Knowledge

၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့စျေးအကြီးဆုံး ပစ္စည်း ၁၀ မျိုး

ကိုယ့်ရဲ့ပိုင်ဆိုင်မှုကို ထည့်တွက်စရာမလိုပဲ လိုချင်သမျှ ပစ္စည်းကို ဝယ်ယူနိုင်ဖို့ဆိုတာ လူတိုင်းတောင်းတတဲ့ အိမ်မက်တခုဖြစ်မယ်ထင်ပါတယ်။ ဒါဆိုရင် ကမ္ဘာ့စျေးအကြီးဆုံးပစ္စည်းများကို မျက်တောင်တချက်မခတ်ပဲ ဝယ်ယူနိုင်သူတွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ လူတော်တော်များများရဲ့ အိမ်မက်တွေကို ပိုင်ဆိုင်ခွင့်ရရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲနော်။ ၂၀၂၂ ခုနှစ်အတွင်း လေ့လာစမ်းစစ်ချက်များအရ အောက်ဖော်ပြပါ ပစ္စည်း ၁၀ ခုဟာ ကမ္ဘာ့စျေးအကြီးဆုံးထိပ်တန်း ၁၀ ခုစာရင်းဝင် ပစ္စည်းများ ဖြစ်ကြပါတယ်။​ဆက်လက်ဖတ်ရှုပေးပါဦးနော်။ shwekhitonlinetv.com ၁၀။ Giant Clock ( အမေရိကန်ဒေါ်လာ ၄၂ […]

World Top

ကမ္ဘာ့တန်ဖိုးအကြီးဆုံး အသေးစားခွေးမျိုးစိတ်လေးများ

အခုတစ်ခေါက်မှာတော့ ခွေးပိစိလေးတွေကိုချစ်တက်တဲ့ ရွှေခေတ်ပရိသတ်တွေအတွက် ကမ္ဘာတစ်ဝှမ်းက တန်ဖိုးအကြီးဆုံး အသေးစားခွေးမျိုးစိတ် (၁၀) မျိုး အကြောင်းကိုဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁၀။ Papillon ပါပီလွန် (Papillon) လို့ခေါ်တဲ့ဒီခွေးလေးတွေရဲ့မွေးရင်းဇာတိကတော့ ပြင်သစ်၊ စပိန် နဲ့ ဘယ်လ်ဂျီယံနိုင်ငံတွေဖြစ်ပါတယ်။ သူတို့ဟာ ပျမ်းမျှအားဖြင့် (၂၀) စင်တီမီတာကနေ (၂၈) စင်တီမီတာလောက်အထိပဲကြီးထွားတက်ကြပါတယ်။ ဒါပေမယ့်သူတို့ရဲ့ဈေးနှုန်းကတော့ တစ်ကောင်ကို အမေရိကန်ဒေါ်လာ (၅၀၀) ကနေ (၁၉၀၀) အထိရှိပါတယ်။ shwekhitonlinetv.com ၉။ Maltese ဒီခွေးကလေးတွေကတော့ ဥရောပတိုက် […]

World Top

မြို့တစ်မြို့စာလောက်တောင်နေထိုင်သူမရှိတဲ့ ကမ္ဘာ့ပေါ်က နိုင်ငံ (၁၀) နိုင်ငံ

ဒီကနေ့ ကမ္ဘာကြီးမှာဆိုရင်လွတ်လပ်တဲ့ နိုင်ငံပေါင်း (၂၀၀) ကျော်ရှိနေပြီး လူဦးရေစုစုပေါင်းကတော့ ၂၀၂၂ နိုဝင်ဘာလ (၁၅) ရက်နေ့မှာ သန်း (၈၀၀၀) ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီအထဲမှာ တရုတ်နိုင်ငံက လူဦးရေအများဆုံးဖြစ်ပြီး သန်း (၁၄၀၀) ကျော်နေထိုင်လျက်ရှိပါတယ်။ ဒါပေမယ့် မြို့တစ်မြို့လောက်တောင်မှ နေထိုင်တဲ့လူဦးရေမရှိဘဲ လူဦးရေထောင်ဂဏန်းတောင်မပြည့်တဲ့နိုင်ငံတွေလည်းရှိပါတယ်။ ဒါကြောင့် ရွှေခေတ်ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာ လူဦးရေအနည်းဆုံးကမ္ဘာ့နိုင်ငံ (၁၀) နိုင်ငံအကြောင်းဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com ၁၀။ ဒိုမီနီကာ ကာရစ်ဘီယံပင်လယ် နဲ့ အတ္တလန္တိတ်သမုဒ္ဒရာကြီး […]

