World Top

ကွာရှင်းစရိတ်အဖြစ် ဒေါ်လာသန်း ရာ၊ ထောင်ချီကုန်ကျခဲ့တဲ့ ဆယ်လီများ

ဒီနေ့ခေတ် မြန်မာနိုင်ငံမှာဆိုရင်တော့ လက်ထပ်ထိမ်းမြားအိမ်ထောင်ပြုတယ်ဆိုတာ ဆယ်ကျော်သက်ကလေးတွေအတွက်တောင်မှ အလွယ်တကူပြုမူတက်ကြတဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေးကိုအလေးထားတဲ့နိုင်ငံတွေမှာဆိုရင်တော့ လက်ထပ်ပြီးအိမ်ထောင်တစ်ခုတည်ဆောက်ဖို့ဆိုတာ အတော်လေးကိုဆင်ခြင်သုံးသပ်ပြီးမှ ပြုမူကြတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အလွယ်တကူလက်ထပ်ပြီး ကွာရှင်းချင်တိုင်းကွာရှုင်းလို့ မရတာကြောင့်ပဲဖြစ်ပါတယ်။ ကွာရှင်းဖြစ်ခဲ့ရင်လည်း ကုန်ကျတဲ့ကွာရှင်းစရိတ်က အတော်လေးကိုများပြားလေ့ရှိပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို ကွာရှင်းစရိတ်အဖြစ် ဒေါ်လာသန်း ရာ၊ ထောင်ချီကုန်ကျခဲ့တဲ့ ဆယ်လီတစ်ချို့ရဲ့ ကွာရှင်းမှုလေးတွေ အကြောင်းဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com ၁။ အိန်ဂျလီနာဂျိုလီ နှင့် ဘရက်ပစ် – အမေရိကန်ဒေါ်လာ […]

World Top

အဖိုးတန်ကျောက်မျက်ရတနာတွေကို ထုတ်လုပ်ပေးနေတဲ့ ကမ္ဘာပေါ်ကအကြီးမားဆုံး သတ္ထုတွင်းကြီးတွေ

ဒီတစ်ခေါက်မှာတော့ အဖိုးတန်ကျောက်မျက်ရတနာတွေကို ထုတ်လုပ်ပေးနေတဲ့ ကမ္ဘာပေါ်ကအကြီးမားဆုံး သတ္ထုတွင်းကြီးတွေအကြောင်းကိုဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com ၁။ The Cullinan Diamond The Cullinan Diamond လို့အမည်ပေးထားတဲ့ ဒီစိန်တုံးကြီးကိုတော့ ၁၉၀၅ ဇန်နဝါရီ (၆) မှာ တောင်အာဖရိကနိုင်ငံ Cullinan မြို့ငယ်လေးက Premier No.2 Mine မှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အလေးချိန် (၃၁၀၆) ကာရက်ရှိတဲ့ ဒီစိန်ကြီးဟာ သမိုင်းတစ်လျောက်ရှာဖွေတွေ့ရှိခဲ့သမျှ စိန်တွေထဲမှာအကြီးမားဆုံး စိန်တုံးကြီးလည်းဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ The Witwatersrand […]

World Top

သင်မြင်ဖူးသမျှထဲမှာ အကြီးမားဆုံး အိမ်မွေးကြောင် (၁၀) ကောင်

ကမ္ဘာပေါ်မှာကြောင်မျိုးစိတ်ပေါင်းများစွာရှိပါတယ်။ အဲ့ဒီထဲကမှ အကြီးမားဆုံးလို့ဆိုရမယ့် အိမ်မွေးကြောင် (၁၀) မျိုးကိုဖော်ပြလိုက်ရပါတယ်။ shwekhitonlinetv.com ၁၀။ American Bobtail American Bobtail ကြောင်အမျိုးအစားတွေရဲ့ထူးခြားချက်က တိုပြီးတုတ်နေတဲ့ အမြီးပုံစံပဲဖြစ်ပါတယ်။ သာမန်ကြောင်တွေအမြီးရဲ့ (၃) ပုံ (၁) ပုံပဲရှိတဲ့သူတို့အမြီးကြောင့် အချို့ကမနှစ်သက်ကြပေမယ့်လည်း လက်ရှိကမ္ဘာပေါ်မှာ ရောင်းအားအကောင်းဆုံးအိမ်မွေးကြောင်တွေထဲမှာပါဝင်လို့နေပါတယ်။ သာမန်ကြောင်တွေထက်လည်း ခန္ဓာကိုယ်အရွယ်အစားဖွံ့ဖြိုးမှုနှေးကွေးပေမယ့် အရွယ်ရောက်တဲ့အကောင်တစ်ကောင်ကိုတော့ (၆) ပေါင်ကနေ (၁၇) ပေါင်အထိအလေးချိန်ရှိပါတယ်။ shwekhitonlinetv.com ၉။ British Shorthair လုံးဝန်းတဲ့မျက်နှာနဲ့တိုလွန်းတဲ့နားရွက်ကလေးတွေကိုပိုင်ဆိုင်ထားတဲ့ British Shorthair […]

