News

ရုရှားကို ပြင်ပြင်းထန်ထန် ပိတ်ဆို့မှုတွေ ပြုလုပ်ပြီး တုံ့ပြန်နေတဲ့ အမေရိကန်

မိမိတို့ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ယူကရိန်းနိုင်ငံကို ဝင်ရောက်ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားနိုင်ငံကိုေတော့ လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံးက ဝိုင်းဝန်းပြစ်တင်ရှုံ့ချလျက်ရှိပြီး အဘက်ဘက်ကနေ ဝိုင်းဝန်းပိတ်ဆို့မှုတွေပြုလုပ်လျှက်ရှိပါတယ်။ shwekhitonlinetv.com ပြီးခဲ့တဲ့အင်္ဂါနေ့မှာပြောကြားခဲ့တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ မိန့်ခွန်းမှာတော့ အမေရိကန်နိုင်ငံကလေဆိပ်တွေအားလုံးကို ရုရှားဆီကလာတဲ့ ဘယ်လေယာဉ်ကိုမဆို ဆင်းသက်ခွင့်ပေးမှာ ဟုတ်တော့ကြောင်းပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com ဒါဟာ ကနေဒါ နဲ့ EU (ဥရောပသမ္မဂအဖွဲ့ဝင်နိုင်ငံများ) ပြီးတဲ့နောက် ရုရှားအတွက်နောပ်ထပ် လေကြောင်းလိုင်းဆိုင်ရာ တားဆီးပိတ်ဆို့မှုတစ်ခုလည်းဖြစ်ပါတယ်။ ကနေဒါနဲ့ ဥရောပသမ္မဂအဖွဲ့ဝင်နိုင်ငံတွေကတော့ ရုရှားလေယာဉ်တွေကို သူတို့ရဲ့လေပိုင်နက်အတွင်း ဖြတ်ပျံခွင့်တောင် မပေးတဲ့အထိ တားဆီးပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com နောက်ပြီးအမေရိကန်လေကြောင်းလိုင်းတွေကိုလည်း […]

News

ဘုရားကျောင်းရှေ့မှာ ကိုယ်လုံးတီးပုံတွေ ရိုက်ခဲ့လို့ ထောင်ကျတော့မယ့် ရုရှား Streamer

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ ရုရှားနိုင်ငံက ထင်ပေါ်ကျော်ကြားတဲ့ Online Streamer တစ်ဦးဟာ ဘုရားကျောင်းရှေ့မှာ အဝတ်ဗလာနဲ့ဓာတ်ပုံရိုက်ခဲ့တာကြောင့် ထောင်ကျမယ့်အရေးနဲ့ ရင်ဆိုင်နေရကြောင်းသိရပါတယ်။ shwekhitonlinetv.com Polina Murugina လို့အမည်ရတဲ့ အသက် (၂၄) နှစ်အရွယ် ရုရှား Streamer ဟာ ရုရှားနိုင်ငံရဲ့ ညစ်ညမ်းမှုဥပဒေအသစ်ကို ချိုးဖောက်တဲ့အပြင် “ယုံကြည်သူများ၏ဘာသာရေးခံစားချက်များကိုစော်ကားခြင်း”အတွက် ဆိုးဆိုးဝါးဝါးပြစ်တင်ဝေဖန်ခြင်းခံနေရပါတယ်။ shwekhitonlinetv.com သူမအနေနဲ့ အကျဉ်းထောင်ရဲ့ သံတိုင်တွေနောက်ကွယ်မှာ အချိန်ကုန်ဆုံးရဖို့ သေချာသလောက်ရှိနေပြီး ပြစ်မှုထင်ရှားကြောင်း စစ်ဆေးတွေ့ရှိပါက ရုရှားရူဘယ် (၃၀၀,၀၀၀) ပါဒဏ်ငွေအဖြစ်ပေးဆောင်သွားရဖို့ရှိနေပါတယ်။ shwekhitonlinetv.com တစ်ကိုယ်လုံးတက်တူးထိုးထားတဲ့ […]

Amazing

အဲလ်ဘတ်အိုင်းစတိုင်း၊ စတီဖင်ဟော့ကင်းတို့ထက် IQ ပိုမြင့်တဲ့ (၁၁) နှစ်အရွယ် အီရန်နိုင်ငံသူလေး