World Top

လက်ရှိ ပရီးမီးယားလိဂ်အသင်းတွေထဲက သက်တမ်းအရင့်ဆုံးအသင်း (၁၀) သင်း

လက်ရှိ ၂၀၂၂-၂၀၂၃ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်းတွေထဲမှာ ဘယ်အသင်းကသက်တမ်းအရင့်ဆုံး ဘောလုံးဘိုးအေအသင်းဖြစ်မယ်လို့ထင်ပါသလဲ ? ကျိန်းသေတာကတော့ အခုဖော်ပြမယ့် ပရီးမီယားလိဂ်အသင်းတွေထဲက သက်တမ်းအရင့်ဆုံးအသင်းတွေမှာ သင်ထင်ထားတဲ့ အသင်းအချို့မပါဝင်ဘူးဆိုတာပါပဲ …… shwekhitonlinetv.com ၁၀။ ဆောက်သမ်တန် – (၁၃၈) နှစ် ဆောက်သမ်တန်မြို့ခံကလပ်အသင်းဖြစ်တဲ့ ဆောက်သမ်တန်ကတော့ လက်ရှိပရီးမီးယားလိဂ်ရဲ့သက်တမ်းအရင့်ဆုံးအသင်းတွေထဲမှာ နံပါတ် (၁၀) နေရာမှာရှိနေပါတယ်။ ဆောက်သမ်တန်အသင်းကို (၁၈၈၅) ခုနစ်မှာစတင်တည်ထောင်ခဲ့တာကြောင့် သက်တမ်းအားဖြင့် (၁၃၈) နှစ်ရှိပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် အသင်းသမိုင်းတစ်လျှောက်မှာပြစရာအောင်မြင်မှုဆိုလို့ ၁၉၇၅-၇၆ ဘောလုံးရာသီက FA […]

World Top

မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံ (၁၁) နိုင်ငံရဲ့ ပတ်စ်ပို့စ်တွေ နဲ့ အဆင့်သတ်မှတ်ချက်များ

ပုံမှန်အားဖြင့်တော့ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတစ်နိုင်ငံကနေ အခြားတစ်နိုင်ငံကို ဝင်ထွက်သွားလာဖို့အတွက် ပတ်စ်ပို့စ် နဲ့ ဗီဇာ လိုအပ်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းနိုင်ငံတော်တော်များများဟာ မိမိတို့နဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆက်ဆံနေတဲ့နိုင်ငံတွေဆိုရင် သူတို့တိုင်းပြည်ထဲကိုဝင်ရောက်ဖို့အတွက် ဗီဇာမလိုတော့ဘဲ ဘယ်နိုင်ငံကလာသလဲ၊ ဘယ်နိုင်ငံသားဖြစ်လဲဆိုတာကို အထောက်အထားပြနိုင်တဲ့ ပတ်စ်ပို့စ်တစ်ခုသာလိုအပ်ပါတော့တယ်။ shwekhitonlinetv.com လက်ရှိအချိန်မှာတော့ ဂျပန်နိုင်ငံရဲ့ ပတ်စ်ပို့စ်ဟာတစ်ကမ္ဘာလုံးမှာ ပါဝါအရှိဆုံးဖြစ်ပါတယ်။ ဂျပန်နိုင်ငံသားတစ်ဦးဟာ ကမ္ဘာ့ပေါ်ကနိုင်ငံပေါင်း (၂၂၇) နိုင်ငံအနက် (၁၉၃) နိုင်ငံအထိကို ပတ်စ်ပို့စ်ရှိရုံနဲ့သွားလို့ရပြီး သက်ဆိုင်ရာနိုင်ငံတွေဆီက ဗီဇာကင်းလွတ်ခွင့်ရရှိထားပါတယ်။ အခုဖော်ပြပေးချင်တာကတော့ မြန်မာပါဝင်တဲ့ အရှေ့တောင်အာရှိနိုင်ငံ (၁၁) […]

