World Top

နှစ်ပေါင်း (၉၀) ကျော်မှာ နိုင်ငံ (၈) နိုင်ငံပဲ ချန်ပီယံဖြစ်ဖူးသေးတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ

၁၉၃၀ ပြည့်နှစ်ကစတင်ပြီး ကျင်းပလာခဲ့တဲ့ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဟာ သက်တမ်းအားဖြင့်ဆိုရင်နှစ်ပေါင်း (၉၂) နှစ်ရှိပြီဖြစ်ပါတယ်။ ဒီနှစ်ပေါင်း (၉၀) ကျော်ကာလအတွင်း ဒုတိယကမ္ဘာစစ်ကာလတွေကလွဲရင် လေးနှစ်ကိုတစ်ကြိမ်ပုံမှန်ကျင်းပခဲ့တာဖြစ်ပြီး လက်ရှိကာတာနိုင်ငံမှာကျင်းပနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားဟာ (၂၂) ကြိမ်မြောက်ပြိုင်ပွဲဖြစ်ပါတယ်။ shwekhitonlinetv.com ခြေစစ်ပွဲကာလကနေကြည့်မယ်ဆိုရင်နိုင်ငံပေါင်း (၂၀၀) ကျော်ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ပြိုင်ပွဲဖြစ်ပေမယ့် ချန်ပီယံဖြစ်ဖူးတာကတော့ (၈) နိုင်ငံပဲရှိပါတယ်။ အဲ့ဒီနိုင်ငံတွေကတော့ …… shwekhitonlinetv.com ၁။ ဘရာဇီးလ် – (၅) ကြိမ် တောင်အမေရိကတိုက်က ဘရာဇီးလ်နိုင်ငံကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာအအောင်မြင်ဆုံးလို့ဆိုရမယ့် နိုင်ငံဖြစ်ပြီး […]

Knowledge

လူတိုင်းကို အံ့သြမှင်သက်ဖြစ်စေခဲ့တဲ့ ထူးဆန်းပြီး အဓိပ္ပာယ်မရှိတဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းများ

ဂင်းနစ်စံချိန်သတ်မှတ်ခြင်း ဖြစ်စဥ်ကိုတော့ ၁၉၅၅ခုနှစ်မှာ စတင်ခဲ့ပါတယ်။ အစဦးမှာတော့ ကမ္ဘာ့စံချိန်စံညွှန်းများကို သတ်မှတ်တဲ့ စာအုပ်တခုအဖြစ်သာ ရှိခဲ့ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ကြာလာတဲ့အခါမှာတော့ ကမ္ဘာ့စံနှုန်းသတ်မှတ်မှုဟာ ပေါ်ပြူလာဖြစ်လာခဲ့ပြီး တီဗွီအစီအစဥ်များအဖြစ် တင်ဆက်ပြသလာခဲ့ပါတယ်။ ထို့နောက်မှာတော့ ကမ္ဘာနဲ့ချီပြီး နာမည်ကြီးလိုသူများဟာ ဂင်းနစ်စံချိန်ချိုးနိုင်ဖို့ ကြိုးစားလာကြခဲ့ကြပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ထူးဆန်းပြီး အဓိပ္ပာယ်မရှိတဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်စံညွှန်းများကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ Elaine Davidson Elaine Davidson ဆိုတဲ့ အမျိုးသမီးကတော့ ၁၉၉၇ ခုနှစ် […]

World Top

ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဘီလျံနာတွေ အများဆုံးရှိနေတဲ့ မြို့များ (၂၀၂၂)

အခုတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို ကမ္ဘာကျော် Forbes မဂ္ဂဇင်းကနေဖော်ပြခဲ့တဲ့ ၂၀၂၂ ရဲ့ ဘီလျံနာတွေအများဆုံးနေထိုင်တဲ့ ကမ္ဘာ့မြို့ကြီးတွေအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com ၁၀။ ဆိုးလ် – (၃၈) ဦး ဒီစာရင်းရဲ့အဆင့် (၁၀) နေရာမှာတော့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိနေပါတယ်။ ဆိုးလ်မြို့မှာဆိုရင်တော့ ဘီလျံနာစုစုပေါင်း (၃၈) ဦးအထိနေထိုင်လျက်ရှိပါတယ်။ သူတို့ထဲက အချမ်းသာဆုံးပုဂ္ဂိုလ်တွေကတော့ Kim Beom-su နဲ့ Jay Y.Lee တို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ချမ်းသာကြွယ်ဝမှုက (၉.၁) ဘီလီယံစီရှိပါတယ်။ shwekhitonlinetv.com ၉။ […]