World Top

နာရီပေါင်းများစွာ လိုက်ပါစီနင်းရမယ့် ကမ္ဘာ့အချိန်အကြာဆုံး လေကြောင်းခရီးစဥ်များ

လေကြောင်းခရီးစဉ်ဆိုတာကတော့ တစ်နေရာကနေ တစ်နေရာကိုအချိန်ကုန်သက်သာစွာနဲ့ မြန်မြန်ဆန်ဆန်ရောက်ရှိနိုင်ဖို့အတွက် အသုံးပြုကြတဲ့ သယ်ယူပို့ဆောင်ရေးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အခုတစ်ခေါက်ဖော်ပြမှာကတော့ ဒီလိုမြန်ဆန်တဲ့လေကြောင်းပို့ဆောင်ရေးနဲ့တောင်မှ အချိန်အကြာကြီး ပြေးဆွဲပျံသန်းရတဲ့ ခရီးစဉ်တွေအကြောင်းပဲဖြစ်ပါတယ်။ ဒီခရီးစဉ်တွေအားလုံးက တိုက်ရိုက်ခရီးစဉ်တွေဖြစ်တာကြောင့် ခရီးသည်တွေအနေနဲ့ လေယာဉ်ပေါ်မှာတောက်လျှောက်အချိန်အကြာဆုံး နေရမယ့်ခရီးစဉ်တွေဆိုလည်းမမှားပါဘူး။ ၁။ နယူးယော့ခ်-စင်ကာပူ ဒီခရီးစဉ်ကတော့ Singapore Airline ရဲ့ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ကနေ စင်ကာပူနိုင်ငံ စင်ကာပူမြို့ကို တိုက်ရိုက်ပြေးဆွဲတဲ့ခရီးစဉ်ဖြစ်ပါတယ်။ အကွာအဝေးအားဖြင့် (၁၅၃၄၈) ကီလိုမီတာရှိတဲ့ဒီခရီးစဉ်ကို (၁၈) နာရီနဲ့ မိနစ် (၂၀) […]

World Top

တောင်ကုန်းတောင်တန်းတွေ အလွန်ပေါများတဲ့ ကမ္ဘာ့နိုင်ငံ (၇) ခု

ပထဝီအနေအထားအရ တောင်ကုန်းတောင်တန်းပေါများလွန်းတာဟာ နိုင်ငံတစ်နိုင်ငံအတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍမှာအတော်လေးကို အခက်အခဲဖြစ်စေပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာပေါ်ကနိုင်ငံတွေထဲမှာ တစ်နိုင်ငံလုံးနီးပါးတောင်တန်းနဲ့ကုန်းမြင့်တွေလွှမ်းခြုံထားပြီး မြေပြန့်ဒေသမရှိသလောက်နည်းပါးတဲ့ နိုင်ငံတွေကအများအပြားရှိနေပါတယ်။ အဲ့ဒီနိုင်ငံတွေထဲက မြေပြန့်အရှားဆုံးနိုင်ငံတွေကိုဖော်ပြရမယ်ဆိုရင်တော့ ….. shwekhitonlinetv.com ၁။ ဘူတန် – (၉၈.၈) % ကမ္ဘာပေါ်မှာ အငြိမ်းချမ်းဆုံးနိုင်ငံလေးတစ်နိုင်ငံဖြစ်တဲ့ အာရှတိုက်က ဘူတန်နိုင်ငံဟာ ဧရိယာစတုန်ရန်းမိုင်ပေါင်း (၁၄,၈၂၄) မိုင်ကျယ်ဝန်းပြီး လူဦးရေ (၈) သိန်းနီးပါးနေထိုင်တဲ့နိုင်ငံဖြစ်ပါတယ်။ ဘူတန်နိုင်ငံရဲ့မြေမျက်နှာသွင်ပြင်ဟာ မြေပြန့်အလွန်နည်းပါးလှပြီး တောင်ကုန်းတောင်တန်းတွေက နိုင်ငံဧရိယာရဲ့ (၉၈.၈) % အထိရှိပါတယ်။ shwekhitonlinetv.com […]