အင်္ဂလန်နိုင်ငံ Aylesbury အထက်တန်းကျောင်းမှ အီရန်နိုင်ငံသူကျောင်းသူလေး Tara Sharif ဟာ မကြာသေးမီကပြုလုပ်ခဲ့တဲ့ Oxford Mensa IQ စာမေးပွဲကို ဖြေဆိုခဲ့ရာမှာ “Genius Benchmark” ဖြစ်တဲ့အမှတ် (၁၄၀) ကိုကျော်လွန်ခဲ့ကြောင်းသိရပါတယ်။ shwekhitonlinetv.com အသက် (၁၁) နှစ်အရွယ်သာရှိသေးတဲ့ အီရန်နိုင်ငံသူလေးဟာ ဒီစာမေးပွဲမှာ ရမှတ် (၁၆၂) မှတ်အထိရရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာကျော်ညဏ်ကြီးရှင်ပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ ရူပဗေဒပညာရှင်ကြီးအိုင်းစတိုင်း နဲ့ ထင်ရှားကျော်ကြားလှတဲ့ စကြာဝဠာဗေဒပညာရှင်ကြီး စတီဖင်ဟော့ကင်းတို့ထက်သာလွန်တဲ့ IQ Point […]

Amazing

သူငယ်ချင်းဖြစ်တဲ့ ဧရာမ ငါးလိပ်ကျောက်ကြီးကို နှုတ်ဆက်ဖို့ မနက်တိုင်း သင်္ဘောကျင်းမှာ စိတ်ရှည်ရှည်စောင့်နေတတ်တဲ့ ကောင်လေး

တစ်ချို့ကလေးငယ်တွေဟာ တိရိစ္ဆာန်လေးတွေနဲ့ ထူးခြားနက်နဲတဲ့ ဆက်ဆံမှုရှိတတ်ကြပါတယ်။ အများအားဖြင့်တွေ့ရတာကတော့ အိမ်မွေးတိရိစ္ဆာန်လေးတွေဖြစ်တဲ့ ခွေးလေး၊ ကြောင်လေးတွေနဲ့ပါ။ ဒါပေမယ့် အခုဖော်ပြပေးမယ့်ကလေးလေးကတော့ အိမ်မွေးတိရိစ္ဆာန်မဟုတ်ဘဲ သဘာဝအတိုင်းနေတဲ့ ဧရာမငါးလိပ်ကျောက်ကြီးနဲ့ ထူးခြားတဲ့ဆက်ဆံရေးရှိနေတာဖြစ်ပါတယ်။ shwekhitonlinetv.com Gran Rey ဆိုတာကတော့ စပိန်နိုင်ငံ ကနေရီကျွန်းစုမှာရှိတဲ့ တံငါရွာလေးတစ်ရွာဖြစ်ပါတယ်။ ဒီရွာလေးမှာနေထိုင်တဲ့ Joel လို့အမည်ရတဲ့ ကလေးငယ်လေးတစ်ဦးဟာထူးထူးခြားခြားဆိုသလိုပဲ သမုဒ္ဒရာထဲမှာ သဘာဝအတိုင်းနေထိုင်တဲ့ ငါးလိပ်ကျောက်ကြီးတစ်ကောင်နဲ့ သူငယ်ချင်းတွေဖြစ်နေပါတယ်။ shwekhitonlinetv.com Joel ဟာမနက်တိုင်းမှာသူ့ရဲ့သူငယ်ချင်းဖြစ်တဲ့ ဧရာမငါးလိပ်ကျောက်ကြီးကို တွေ့ဆုံနှုတ်ဆက်ပြီး အစာကျွေးဖို့အတွက် လက်ဆတ်တဲ့ငါးလေးတွေကိုယူဆောင်ကာ […]

News

လာသမျှဧည့်သည်တွေကို ဆဲဆိုကျိန်ဆဲနေလို့ နေရာခွဲထားရတဲ့ ကြက်တူရွေး (၅) ကောင်

ကြက်တူရွေးဆိုတာကတော့ လူသားတွေပြောတဲ့စကားတွေကို လိုက်လံတုပပြောတက်တဲ့သတ္တဝါလေးတွေဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ကြက်တူရွေးလေးတွေက အတုမြင်အတတ်သင်နိုင်တဲ့ သတ္တဝါလေးတွေပေါ့။ shwekhitonlinetv.com ဒီလိုဥာဏ်ကောင်းတဲ့ကြက်တူရွေးလေးတွေနဲ့ပတ်သတ်ပြီး အင်တာနက်စာမျက်နှာတွေပေါ်မှာ ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့တဲ့သတင်းတစ်ပုဒ်ရှိပါတယ်။ အဲ့ဒီသတင်းကတော့ လာသမျှဧည့်သည်တွေကို ဆဲဆိုကျိန်ဆဲလို့ အတူမထားရဲတော့ဘဲ သီးခြားစီနေရာခွဲထားရတဲ့ ဗြိတိန်သဘာဝဘေးမဲ့စင်တာတစ်ခုက ကြက်တူရွေးလေး (၅) ကောင်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com ဒီကြက်တူရွေးလေး (၅) ကောင်ရဲ့အမည်တွေကတော့ ဘီလီ၊ အဲရစ်၊ တိုင်ဆန်၊ ဂျိတ် နဲ့ အယ်လ်ဆီ တို့ပဲဖြစ်ပါတယ်။ မီးခိုးရောင်အဆင်းနဲ့ အာဖရိကန်ကြက်တူရွေးမျိုးလေးတွေဖြစ်တဲ့ သူတို့ (၅) ကောင်ဟာ အာဖရိကတောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးဌာနကနေ ဗြိတိန် […]