World Top

စတော်ဘယ်ရီသီးကြိုက်နှစ်သက်သူတွေ သွားရောက်နေထိုင်သင့်တဲ့နိုင်ငံများ

ရွှေခေတ်ပရိသတ်တွေထဲမှာစတော်ဘယ်ရီသီးကို အထူးကြိုက်နှစ်သက်တဲ့သူတွေရှိမလားမသိဘူးနော်။ တစ်ကယ်လို့စတော်ဘယ်ရီသီးကိုကြိုက်နှစ်သက်တဲ့သူတွေရှိခဲ့မယ်ဆိုရင် အခုဖော်ပြပေးမယ့်နိုင်ငံတွေကိုအလည်အပတ်သွားရောက်စေခချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံတွေမှာက စတော်ဘယ်ရီသီးတွေကိုအများအပြားစိုက်ပျိုးထုတ်လုပ်နေပြီး တစ်ကမ္ဘာလုံးကိုလည်း အမြောက်အမြားတင်ပို့နေတဲ့နိုင်ငံတွေဖြစ်လို့ပါပဲ။ shwekhitonlinetv.com ၁၀။ မော်ရိုကို – (၁၆၇,၈၂၇) မက်ထရစ်တန် အာဖရိကတိုက်က မော်ရိုကိုနိုင်ငံကတော့ တစ်ကမ္ဘာလုံးကို စတော်ဘယ်ရီသီးအများဆုံးတင်ပို့နေတဲ့ နိုင်ငံစာရင်းမှာ အဆင့် (၁၀) နေရာမှာရှိပါတယ်။ မော်ရိုကိုနိုင်ငံအနေနဲ့ ကမ္ဘာတစ်ဝန်းကို စတော်ဘယ်ရီသီး (၁၆၇,၈၂၇) မက်ထရစ်တန်နှစ်စဉ်တင်ပို့လျှက်ရှိပါတယ်။ shwekhitonlinetv.com ၉။ ပိုလန် – (၁၈၅,၄၀၀) မက်ထရစ်တန် ဥရောပတိုက်ကပိုလန်နိုင်ငံကလည်း […]

World Top

အာကာသခရီးကို အစောဆုံးသွားခဲ့ကြတဲ့ နိုင်ငံ (၁၀) နိုင်ငံ

နည်းပညာတွေအရှိန်အဟုန်နဲ့ တိုးတက်ဖွံ့ဖြိုးနေတဲ့ ဒီနေ့ခေတ်အချိန်အခါမှာတော့ အာကာသထဲကိုခရီးသွားဖို့ဆိုတာ အထူးတလည်စာဖွဲ့ပြောစရာကိစ္စရပ်တစ်ခုမဟုတ်တော့ပါဘူး။ ကမ္ဘာ့နိုင်ငံအတော်များများက အာကာသယာဉ်မှုးတွေအနေနဲ့လည်း အာကာသထဲကို သွားရောက်ခဲ့ပြီး လေ့လာစူးစမ်းမှုတွေပြုလုပ်ခဲ့ဖူးပြီးပြီဖြစ်ပါတယ်။ ဒါဆိုရင်နည်းပညာတွေ အခုလိုမဖွံ့ဖြိုးမတိုးတက်သေးတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) ကျော်တုန်းကရောဘယ်နိုင်ငံတွေက အာကာသခရီးကို အစောဆုံးသွားခဲ့ကြတာလဲ ? ဒီမေးခွန်းရဲ့အဖြေကိုသိချင်ရင်တော့ အကြောင်းအရာလေးကို ပြီးဆုံးအောင်ဆက်လက်ဖတ်ရှုလိုက်ရုံပါပဲ ….. shwekhitonlinetv.com ၁၀။ မွန်ဂိုလီးယား ၁၉၈၁ ခုနှစ် မတ်လ (၂၂) ရက်နေ့မှာတော့ မွန်ဂိုလီးယားနိုင်ငံသား Jügderdemidiin Gürragchaa ဟာ Soyuz […]

