အာကာသထဲသို့ ဂြိုဟ်တု အစောဆုံးလွှတ်တင်ခဲ့တဲ့ ကမ္ဘာ့နိုင်ငံများ
ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းစာရင်းအင်းတွေအရဆိုရင် အာကာသထဲကိုလွှတ်တင်ထားပြီး ကမ္ဘာကိုလှည့်ပတ်နေတဲ့ ဂြိုဟ်တုအရေအတွက်ဟာ (၅,၄၆၅) ခုတောင်ရှိတယ်လို့ သိရပါတယ်။ ဒီထဲက (၃,၄၃၃) ခုကတော့ အမေရိကန်တစ်နိုင်ငံတည်းကနေလွှတ်တင်ထားတဲ့ ဂြိုဟ်တုတွေဖြစ်ပါတယ်။ ဒါပေမယ့် အာကာသထဲကို ပထမဆုံးနဲ့အစောဆုံး ဂြိုဟ်တုလွှတ်တင်နိုင်ခဲ့တာကတော့ အမေရိကန်ပြည်ထောင်စုမဟုတ်ပါဘူး။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ အာကာသထဲကို ဂြိုဟ်တုအစောဆုံး လွှတ်တင်ခဲ့တဲ့ ကမ္ဘာ့နိုင်ငံကြီး (၁၀) ခုကိုဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ ဆိုဗီယက်ယူနီယံ အာကာသထဲကို ပထမဆုံးအနေနဲ့အောင်မြင်စွာ ဂြိုဟ်တုလွှတ်တင်နိုင်ခဲ့တဲ့နိုင်ငံကတော့ တစ်ချိန်က ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်ခဲ့တဲ့ ဆိုဗီယက်ယူနီယံပဲဖြစ်ပါတယ်။ […]
