terminus – အိန္ဒိယ Chhatrapati Shivaji Terminus ဟာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ရဲ့ သမိုင်းဝင်အဆောက်အဦးတစ်ခုဖြစ်သလို ယူနက်စ်ကိုရဲ့အမွှေအနှစ်တစ်ခုအဖြစ်လည်း ၂၀၀၄ ခုနှစ်ကသတ်မှတ်ခံခဲ့ရတဲ့ရှေးဟောင်းဘူတာရုံပါ။ shwekhitonlinetv.com […]

Amazing

အများနဲ့မတူ တမူထူးခြားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများကြောင့် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းတင်နိုင်ခဲ့ကြသူများ

တချို့လူသားတွေဟာ သာမန်လူ့သဘာဝတရားများကနေ ကွဲထွက်ပြီး အထူးခြားဆုံး အစိတ်အပိုင်းများကို ပိုင်ဆိုင်ထားတတ်ကြပါတယ်။ဥပမာအားဖြင့် ခြေချောင်းလက်ချောင်း ၁၀ ချောင်းထက်မကပိုင်ဆိုင်ထားနိုင်တာ ဒါမှမဟုတ် သာမန်ပျမ်းမျှလူသားတွေထက် အရပ်ပိုရှည်တာမျိုးတွေ ရှိကြပါတယ်။ ဒီလိုမျိုးထူးခြားထင်ရှားတဲ့ ပုံပန်းသွင်ပြင်များကြောင့် အားလုံးထဲမှာ ထူးခြားပြီး အများအာရုံစိုက်စရာလူသားတွေ ဖြစ်လာကြပါတယ်။ အခုတခေါက်မှာတော့ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ဂင်းနစ်စံချိန်မှတ်တမ်းဝင် လူထူးလူဆန်းများအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ အမွှေးထူဆုံးလူသား လူတယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အမွှေးအမျှင်များဟာ မွေးဖွားလာရာ လူမျိုးနဲ့ မျိုးရိုးဗီဇပေါ်မူတည်ပြီး ပေါက်ဖွားတတ်ကြပါတယ်။ ဒါပေမယ့် […]

Amazing

ရှေးဟောင်းမာယာလူမျိုးစုတွေရဲ့ အငွေ့အသက်တွေကိုခံစားရမယ့် မက္ကဆီကိုတောနက်ထဲက အပန်းဖြေစခန်း

မက္ကဆီကိုနိုင်ငံ၊ Tulum မှာရှိတဲ့ တောနက်ထဲမှာတော့ ရှေးဟောင်းမာယာလူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေနဲ့ အငွေ့အသက်တွေကို ခံစားရအောင်ဖန်တီးတည်ဆောက်ထားတဲ့ Azulik Eco Resort ဆိုတဲ့ ကမ်းခြေအပန်းဖြေစခန်းတစ်ခုရှိပါတယ်။ shwekhitonlinetv.com ရှေးမာယာလူမျိုးစုတွေရဲ့ နေထိုင်ပုံအတိုင်းအနီးကပ်ဆုံး ခံစားရအောင်လို့ ဖန်တီးထားတာကြောင့် ဒီ ဟိုတယ်မှာလာရောက်တည်းခိုသူတွေအနေနဲ့ လျှပ်စစ်မီးချောင်းတွေ၊ တီဗွီတွေ၊ အဲကွန်းတွေကိုတော့ မြင်တွေ့ရမှာမဟုတ်ပါဘူး။ shwekhitonlinetv.com ဒီဟိုတယ်မှာတော့ မာယာလူမျိုးစုတွေရဲ့ လက်ရာတွေထည့်သွင်းတည်ဆောက်ထားတဲ့ ဘန်ဂလိုပုံစံအိမ် (၄၈) လုံးရှိနေပြီး ဝန်ထမ်းတွေကအစ မာယာလူမျိုးစုတွေရဲ့ ဘဝနေထိုင်မှုပုံစံအတိုင်း သဘာဝကျကျခံစားနိုင်အောင်လို့ ဝတ်စားဆင်ယင်ပြုမူပြီး ဝန်ဆောင်မှုပေးကြတယ်လို့သိရပါတယ်။ shwekhitonlinetv.com […]