World Top

ကမ္ဘာပေါ်မှာရှိတဲ့ အကြီးဆုံးပင်လယ်ကြီး (၁၀) ခု

အခုတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို ကမ္ဘာပေါ်မှာတည်ရှိတဲ့အကြီးမားဆုံးပင်လယ်ကြီး (၁၀) ခုရဲ့အကြောင်းကို ဗဟုသုတအနေနဲ့ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁၀။ အက်ဒမန်ပင်လယ် – (Andaman Sea) ကမ္ဘာပေါ်မှာရှိတဲ့ပင်လယ်တွေထဲမှာ (၁၀) ခုမြောက်အကြီးမားဆုံးကတော့ အက်ဒမန်ပင်လယ် ဖြစ်ပါတယ်။ အက်ဒမန်ပင်လယ်ဆိုရင် ဧရိယာစတုရန်းမိုင်ပေါင်း (၃၀၈,၀၀၀) ကျယ်ပြန့်ပြီး ပျမ်းမျှရေအနက်က (၂,၈၅၄) ပေနက်ပါတယ်။ ထူးခြားတာက ဒီပင်လယ်ထဲမှာရှိတဲ့ရေတွေရဲ့ ငန်နှုန်းဖြစ်ပြီး ဆောင်းရာသီမှာဆို နွေရာသီထက်ပိုငန်တယ်လို့သိရပါတယ်။ shwekhitonlinetv.com ၉။ ဂျပန်ပင်လယ် – (The Sea of Japan) […]

World Top

ဘောလုံးသမိုင်းတစ်လျောက် ငွေကြေးအကုန်အကျအများဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲများ

(၄) နှစ်တစ်ကြိမ်ကျင်းပပြုလုပ်တဲ့ ဖီဖာအမျိုးသားကမ္ဘာ့ဖလားရဲ့ (၂၂) ကြိမ်မြောက်ပြိုင်ပွဲကိုတော့ အာရှတိုက်က ကာတာနိုင်ငံမှာလာမယ့် နိုဝင်ဘာ (၂၀) ရက်နေ့ကနေ ဒီဇင်ဘာ (၁၈) ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ အငြင်းပွားဖွယ်ရာအများအပြားရှိခဲ့ပြီး ဆောင်းရာသီမှာကျင်းပတဲ့ ပထမဆုံးကမ္ဘာ့ဖလားအဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲအတွက် အိမ်ရှင်ကာတာနိုင်ငံဟာ အမေရိကန်ဒေါ်လာ (၂၂၀) ဘီလီယံအထိအသုံးပြုထားလို့ ဖီဖာရဲ့ကမ္ဘာ့ဖလားသမိုင်းမှာ ငွေကြေးအများဆုံးသုံးစွဲခဲ့ရတဲ့ ပြိုင်ပွဲအဖြစ်လည်းစံချိန်တင်သွားခဲ့ရပါတယ်။ ဖီဖာရဲ့ကမ္ဘာ့ဖလားသမိုင်းမှာ ငွေကြေးကုန်ကျမှုအများဆုံးအသုံးပြုခဲ့ရတဲ့ ပြိုင်ပွဲတွေကိုဖော်ပြရမယ်ဆိုရင်တော့ ….. shwekhitonlinetv.com ၁။ ၁၉၉၈ ကမ္ဘာ့ဖလား – အမေရိကန်ဒေါ်လာ (၂.၃) […]

