World Top

ကမ္ဘာ့ဖလားပြိုင်ပွဲကို အကြိမ်ရေအများဆုံး ပါဝင်ဆင်နွှဲထားသည့်ကစားသမားများ

ကမ္ဘာ့ဖလားပြိုင်ပွဲဆိုတာကတော့ အားလုံးသိတဲ့အတိုင်း (၄) နှစ်ကိုမှ တစ်ကြိမ်ကျင်းပတဲ့ပြိုင်ပွဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သာမန်ကစားသမားတစ်ယောက်အနေနဲ့ ကစားသမားဘဝသက်တမ်းတစ်လျောက်များ ပျမ်းမျှအားဖြင့် ဒီပြိုင်ပွဲကို အများဆုံး (၄) ကြိမ်သာကစားဖို့ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမယ့်လည်း ဘောလုံးသမိုင်းကိုပြန်ကြည့်မယ်ဆိုရင်တော့ ကစားသမားဘဝအရွယ်လွန်ချိန်အထိ ခြေစွမ်းကိုထိန်းထားနိုင်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို (၅) ကြိမ်အထိပါဝင်ခွင့်ရခဲ့တဲ့ ကစားသမားအချို့လည်းရှိနေပါတယ်။ အဲ့ဒီကစားသမားတွေကတော့ ….. shwekhitonlinetv.com ၁။ လီယွန်နယ်မက်ဆီ – အာဂျင်တီးနား၊ (၅) ကြိမ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို အများဆုံးအဖြစ် (၇) ကြိမ်ရရှိထားတဲ့ အာဂျင်တီးနားတိုက်စစ်မှုး […]

World Top

ကမ္ဘာပေါ်မှာရှိတဲ့ အလှပဆုံး အိုအေစစ်များ

အခုတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို ကမ္ဘာပေါ်မှာဖြစ်တည်နေတဲ့ အိုအေစစ်လေးတွေထဲက အလှပဆုံးလို့ဆိုရမယ့် အိုအေစစ်လေးတွေအကြောင်းကို ရေးသားဖော်ပြလိုက်ရပါတယ်နော်။ shwekhitonlinetv.com ၁။ Wadi Bani Khalid – Oman Wadi Bani Khalid အိုအေစစ်လေးကတော့ Oman နိုင်ငံအရှေ့ပိုင်းက သဲကန္တာရထဲမှာရှိပြီး တောင်ကြားကိုဖြတ်သန်းစီးဆင်းနေတဲ့ စမ်းချောင်းကလေးတစ်ခုကြောင့် အမြဲတမ်းစိမ်းစိုနေတဲ့ နေရာဖြစ်ပါတယ်။ ဒီစမ်းချောင်းလေးထဲမှာ ငါးကလေးတွေလည်း အသက်ရှင်နေထိုင်လျက်ရှိတာကို မြင်တွေ့ခံစားနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com ၂။ Huacachina Oasis – Peru တောင်အမေရိကတိုက်က ပီရူးနိုင်ငံရဲ့ […]

World Top

၂၀၂၂ ခုနှစ်ရဲ့ဝင်ငွေအကောင်းဆုံးနဲ့ အချမ်းသာဆုံး ဘောလုံးသမား (၁၀) ဦး

အခုတစ်ခေါက်ရွှေခေတ်ပရိသတ်တွေကို ဖော်ပြပေးသွားချင်တာကတော့ ၂၀၂၂ ခုနှစ်အတွင်း ဘောလုံးလောကရဲ့ ဝင်ငွေအကောင်းဆုံးနဲ့ အချမ်းသာဆုံးကစားသမား (၁၀) ဦးရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဒီစာရင်းမှာ ဘယ်သူတွေများပါဝင်နေမလဲဆိုတာ ဆက်လက်လေ့လာကြည့်လိုက်ပါဦးနော် ….. shwekhitonlinetv.com ၁၀။ ကီဗင် ဒီဘရိုင်းနား – အမေရိကန်ဒေါ်လာ (၂၉) သန်း ပရီးမီးယားလိဂ်က မန်စီးတီးအသင်းရဲ့ကပ္ပတိန်ဖြစ်တဲ့ ဘယ်လ်ဂျီယံကွင်းလယ်လူ ကီဗင်ဒီဘရိုင်းနားကတော့ ဒီစာရင်းရဲ့ အဆင့် (၁၀) နေရာမှာရပ်တည်လျက်ရှိပါတယ်။ အသက် (၃၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီဘရိုင်းနားဟာ မန်စီးတီးအသင်းနဲ့ချုပ်ဆိုထားတဲ့စာချုပ်အရ တစ်နှစ်ကိုကွင်းတွင်းဝင်ငွေ အမေရိကန်ဒေါ်လာ […]