Amazing

အများနဲ့မတူ တမူထူးခြားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများကြောင့် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းတင်နိုင်ခဲ့ကြသူများ

တချို့လူသားတွေဟာ သာမန်လူ့သဘာဝတရားများကနေ ကွဲထွက်ပြီး အထူးခြားဆုံး အစိတ်အပိုင်းများကို ပိုင်ဆိုင်ထားတတ်ကြပါတယ်။ဥပမာအားဖြင့် ခြေချောင်းလက်ချောင်း ၁၀ ချောင်းထက်မကပိုင်ဆိုင်ထားနိုင်တာ ဒါမှမဟုတ် သာမန်ပျမ်းမျှလူသားတွေထက် အရပ်ပိုရှည်တာမျိုးတွေ ရှိကြပါတယ်။ ဒီလိုမျိုးထူးခြားထင်ရှားတဲ့ ပုံပန်းသွင်ပြင်များကြောင့် အားလုံးထဲမှာ ထူးခြားပြီး အများအာရုံစိုက်စရာလူသားတွေ ဖြစ်လာကြပါတယ်။ အခုတခေါက်မှာတော့ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ဂင်းနစ်စံချိန်မှတ်တမ်းဝင် လူထူးလူဆန်းများအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ အမွှေးထူဆုံးလူသား လူတယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အမွှေးအမျှင်များဟာ မွေးဖွားလာရာ လူမျိုးနဲ့ မျိုးရိုးဗီဇပေါ်မူတည်ပြီး ပေါက်ဖွားတတ်ကြပါတယ်။ ဒါပေမယ့် […]

World Top

အရှေ့တောင်အာရှရဲ့ အသက်အကြီးဆုံး မြို့ (၁၀) မြို့

ရွှေခေတ်ပရိသတ်တွေကို အခုတစ်ခါမှာတော့ ရှေးဟောင်းဗိသုကာလက်ရာတွေ ယဉ်ကျေးမှုအမွေအနှစ်တွေ ရိုးရာဓလေ့ထုံးတမ်းတွေ များစွာရှိနေတဲ့ အရှေ့တောင်အာရှရဲ့ အသက်အကြီးဆုံးမြို့ (၁၀) မြို့ကိုဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁၀။ ရန်ကုန် ၊ မြန်မာ – (၉၇၉) နှစ် မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အချာအကျဆုံးမြို့တော်ဖြစ်တဲ့ ရန်ကုန် (Yangon) မြို့ကတော့ အရှေ့တောင်အာရှမှာ (၁၀) ခုမြောက်သက်တမ်းအရင့်ဆုံးမြို့တော်ဖြစ်ပါတယ်။ ရန်ကုန်မြို့ကိုစတင်တည်ထောင်ခဲ့တာကတော့ အေဒီ (၁၀၄၃) ခုနှစ်ကဖြစ်ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်အချိန်တွေကတည်းက ရန်ကုန်ဟာ နိုင်ငံရဲ့မြို့တော်ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အာဏာပိုင်တွေက ရန်ကုန်ကို […]

World Top

လူ့သက်တမ်းအတိုဆုံး ကမ္ဘာ့နိုင်ငံ (၁၀) နိုင်ငံ

လူရယ်လို့ဖြစ်လာပြီဆိုရင် ဘဝမှာသက်တမ်းစေ့နေထိုင်နိုင်ဖို့ဆိုတာ အစားအစာ၊ ပတ်ဝန်းကျင်အခြေအနေ၊ နေထိုင်မှုစနစ် နဲ့ အခြားမျှော်လင့်မထားတဲ့ ကိစ္စရပ်တွေများစွာပေါ်မှာ မူတည်ပါတယ်။ ဒီနေ့မှာတော့ စစ်တမ်းတွေအရ ကမ္ဘာပေါ်မှာ လူ့ဘဝသက်တမ်းအတိုတောင်းဆုံး ရှင်သန်နေထိုင်ရတဲ့ နိုင်ငံ (၁၀) နိုင်ငံအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com ၁၀။ အီကွေတိုရီယယ်ဂီနီယာ (Equatorial Guinea) အီကွေတိုရီယယ်ဂီနီယာကတော့ ၁၉၆၈ ခုနှစ်ကမှလွတ်လပ်ရေးရခဲ့တဲ့ အာဖရိကတိုက်အနောက်ပိုင်းက နိုင်ငံငယ်လေးဖြစ်ပါတယ်။ လူဦးရေ (၁.၆) သန်းကျော်နေထိုင်တဲ့ အီကွေတိုရီယယ်ဂီနီယာနိုင်ငံဟာ အခြားအာဖရိကနိုင်ငံအတော်များများထက်စာရင်တော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံလည်းဖြစ်ပါတယ်။ ဒါပေမယ့် လူနေမှုစနစ်တိုးတက်ဖို့လိုအပ်ချက်တွေရှိနေတာကြောင့် […]