Amazing

Pre Wedding ဓာတ်ပုံတွေကိုသင်္ချိုင်းကုန်းမှာ မကြောက်မရွံ့ရိုက်ခဲ့တဲ့ စုံတွဲ

Nonts Kongchaw လို့အမည်ရတဲ့ အသက် (၃၂) နှစ်အရွယ် ထိုင်းဂရပ်ဖစ်ဒီဇိုင်နာတစ်ဦးကတော့ သူ့ရဲ့ Pre Wedding Photos တွေကို သင်္ချိုင်းကုန်းမှာ တစ်မူထူးခြားတဲ့အပြင်အဆင်တွေနဲ့ ရိုက်ကူးခဲ့လို့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ လတ်တလောနာမည်ကြီးလို့နေပါတယ်။ shwekhitonlinetv.com သူ့တို့ရဲ့ Pre Wedding ဓါတ်ပုံတွေ ထွက်ပေါ်လာပြီးတဲ့ နောက်မှာတော့လူအများစုအနေနဲ့ တုန်လှုပ်ခြောက်ခြားခဲ့ကြပြီး တစ်ချို့ကတော့ဒေါသထွက်နေကြပါတယ်။ ဒီပုံတွေကို လူထောင်ပေါင်းများစွာက ၎င်းတို့၏ ဆိုရှယ်မီဒီယာအကောင့်တွေကနေတစ်ဆင့်ပြန်လည် မျှဝေခဲ့ကြပါတယ်။ shwekhitonlinetv.com အဖြူရောင် ဝတ်စုံကိုဝတ်ဆင်ထားတဲ့ Nonts […]

News

အသက် (၈) နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ သူရဲကောင်း မိုင်းရှာကြွက်ကလေး

Magawa လို့လူသိများတဲ့ မိုင်းရှာကြွက် ကလေးကတော့အသက် (၈)နှစ်ပြည့်ချိန်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဝမ်းနည်းစွာသိရှိခဲ့ရပါတယ်။ ဒီကြွက်ကလေးဟာ မြေမြုပ်မိုင်းပေါင်း (၇၁) လုံးကိုရှာဖွေဖော်ထုတ်ပေးခဲ့ပြီး ဂင်းနစ်မှတ်တမ်းမှာဖော်ပြခြင်းခံထားရတဲ့ကြွက်ကလေးလည်းဖြစ်ပါတယ်။ shwekhitonlinetv.com အာဖရိကကြွက်ကြီးမျိုးဖြစ်တဲ့ Magawa ဟာ PDSA ရဲ့သမိုင်းမှာ Gold Medal ရရှိတဲ့ ပထမဆုံး ခွေးမဟုတ်တဲ့ တိရိစ္ဆာန်လည်းဖြစ်ပြီးသူရရှိတဲ့ဆုတံဆိပ်က ဗြိတိန်နိုင်ငံကချီးမြှင့်တဲ့ George Cross တံဆိပ်နှင့် ညီမျှတယ်လို့သိရပါတယ်။ shwekhitonlinetv.com ဘယ်လ်ဂျီယံပရဟိတအဖွဲ့တစ်ခုဖြစ်တဲ့ APOPO ကနေလေ့ကျင့်သင်ကြားပေးထားခဲ့တဲ့ ကြွက်ကလေး Magawa ဟာ ကမ္ဘောဒီးယားနိုင်ငံအတွင်းက […]

Knowledge

လူသားတွေက ကမ္ဘာကြီးကို ဆိုးဆိုးရွားရွား ဖျက်ဆီးနေကြောင်း သက်သေပြနေတဲ့ ဓာတ်ပုံများ