World Top

ကမ္ဘာ့ သက်တမ်းအတိုဆုံး တိရိစ္ဆာန် အမျိုးအစား (၇) မျိုး

ကမ္ဘာပေါ်မှာမှီတင်းနေထိုင်ကြတဲ့ သက်ရှိသတ္တဝါတွေဟာမျိုးစိတ်တစ်ခုနဲ့တစ်ခုရှင်သန်နေထိုင်နိုင်တဲ့ သက်တမ်းအားဖြင့်မတူညီကြပါဘူး။ တစ်ချို့မျိုးစိတ်တွေက နှစ်ပေါင်းရာချီ ရှင်သန်နေထိုင်နိုင်ကြပေမယ့် တစ်ချို့မျိုးစိတ်တွေကတော့ သက်တမ်းအားဖြင့် ရက်ပိုင်းလောက်ပဲရှင်သန်နိုင်ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ကမ္ဘာပေါ်မှာသက်ဆိုင်ရာမျိုးစိတ်အလိုက် သက်တမ်းအတိုတောင်းဆုံး သက်ရှိ (၇) မျိုးအကြောင်းဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၇။ Bernese Mountain Dog ဆွစ်ဇာလန်နိုင်ငံမျိုးရင်းဖြစ်တဲ့ Bernese Mountain Dog လေးတွေကတော့ ခွေးမျိုးစိတ်တွေအားလုံးထဲမှာ သက်တမ်းအတိုဆုံးမျိုးစိတ်ဖြစ်ပါတယ်။ သူတို့အနေနဲ့ အများဆုံးအဖြစ်သက်တမ်း (၅.၇) နှစ်လောက်ထိသာ ရှင်သန်နေထိုင်နိုင်ကြပါတယ်။ shwekhitonlinetv.com ၆။ Paedophryne Amanuensis ပါပူအာနယူးဂီနီနိုင်ငံရဲ့ […]

World Top

ကမ္ဘာပေါ်မှာ ကျွန်းပေါင်းမြောက်မြားစွာနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံ (၁၀) နိုင်ငံ

ရွှေခေတ်ပရိသတ်ကြီးကိုအခုတစ်ခေါက်တင်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ကမ္ဘာပေါ်မှာကျွန်းပေါင်းမြောက်မြားစွာနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံတွေအကြောင်းပဲဖြစ်ပါတယ်။ ဘယ်နိုင်ငံတွေက ကျွန်းပေါင်းဘယ်လောက်အထိတောင်ပိုင်ဆိုင်ထားသလဲကြည့်လိုက်ရအောင်နော် …… shwekhitonlinetv.com ၁။ ဆွီဒင် – (၂၆၇,၅၇၀) ဒီစာရင်းရဲ့ပထမဆုံးနေရာမှာရှိတာကတော့ ဥရောပတိုက် စကင်ဒီနေးဗီးယန်းဒေသက ဆွီဒင်နိုင်ငံပဲဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံရဲ့ပိုင်နက်ထဲမှာရှိနေတဲ့ ကျွန်းအကြီးအသေးစုစုပေါင်းဟာဆိုရင် (၂၆၇,၅၇၀) ကျွန်းတောင်ရှိတာဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ နော်ဝေ – (၂၃၉,၀၅၇) ဆွီဒင်ပြီးရင်ကမ္ဘာပေါ်မှာကျွန်းတွေအများကြီးပိုင်ဆိုင်တဲ့နောက်ထပ်နိုင်ငံတစ်ခုကတော့ စကင်ဒီနေးဗီးယန်းဒေသက အေးချမ်းသာယာလှတဲ့ နော်ဝေ နိုင်ငံပါ။ နော်ဝေနိုင်ငံဟာလည်း ကျွန်းပေါင်းများစွာကိုပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်ပြီး စုစုပေါင်း (၂၃၉,၀၅၇) ကျွန်းရှိပါတယ်။ shwekhitonlinetv.com ၃။ ဖင်လန် – […]