World Top

ခရစ္စတီယာနိုရော်နယ်ဒို ရွေးချယ်ခဲ့တဲ့ ထာဝရအကောင်းဆုံး ဘောလုံးသမား (၁၀) ဦး

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (Ballon d’Or) ကို ၅ ကြိမ်ရရှိထားဖူးတဲ့ ပေါ်တူဂီတိုက်စစ်မှုး ခရစ္စတီယာနိုရော်နယ်ဒိုဟာ စပိန်အားကစားရုပ်သံတစ်ခုဖြစ်တဲ့ GOL Play နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူ့အတွက် ထာဝရအကောင်းဆုံးဘောလုံးသမား (၁၀) ဦးကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com ဒီကစားသမား (၁၀) ဦးစာရင်းမှာသူ့ရဲ့ မဟာပြိုင်ဘက်လို့ဆိုရမယ့် အာဂျင်တီးနားတိုက်စစ်မှုး လီယွန်နယ်မက်ဆီကိုတော့ အဆင့် (၄) နေရာသာပေးထားတာကို အံ့အားသင့်ဖွယ်တွေ့ရှိရပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုအတွက် ထာဝရအကောင်းဆုံးကစားသမား (၁၀) ဦးမှာ ဘယ်သူတွေက နံပါတ်ဘယ်လောက်မှာရှိနေမလဲဆိုတာ ဆက်လက်ကြည့်လိုက်ရအောင်နော် […]

World Top

အသန့်စင်ဆုံး လေထုကိုပိုင်ဆိုင်ထားတဲ့ ကမ္ဘာပေါ်ကမြို့ (၁၀) မြို့

နေ့စဉ်နှင့်အမျှတိုးပွားလာနေတဲ့ ကမ္ဘာ့လူဦးရေကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ မြို့ရွာ၊ တိုင်းပြည်တွေမှာရှိနေတဲ့ လေထုဟာ တစ်စတစ်စပိုမိုညစ်ညမ်းလာလျက်ရှိပါတယ်။ ဒီလိုမျိုး လေထုညစ်ညမ်းလာမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေအဖြစ် လူသားတွေဟာရောဂါဘယတွေတိုးပွားလာပြီး ပျမ်းမျှသက်တမ်းဟာလည်း တဖြည်းဖြည်းတိုတောင်းလာပါတယ်။ shwekhitonlinetv.com အခုတစ်ခေါက်ဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ဒီလိုဖြစ်ရပ်တွေနဲ့ ဆန့်ကျင်ဘက်အခြေအနေမှာရှိပြီး အသန့်စင်ဆုံးလေထုကို ပိုင်ဆိုင်ထားတဲ့ ကမ္ဘာပေါ်ကမြို့ (၁၀) မြို့အကြောင်းပဲဖြစ်ပါတယ်။ ဒီမြို့ကြီးတွေရဲ့လေထုညစ်ညမ်းမှုကိုတော့ လေထုထဲမှာပါတဲ့ ဆာလဖာဒိုင်အောက်ဆိုဒ်၊ နိုက်ထရိုဂျင်အောက်ဆိုဒ်၊ ကာဗွန်ဒိုင်အောက်ဆိုဒ် အစရှိတဲ့ ဓာတ်ငွေ့တွေလေထုထဲမှာပါဝင်နေတဲ့ နှုန်းကိုလေ့လာဆန်းစစ်ပြီး တွက်ချက်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com *µg/m3 = microgram per cubic […]