Knowledge

လူတိုင်းလည်ပတ်ခွင့်မရှိတဲ့ ကမ္ဘာပေါ်က ဆွဲဆောင်မှုအရှိဆုံးနေရာ ၁၀ ခု

တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာများနဲ့ လွယ်ကူအဆင်ပြေလာတဲ့ ပို့ဆောင်ဆက်သွယ်ရေးများကြောင့် ကမ္ဘာကြီးဟာ ရွာကြီးတရွာ ဖြစ်လာခဲ့သည့်တိုင် လူတွေမလည်ပတ် မရောက်ရှိနိုင်တဲ့ နေရာအများအပြားလည်း ရှိလို့နေပါတယ်။ လူသားတွေဟာ မားစ်ဂြိုလ်ပေါ်ကို နယ်မြေသစ်ချဲ့ထွင်ခဲ့ရုံသာမက စကြာဝဠာကြီးအကြောင်းကို သိရှိစေဖို့ ကြိုးစားအားထုတ်ခဲ့ကြပေမယ့်လည်း ကမ္ဘာမြေပေါ်မှာရှိတဲ့ တချို့သောနေရာတွေရဲ့အကြောင်းကိုတော့ သိရှိနိုင်ခြင်းမရှိကြသေးပါဘူး။ တချို့သောနေရာတွေဟာ စစ်ရေးအချက်အချာများဖြစ်တာကြောင့် အပြင်လူများသိရှိခွင့်မရှိတဲ့ နေရာတွေဖြစ်သလို တချို့သောနေရာတွေကတော့ လူတို့ကို အန္တရာယ်ဖြစ်စေမယ့် အရာတွေရှိတာကြောင့် သွားရောက်လည်ပတ်ခွင့်မရှိကြတဲ့ နေရာတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ရွှေခေတ်ပရိတ်သတ်ကြီးအတွက် သာမန်ပြည်သူများ သွားရောက်လည်ပတ်ခွင့်မရှိတဲ့ နေရာဒေသတွေအကြောင်းကို […]

Knowledge

တော်ရုံလူ မမြင်ဖူးတဲ့ ကမ္ဘာရှားပါး ဖားမျိုးစိတ် (၉) မျိုး

ဒီတစ်ခေါက်မှာတော့ ကမ္ဘာပေါ်မှာရှိတဲ့ ဖားမျိုးစိတ်ပေါင်းများစွာထဲကမှာ ရှားပါးပြီးမြင်တွေ့ရခဲတဲ့ အလန်းစားဖားမျိုးစိတ်တွေအကြောင်းကို ရေးသားဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ Blue Poison Dart Frog Blue Poison Dart Frog လို့ခေါ်တဲ့ဒီဖားလေးတွေကတော့ အပြာရောင်ပေါ်မှာ အနက်ရောင်အစက်အပြောက်လေးတွေပါတဲ့ ဖားလေးတွေဖြစ်ပါတယ်။ သူ့ရဲ့တောက်ပတဲ့အရောင်ဟာအခြားသားရဲကောင်တွေကိုသူ့မှာ အဆိပ်ရှိတယ်ဆိုတဲ့အကြောင်း သတိပေးထားတာလည်းဖြစ်ပါတယ်။ လူတွေအတွက်ကတော့သူ့ကိုမစားသုံးရင်အန္တရာယ်မရှိပါဘူး။ ဆူရီနမ်တောင်ပိုင်း နဲ့ ဘရာဇီးလ်နိုင်ငံ Sipaliwini Savana ကြိုးဝိုင်းသစ်တောတွေမှာတွေ့ရတက်တဲ့ ဒီဖားလေးတွေကိုတော့ ဒေသခံတွေက မြားတွေ၊လှံတွေရဲ့ထိပ်မှာ အဆိပ်သုတ်လိမ်းဖို့အတွက် အသုံးပြုခဲ့တာကြောင့် ဒီအမည်ကိုရရှိထားတာဖြစ်ပါတယ်။ shwekhitonlinetv.com […]

Knowledge

အဖိုးတန်ပစ္စည်းတွေ ဘယ်လောက်ပဲ ထုတ်ယူသည်​ဖြစ်စေ ကုန်ခမ်းမသွားသေးတဲ့ ရုရှားနိုင်ငံက ရတနာတောင်ကြီး

စိန်၊ ရွှေ၊ ငွေ၊ ပလက်တီနမ် နဲ့ အခြားအဖိုးတန်တွင်းထွက်တွေဆိုတာကတော့ နှစ်ပေါင်းသန်းနဲ့ချီတဲ့ ကာလတွေကနေ ယနေ့အချိန်ထိ ဘူမိဗေဒဆိုင်ရာဆင့်ကဲပြောင်းလဲမှုတွေကနေတစ်ဆင့် ဖြစ်ပေါ်လာတဲ့ အရာတွေဖြစ်ပါတယ်။ shwekhitonlinetv.com ဒီလိုအဖိုးတန်တွင်းထွက်တွေကို လူသားတွေအနေနဲ့ လုပ်ယူဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ဆိုရမှာဖြစ်ပြီး သဘာဝအတိုင်းသာရရှိနိုင်တဲ့အရာတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီအရာတွေဟာရှားပါးလှပြီး တန်ဖိုးကလည်းကြီးမားတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com အဲ့ဒီလိုအဖိုးတန်ရတနာတွေနဲ့ သတ္တရိုင်းတွေကိုနှစ်စဉ်ထုတ်ယူနေတာတောင် ကုန်ခမ်းသွားနိုင်ခြင်းမရှိသေးဘဲ အမြောက်အများကျန်ရှိနေသေးတဲ့တောင်ကြီးတစ်ခု ကမ္ဘာပေါ်မှာရှိနေပါတယ်။ အဲ့ဒီတောင်ကြီးရဲ့ အမည်ကတော့ Kondyor Massif ဖြစ်ပြီး “Treasure Mountain” လို့ လူသိများပါတယ်။ shwekhitonlinetv.com ဒီတောင်ကြီးဟာ အချင်း […]