World Top

ခြေစွမ်းခြေစမသေးတဲ့ ကမ္ဘာ့အရပ်အပုဆုံး ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ

ဘောလုံးဝါသနာရှင် ရွှေခေတ်ပရိသတ်တွေအတွက် အခုတစ်ခေါက်မှာတော့ ကမ္ဘာ့အရပ်အပုဆုံးပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေအကြောင်းကိုဖော်ပြပေးချင်ပါတယ်။ သူတို့တွေထဲက အချို့ကစားသမားတွေကတော့ အရပ်ပုပေမယ့် အန္တရာယ်အရှိဆုံးကစားသမားအဖြစ် ကျော်ကြားခဲ့တဲ့သူတွေလည်းဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ Marcin Garuch အသက် (၃၄) နှစ်အရွယ်ရှိပြီဖြစ်တဲ့ Marcin Garuch ကတော့ ပိုလန်ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့အရပ်အမြင့်ကတော့ (၅) ပေခန့်သာရှိတာဖြစ်ပြီးကမ္ဘာ့အရပ်အပုဆုံး ပရော်ဖက်ရှင်နယ်ဘောလုံးသမားအဖြစ် မှတ်တမ်းဝင်ထားတဲ့သူလည်းဖြစ်ပါတယ်။ အရပ်ပုပေမယ့် ကစားခဲ့တဲ့အသင်းတိုင်းမှာ အဓိကကစားသမားဖြစ်ခဲ့ပြီး ပွဲပေါင်း (၄၀၀) နီးပါးကစားထားကာ သွင်းဂိုး (၄၈) ဂိုးအထိသွင်းယူခဲ့တဲ့ ကွင်းလယ်လူလည်းဖြစ်ပါတယ်။ […]

World Top

ဒေါ်လာသန်းနဲ့ချီပြီးတန်ကြေးရှိတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး သတို့သမီးဝတ်စုံများ

မင်္ဂလာဆောင်တယ်ဆိုတာ အမျိုးသမီးအများစုအတွက်တော့တစ်သက်မှာတစ်ခါသာရရှိနိုင်တဲ့ အခွင့်အရေးဖြစ်ပါတယ်။ ဒါကြောင့်လည်းတစ်သက်လုံးအမှတ်ရနေစေဖို့ မိမိရဲ့မင်္ဂလာပွဲကို အခမ်းနားဆုံးကျင်းပလိုကြတာမဆန်းပါဘူး။ ဒီလိုခမ်းနားဖို့ဆိုတာ မင်္ဂလာခမ်းမလိုနေရာတွေအပြင် မင်္ဂလာဝတ်စုံတွေကလည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး မင်္ဂလာသတို့သမီးဝတ်စုံတွေအကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ Angelababy Wedding Dress တရုတ်စူပါစတား Angela Yeung Wing မင်္ဂလာဆောင်တုန်းကဝတ်ဆင်ခဲ့တဲ့ သတို့သမီးဝတ်စုံကတော့ အမေရိကန်ဒေါ်လာ (၃၁) သန်းတန်ကြေးရှိပြီး ဒီနေ့အချိန်ထိတိုင် တန်ဖိုးအကြီးဆုံးမင်္ဂလာဝတ်စုံအဖြစ်စံချိန်တင်ထားပါတယ်။ ဒီဝတ်စုံပြီးမြောက်ဖို့အတွက်တော့အချိန် (၅) လလောက်ယူခဲ့ရတယ်လို့သိရပါတယ်။ shwekhitonlinetv.com ၂။ […]

World Top

၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့အချမ်းသာဆုံး ကမ္ဘာကျော်ဘောလုံးသမား ၁၀ ဦး

