ကွင်တီလီယံ တန်ဖိုး ရှိတဲ့ နေအဖွဲ့အစည်းအတွင်းက ဂြိုလ်သိမ်ဂြိုလ်မွှားများအကြောင်း
ကမ္ဘာကျော်သူဋ္ဌေးကြီးတွေဖြစ်ကြတဲ့ Jeff Bezos၊ Elon Musk စတဲ့သူတွေဟာ အခုနောက်ပိုင်းမှာ လူသားတွေကို အာကာသခရီးစဉ်တွေပို့ဆောင်ပေးတာမျိုး အာကာသထဲကိုလေ့လာစူးစမ်းမှုတွေပြုလုပ်ဖို့ အတွက်ဂြိုဟ်တုတွေပစ်လွှတ်တာမျိုးတွေ ပြုလုပ်နေတာကတော့ အားလုံးလဲသိရှိပြီးဖြစ်မယ်ထင်ပါတယ်။ သူတို့အနေနဲ့ဒီလိုမျိုးပြုလုပ်ရခြင်းရဲ့နောက်ကွယ်မှာအကြောင်းအရင်းတွေအများကြီးရှိနေနိုင်ပါတယ်။ shwekhitonlinetv.com ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နေအဖွဲ့အစည်းထဲက အချို့ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေဟာ တန်ဖိုးအားဖြင့် ကွင်တီလီယံပေါင်းများစွာတန်တဲ့ အဖိုးတန်သတ္တုတွေရှိနေကြလို့ပဲဖြစ်ပါတယ်။ သူတို့အနေနဲ့ တစ်ချိန်ချိန်မှာ ဒီဂြိုဟ်သိမ်ဂြိုဟ်မွှားတွေကနေ သတ္တုတွေကိုကမ္ဘာကို သယ်ဆောင်လာနိုင်ခြေရှိတယ်လို့လည်း ကောလဟလ သတင်းတွေထွက်ပေါ်ခဲ့တာမျိုးရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့နေအဖွဲ့အစည်းအတွင်းက မားစ်နဲ့ ဂျူပီတာဂြိုဟ်ကြားမှာရှိနေတဲ့ခါးပတ်ကွင်းက တန်ဖိုးအကြီးဆုံး ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေအကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ကွင်တီလီယံဆိုတာကတော့ […]