ကမ္ဘာပေါ်မှာမှီတင်းနေထိုင်တဲ့ လူဦးရေဟာ တစ်နေ့တစ်ခြား များပြားလာတာနဲ့အမျှ ကမ္ဘာကြီးဟာလည်း တစ်ဖြည်းဖြည်းယိုယွင်းပျက်စီးလို့နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုများပြားလာတဲ့ လူတွေဆီကနေ ထွက်ရှိလာတဲ့ အဆိပ်အတောက်စွန့်ပစ်ပစ္စည်းတွေကလည်း အဆမတန်များပြားလာလို့ပဲဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ သဘာဝတရားကြီးကို လူသားတွေအနေနဲ့ ဆိုးဆိုးရွားရွား ဖျက်ဆီးမိနေပြီဆိုတာကို မီးမောင်းထိုးသက်သေပြနေတဲ့ ဓာတ်ပုံတွေအကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ ဒီပုံကတော့မြင်တွေ့တဲ့သူတွေကို အထိတ်တလန့်ဖြစ်စေမှာ အသေအချာပါပဲ။ ဘာသတ္တဝါမှန်းတောင် ခန့်မှန်းလို့ မရအောင်ဖြစ်နေတဲ့ သနားစရာငှက်တစ်ကောင်ဖြစ်ပါတယ်။ ပင်လယ်အတွင်း ဆီယိုဖိတ်မှုတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ရပ်လည်းဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ ကမ္ဘာ့အံ့ဖွယ်တွေထဲက တစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံက […]

News

နှလုံးခွဲစိတ်မယ့် ကလေးငယ်အတွက် အိုလံပစ်ဆုတံဆိပ်ကို လေလံတင်ရောင်းချခဲ့တဲ့ ပိုလန်နိုင်ငံသူ

ပြီးခဲ့တဲ့ ၂၀၂၀ တိုကျိုအိုလံပစ်မှာ ငွေတံဆိပ်ရရှိခဲ့တဲ့ ပိုလန်နိုင်ငံသူ လှံတံပစ်အားကစားသမား မာရီယာ အန်ဒရီယက်ဟာ လက်ရှိအချိန်မှာတော့ သူမရဲ့ ဆုတံဆိပ်ကို အင်မတန်မှ မွန်မြတ်တဲ့ အကြောင်းပြချက်တစ်ခုအတွက် လေလံတင်ရောင်းချတော့မှာဖြစ်ပါတယ်။ shwekhitonlinetv.com သူမဟာ အသက် (၈) လသားသာရှိသေးပြီး အရေးပေါ်နှလုံးခွဲစိတ်ဖို့ လိုအပ်နေတဲ့ ပိုလီ ဆိုတဲ့ ကလေးငယ်အတွက် ခွဲစိတ်ဖို့ုလိုအပ်တဲ့ ရန်ပုံငွေရရှိအောင်လို့ သူမရဲ့ဆုတံဆိပ်ကို အခုလိုလေလံတင်ရောင်းချ ရခြင်းဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com သူမအနေနဲ့ သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ “ဆုတံဆိပ်ဆိုတာ အရာဝတ္ထုတစ်ခုမျှသာဖြစ်ပေမယ့် အခြားသောသူတွေအတွက်တော်အလွန်အဖိုးတန်တဲ့ […]

News

ရေသန့်ဘူးခွံဟောင်းတွေ အသုံးပြုပြီး ဆင်းရဲသားတွေ အတွက် နေအိမ် (၃၀၀) ကျော်ဆောက်ပေးခဲ့တဲ့ အမျိုသမီး

အင်ဂရစ်ဗာကာဒီယာ့ဇ် (Ingrid Vaca Diez) ဆိုတဲ့အမျိုးသမီးကတော့ ဘိုလီးဗီးယားနိုင်ငံမှာ ရှေ့နေအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေတဲ့ သာမန်အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ဘိုလီးဗီးယားနိုင်ငံမှာတော့ သူမဟာ သူမရဲ့အမှုသည်တွေရဲ့အခွင့်အရေးအတွက် အစွမ်းကုန်ကြိုးပမ်းတက်ပြီး မားမားမတ်မတ်ရပ်တည်ပေးနိုင်သူအဖြစ်နာမည်ကြီးတယ်လို့သိရပါတယ်။ shwekhitonlinetv.com ဒါပေမယ့် အခုတစ်ခေါက်ဖော်ပြပေးသွားမှာကတော့ သူမရဲ့ ကြင်နာတက်တဲ့နှလုံးသားနဲ့ အတွေးအခေါ်ဆန်းသစ်မှုကြောင့် လူမှုကွန်ယက်စာမျက်နှာတွေမှာ လူပြောများခဲ့တဲ့ အကြောင်းအရာလေးတစ်ခုပဲဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကို ရွှေခေတ်ပရိသတ်တွေသိရှိနိုင်ဖို့အတွက် ပြန်လည်ဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com ကျွမ်းကျင်တဲ့ ရှေ့နေတစ်ယောက်ဖြစ်တဲ့ ဒီယာ့ဇ် (Diez) ဟာ ဗိသုကာပညာရှင်ဖြစ်ဖို့ စိတ်ကူးစိတ်သန်းရှိသူတစ်ယောက်မဟုတ်ပါဘူး။ ဒါပေမယ့် […]