ဘောလုံးကစားနည်းဟာ ကမ္ဘာတဝှမ်းမှာ လူကြိုက်အများဆုံး အားကစားနည်းတခုဆိုလည်း မမှားပါဘူးနော်။ ကမ္ဘာ့ဖလားဘောလုံးပွဲဟာလည်း တကမ္ဘာလုံးရင်ခုန်စွာ စောင့်ကြည့်ရတဲ့ ပွဲတခုဖြစ်ခဲ့ပြီး မထင်မှတ်ထားတဲ့ အသင်းအရွှေ့အပြောင်းများ နိုင်ပွဲရအသင်းများကြောင့် ကစားပွဲဟာ အရှိန်မြင့်တက်လျက်ရှိပါတယ်။ ဘောလုံးအားကစားချစ်သူများအတွက် ကမ္ဘာ့အချမ်းသာဆုံး ကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁၀။ Samuel Eto’o ကင်မရွန်းနိုင်ငံသား ပရော်ဖက်ရှင်နယ် ကစားသမား Samuel Eto’o ကတော့ အမေရိကန်ဒေါ်လာ ၁၀၀ မီလီယံအထိ ချမ်းသာတဲ့ ထိပ်တန်း ၁၀ ယောက်မြောက် […]

World Top

ကမ္ဘာပေါ်မှာ အရပ်အပုဆုံအမျိုးသမီးတွေရှိနေတဲ့ နိုင်ငံများ

အရပ်အမောင်း၊ လူကောင်သန်မာထွားကျိုင်းမှုဆိုတာကတော့ မျိုးရိုးဗီဇ၊ နေထိုင်စားသောက်မှု ပုံစံတွေနဲ့ အများကြီးဆက်စပ်နေတဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကမ္ဘာပေါ်မှာ ပျမ်းမျှ အရပ်အပုဆုံးအမျိုးသမီးတွေက ဘယ်နိုင်ငံတွေမှာရှိသလဲဆိုတာဖော်ပြလိုက်ပါတယ်။ shwekhitonlinetv.com ၁။ ဂွာတီမာလာ မြောက်အမေရိကတိုက် ကာရစ်ဘီယံဒေသက ဂွာတီမာလာကတော့ ကမ္ဘာပေါ်မှာအရပ်အပုဆုံးအမျိုးသမီးတွေရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ဂွာတီမာလာနိုင်ငံက အမျိုးသမီးတွေရဲ့ အရပ်အမောင်းဟာ ပျမ်းမျှအားဖြင့် (၁၅၀.၉၁) စင်တီမီတာသာရှိပါတယ်။ shwekhitonlinetv.com ၂။ ဘင်္ဂလားဒေ့ရှ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ ဒီစာရင်းမှာအဆင့် (၂) ချိတ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသူတွေရဲ့အရပ်ဟာ ပျမ်းမျှ (၁၅၂.၃၈) စင်တီမီတာပဲရှိပါတယ်။ shwekhitonlinetv.com […]

World Top

အန္တရာယ်များတဲ့ မီးတောင်ရှင်တွေအများဆုံးရှိနေတဲ့ ကမ္ဘာ့နိုင်ငံများ

မီးတောင်တွေဆိုတာကတော့ အတော်လေးကိုအန္တရာယ်များတဲ့သဘာဝအတိုင်းဖြစ်တည်နေတဲ့အရာတွေပါ။ ကမ္ဘာအနှံ့မှာ မီးတောင်တွေအများအပြားရှိပါတယ်။ ဒီထဲမှာမှလှုပ်ရှားနေတဲ့မီးတောင်ရှင်တွေကို အများအပြားပိုင်ဆိုင်ထားတဲ့ နိုင်ငံအချို့ကိုဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁၀။ ပြင်သစ် – (၉) ခု ဥရောပတိုက်က နိုင်ငံတွေကတော့လှုပ်ရှားနေတဲ့မီးတောင်တွေရှိတယ်ဆိုတာရှားပါးလှပါတယ်။ ဒီထဲမှာ ပြင်သစ်နိုင်ငံကထူးထူးခြားခြား မီးတောင်ရှင် (၉) ခုတောင်မှပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com ၉။ အိုက်စလန် – (၉) ကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ အိုက်စလန်နိုင်ငံကလည်း လှုပ်ရှားနေတဲ့မီးတောင်ရှင် (၉) ခုကိုပိုင်ဆိုင်ထားပါတယ်။ ဒီမီးတောင်ရှက်တွေထဲမှာ ၂၀၁၀ ခုနှစ်တုန်းကပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ Eyjafjallajokull မီးတောင်ကတော့ အတော်လေးကိုထင်ရှားလှပါတယ်။ shwekhitonlinetv.com ၈။ […]