World Top

နိုင်ငံသားတစ်ဦးချင်းစီအလိုက် ပျမ်းမျှ IQ အမြင့်ဆုံးကမ္ဘာ့နိုင်ငံ (၁၀) နိုင်ငံ

ဒီတစ်ခေါက်မှာတော့ သုတေသနစစ်တမ်းတွေကနေရရှိတဲ့အချက်အလက်တွေအရ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံသားတစ်ဦးချင်းစီအလိုက် ပျမ်းမျှ IQ အမြင့်ဆုံးကမ္ဘာ့နိုင်ငံ (၁၀) နိုင်ငံအကြောင်းကိုဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com ၁၀။ နယ်သာလန် – (၁၀၀.၇၄) ဒီစာရင်းရဲ့ အဆင့် (၁၀) မှာရှိနေတာကတော့ဥရောပတိုက်ကနယ်သာလန်နိုင်ငံဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံဟာလူဦးရေ (၁၇.၄၄) သန်းနေထိုင်တဲ့နိုင်ငံဖြစ်ပြီး နိုင်ငံသားတစ်ဦးချင်းစီရဲ့ ပျမ်းမျှ IQ Level ဟာ (၁၀၀.၇၄) ရှိပါတယ်။ shwekhitonlinetv.com ၉။ လက်ချင်စတိန်း – (၁၀၁.၀၇) လူဦးရေ (၃၈၀၀၀) ကျော်ပဲရှိတဲ့ ဥရောပနိုင်ငံငယ်လေး […]

World Top

ခရစ်တော်မပေါ်မီက လူသားသမိုင်းမှာ အကြီးကျယ်ဆုံးဖြစ်ခဲ့တဲ့ ရှေးဟောင်းမြို့ကြီးများ

လူသားတွေရဲ့သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင်တော့ မြို့ကြီးတွေတည်ထောင်ပြီးနေထိုင်ခဲ့ကြမှုဟာ လူ့ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်မတန်အရေးပါခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ သမိုင်းကြောင်းမှတ်တမ်းတွေမှာဖော်ပြမှုအရ တစ်ချိန်ကအကြီးကျယ်အခမ်းနားဆုံးဖြစ်ခဲ့တဲ့ ရှေးဟောင်းမြို့ကြီးတွေအကြောင်းကို ဗဟုသုတအဖြစ် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ ယေရိခေါ (ဘီစီ ၇၀၀၀ ခန့်က အကြီးကျယ်ဆုံးမြို့) ယေရိခေါ (Jericho) မြို့တော်ကတော့ ဒီနေ့ခေတ်ပါလက်စတိုင်းနိုင်ငံနယ်နိမိတ်ထဲမှာပါဝင်ပြီး ပင်လယ်သေနဲ့ နီဘိုတောင်ကြားမှာတည်ရှိပါတယ်။ လွန်ခဲ့တဲ့ ဘီစီ ၉၀၀၀ ခုနှစ်လောက်ကတည်ခဲ့တဲ့ဒီမြို့ဟာ ဂျော်ဒန်မြစ်ကနေသဘာဝအလျောက်ဖြစ်တည်နေတဲ့ ဆည်မြောင်းလေးတွေနဲ့ အိုအေစစ်လေးတွေအများအပြားရှိပြီး စိုက်ပျိုးရေးအတွက် အဆင်ပြေစေမယ့်စမ်းချောင်းလေးတွေလည်းရှိပါတယ်။ ဒီမြို့မှာ […]

World Top

ကမ္ဘာပေါ်ကတန်ဖိုးအကြီးမားဆုံး ရှေးဟောင်းပစ္စည်းများ

ဒီတစ်ခါမှာတော့ ရှေးဟောင်းပစ္စည်းတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားတဲ့ ရွှေခေတ်ပရိသတ်တွေအတွက် ကမ္ဘာပေါ်မှာလက်ရှိအချိန်အထိ ထိန်းသိမ်းထားတဲ့ တန်ဖိုးအကြီးမားဆုံးရှေးဟောင်းပစ္စည်းတွေရဲ့အကြောင်းကိုဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ Diamond Panther Bracelet – $ 7 Millions ဘုရင် Edward VIII မှ သူ့ရဲ့ဇနီးဖြစ်သူ Windsor Duchess ကိုမင်္ဂလာလက်ဆောင်အဖြစ်ပေးအပ်ခဲ့တဲ့ ကျားသစ်နက်ပုံစံလက်ကောက်ကတော့ ဒီနေ့ခေတ်ကာလတန်ကြေးနဲ့ဆိုရင် အမေရိကန်ဒေါ်လာ (၇) သန်းကျော်တန်ပါတယ်။ စိန်တွေနဲ့ဖန်တီးထားတဲ့ (၆.၅) လက်မအရှည်ကျားသစ်ကိုယ်ထည်ပေါ်မှာ မြကျောက်တွေနဲ့စီချယ်ထားတဲ့ ဒီကျားသစ်ပုံစံလက်ကောက်က မြင်တာနဲ့တင်အတော်လေးကို ခမ်းနားလှပါတယ်။ shwekhitonlinetv.com ၂။ […]