World Top

အရှေ့တောင် အာရှနိုင်ငံတွေ မှာ ဘယ်နိုင်ငံက Single အရေအတွက် အများဆုံးရှိနေလဲဆိုတာ…

ယခုတစ်ခေါက်မှာတော့ရွှေခေတ်ပရိသတ်တွေကို အရှေ့တောင်အာရှနိုင်ငံတွေမှာ ဘယ်နိုင်ငံက Single အရေအတွက်အများဆုံးရှိနေလဲဆိုတာကိုဖော်ပြပေးချင်ပါတယ်။ ဒီအချက်အလက်တွေဟာ (၁၉၇၀) ခုနှစ်ကနေ (၂၀၂၁) ခုနှစ်အထိ နိုင်ငံပေါင်း (၂၁၆) နိုင်ငံမှာ မှတ်တမ်းတင်ရယူထားတဲ့ UN ရဲ့စစ်တမ်းတွေကို အခြေပြုပြီး အနီးကပ်ဆုံးခန့်မှန်းထားတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ အင်ဒိုနီးရှား အရှေ့တောင်အာရှမှာ Single အများဆုံးနိုင်ငံအဖြစ် အခုစာရင်းမှာဦးဆောင်ထားတာကတော့ အင်ဒိုနီးရှားနိုင်ငံပဲဖြစ်ပါတယ်။ အချက်အလက်တွေအရ အင်ဒိုနီးရှားနိုင်ငံသား (၆၁,၁၀၄,၈၈၀) ဟာ အိမ်ထောင်မရှိသူ လူလွတ်တွေဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ နိုင်ငံလူဦးရေရဲ့ စုစုပေါင်း (၂၂.၃) […]

World Top

အမေရိကန်ဒေါ်လာ ကုဋေပေါင်းထောင်နဲ့ချီပြီးတန်ကြေးရှိတဲ့ ကမ္ဘာအကြီးဆုံးကုမ္ပဏီကြီး (၁၀) ခု

အမှတ်တံဆိပ်တစ်ခု ၊ ကုမ္ပဏီတစ်ခု ကမ္ဘာကျော်လောက်တဲ့အထိ အောင်မြင်ဖို့ဆိုတာ အလွန်ခက်ခဲလှတဲ့ ကိစ္စတစ်ရပ်ပါ။ ဒီနေ့ ကမ္ဘာကျော်နေတဲ့ ကုမ္ပဏီတွေဆိုတာကလည်း လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ပြီးကြိုးစားခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီလို ကမ္ဘာကျော်တဲ့အထိအောင်မြင်တဲ့ ကုမ္ပဏီတွေများစွာရှိတဲ့အထဲကမှ ဈေးကွက်ရင်းနှီးမြုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ကုဋေပေါင်းထောင်နဲ့ချီပြီးတန်ကြေးရှိတဲ့ ကမ္ဘာအကြီးဆုံးကုမ္ပဏီကြီး (၁၀) ခုကို ရွှေခေတ်ပရိသတ်တွေအတွက် ဖော်ပြပေးပါရစေ ….. shwekhitonlinetv.com ၁၀။ Visa အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့မှာအခြေစိုက်တဲ့ Visa ကတော့ နိုင်ငံတကာငွေကြေးဝန်ဆောင်မှု ကော်ပိုရေးရှင်းတစ်ခုဖြစ်ပါတယ်။ Visa […]

World Top

ကမ္ဘာပေါ်မှာလေဆိပ်အများဆုံးရှိတဲ့ နိုင်ငံတွေအကြောင်း

အခုတစ်ခေါက်မှာတော့ ကမ္ဘာပေါ်မှာလေဆိပ်အများဆုံးရှိတဲ့ နိုင်ငံတွေအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဘယ်နိုင်ငံတွေက ဒီစာရင်းမှာပါဝင်နေမလဲကြည့်လိုက်ရအောင်နော် ….. shwekhitonlinetv.com ၁၀။ အင်ဒိုနီးရှား အရှေ့တောင်အာရှနိုင်ငံတွေထဲက ဒီစာရင်းမှာပါဝင်တဲ့တစ်ခုတည်းသောနိုင်ငံကတော့ အင်ဒိုနီးရှားနိုင်ငံပဲဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ စုစုပေါင်းလေဆိပ် (၆၇၃) ခုအထိရှိပါတယ်။ shwekhitonlinetv.com ၉။ ပါရာဂွေး တောင်အမေရိကတိုက်က ပါရာဂွေးနိုင်ငံကတော့ နိုင်ငံအနှံ့မှာလေဆိပ်ပေါင်း (၇၉၉) ခုအထိရှိပြီး ဒီစာရင်းရဲ့ အဆင့် (၉) နေရာမှာရပ်တည်နေပါတယ်။ shwekhitonlinetv.com ၈။ ဘိုလီဗီးယား ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေများစွာမှာတည်ရှိတဲ့ ဘိုလီးဗီးယားနိုင်ငံကလည်း ပို့ဆောင်ရေးကဏ္ဍအတွက် လေကြောင်းကိုသာအဓိကအားထားနေရတာကြောင့် နိုင်ငံတွင်းမှာ လေဆိပ်စုစုပေါင်း (၈၃၆) […]