World Top

တန်ဖိုးအကြီးဆုံးလူစာရင်းတွေကို ပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းများ

လက်ရှိ ၂၀၂၂ ကာတာကမ္ဘာ့ဖလားကိုဝင်ရောက်ယှဉ်ပြိုင်နေတဲ့ နိုင်ငံလက်ရွေးစင်အသင်းပေါင်းကတော့ (၃၂) သင်းရှိပါတယ်။ ဒီအသင်းတွေထဲမှာ လက်ရှိဈေးကွက်တန်ဖိုးတွက်ချက်မှုအရ ကစားသမားတန်ဖိုးအမြင့်ဆုံး အသင်းတွေကိုဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၇။ အာဂျင်တီးနား – ယူရို (၆၄၅.၂) သန်း လီယွန်နယ်မက်ဆီလိုမျိုး Ballon d’Or (၇) ကြိမ်ရကစားသမားမျိုးပါဝင်နေတဲ့ တောင်အမေရိကတိုက်က အာဂျင်တီးနားအသင်းကတော့ ဒီစာရင်းရဲ့ အဆင့် (၇) နေရာမှာရှိပါတယ်။ အာဂျင်တီးနားအသင်းရဲ့ လက်ရှိဈေးကွက်တန်ဖိုးအမြင့်ဆုံးကစားသမားတွေကတော့ အင်တာမီလန်တိုက်စစ်မှုး လော်တာရိုမာတီနက်ဇ် (ယူရို ၇၅ သန်း)၊ စပါးအသင်းနောက်ခံလူ […]

World Top

ကမ္ဘာပေါ်မှာ သစ်တောဧရိယာအများဆုံးထိန်းသိမ်းထားနိုင်တဲ့ အစိမ်းလန်းဆုံးနိုင်ငံများ

“ဥတုရာသီ တောကိုမှီ” ဆိုတဲ့အတိုင်းပဲ နိုင်ငံတစ်နိုင်ငံရဲ့ရာသီဥတုဖြစ်တည်မှုမှာသစ်တောတွေက အဓိကကျတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ဆိုးရွားတဲ့ရာသီဥတုဖောက်ပြန်မှုတွေဟာ သစ်တောပြုန်းတီးမှုနဲ့တိုက်ရိုက်စပ်ဆက်နေတယ်ဆိုလည်းမမှားပါဘူး။ shwekhitonlinetv.com တိုးပွားလာတဲ့ကမ္ဘာ့လူဦးရေကြောင့် သစ်တောလိုသဘာဝအရင်းအမြစ်တွေကိုထုတ်ယူသုံးစွဲမှုများလာတာကြောင့် နောက်ဆက်တွဲသဘာဝကပ်ဘေးတွေနဲ့ရင်ဆိုင်နေရတဲ့နိုင်ငံတွေ၊ ဖြစ်ရပ်တွေကလည်းအများအပြားရှိလို့နေပါတယ်။ ဒါကြောင့်နောက်ပိုင်းမှာတော့နိုင်ငံအများစုဟာ သစ်တောတွေရဲ့တန်ဖိုးကိုသိမြင်လာကြပြီး အလေးပေးကာကွယ်ထိန်းသိမ်းမှုတွေပြုလုပ်လာနေကြပါတယ်။ အခုဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ကမ္ဘာပေါ်မှာသစ်တောဧရိယာအများဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံ (၁၀) နိုင်ငံဖြစ်ပါတယ်။ shwekhitonlinetv.com ၁၀။ ပီရူး ဒီစာရင်းရဲ့ နံပါတ် (၁၀) နေရာမှာရှိနေတာကတော့ တောင်အမေရိကတိုက်က ပီရူးနိုင်ငံဖြစ်ပါတယ်။ ပီရူးနိုင်ငံအနေနဲ့ နိုင်ငံတစ်ဝှမ်းမှာသစ်တောဧရိယာ ဟတ်တာစုစုပေါင်း (၇၂) သန်းလောက်ကို မပြုန်းတီးအောင်ထိန်းသိမ်းထားလျက်ရှိပါတယ်။ shwekhitonlinetv.com ၉။ အိန္ဒိယ […]