Knowledge

အာရှတိုက်က မြောက်ကိုရီးယားထက်ပိုဆိုးတဲ့ အာဏာရှင်နိုင်ငံ

လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုအပိုင်းမှာဆိုရင် ကမ္ဘာပေါ်ကနိုင်ငံတွေထဲမှာ မြောက်ကိုရီးယားနိုင်ငံဟာ အတော်လေးကိုကျော်ကြားလှပါတယ်။ ဒါပေမယ့် အချက်အလက်တွေနဲ့ သတင်းတွေအရဆိုရင်တော့ မြောက်ကိုရီးယားထက် ပြည်သူတွေကိုဖိနှိပ်ချုပ်ချယ်ထားတဲ့ နိုင်ငံတစ်နိုင်ငံရှိနေပါတယ်။ shwekhitonlinetv.com အဲ့ဒီနိုင်ငံကတော့ ဗဟိုအာရှဒေသက တာ့ခ်မင်နစ္စတန်နိုင်ငံပဲဖြစ်ပါတယ်။ တာ့ခ်မင်နစ္စတန်နိုင်ငံဟာ ဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲတဲ့အချိန်မှာ ကိုယ်ပိုင်အချုပ်အခြာအာဏာနဲ့သီးခြားခွဲထွက်သွားခဲ့တဲ့ နိုင်ငံပေါင်းများစွာထဲက တစ်နိုင်ငံဖြစ်ပါတယ်။ shwekhitonlinetv.com အဲ့ဒီအချိန်မှာ တာ့ခ်မင်နစ္စတန်နိုင်ငံရဲ့ သမ္မတအဖြစ် Saparmurat Niyazov ကတာဝန်ယူခဲ့ပြီး သူ့ရဲ့ရက်စက်ကြမ်းကြုတ်ပြီး ထူးဆန်းတဲ့ဥပဒေတွေနဲ့ အုပ်ချုပ်မှုအောက်မှာ တာ့ခ်မင်နစ္စတန်နိုင်ငံဟာ ကမ္ဘာ့လူ့အဖွဲ့အစည်းရဲ့ အပြင်ဘက်ကိုရောက်ရှိပြီး အထီးကျန်ခဲ့ရပါတယ်။ shwekhitonlinetv.com သတင်းမီဒီယာလွတ်လပ်ခွင့်လုံးဝမရှိသလို ရှိတဲ့သတင်းမီဒီယာတွေအားလုံးကိုလည်းအစိုးရကပဲ ကြိုးကိုင်ထိန်းချုပ်ထားတာယနေ့အချိန်ထိပဲဖြစ်ပါတယ်။ […]

Amazing

ကြည့်မိသူတိုင်းကို မူးနောက်သွားစေမယ့် ထူးဆန်းတဲ့ နှစ်ထပ်တက်တူးဒီဇိုင်းများ

ခန္ဓာကိုယ်ရဲ့ ပန်းချီကားတခုလို့ တင်စားခေါ်ဝေါ်ရမယ့် တက်တူးဒီဇိုင်းတွေဟာ ယနေ့ခေတ်မှာတော့ ပိုမိုဆန်းပြားလာခဲ့ပြီပဲဖြစ်ပါတယ်။ အရောင်အသွေးစုံလင်စွာနဲ့ လှပတဲ့ တက်တူးများရှိသလို အဖြူအမည်း အရောင်နှစ်မျိုးကိုသာအသုံးပြုပြီး ရေးဆွဲတဲ့ တက်တူးဒီဇိုင်းများလည်း ရှိပါတယ်။ shwekhitonlinetv.com ဒီတခေါက်မှာတော့ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ထူးဆန်းပြီး အမြင်အာရုံကို လှည့်စားလွန်းတဲ့ တက်တူးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ လက်ရာမြောက်လွန်းတဲ့ တက်တူးများကြောင့် မူးနောက်သွားစေမယ့် ခံစားချက်ကို ရရှိသွားမယ်ဆိုတာ သေချာပါတယ်။ shwekhitonlinetv.com Yatzil Elizalde ဆိုတဲ့ တက်တူးပညာရှင် အမျိုးသမီး ဖန်တီးခဲ့တဲ့ […]

Knowledge

သမိုင်းတစ်လျှောက် အကြီးမားဆုံး လှုပ်ခတ်ခဲ့သော ငလျင် (၁၀) ခု

သမိုင်းတစ်လျှောက်ကိုပြန်ကြည့်မယ်ဆိုရင် ကမ္ဘာပေါ်မှာလှုပ်ခတ်ခဲ့တဲ့ ငလျှင်အရေအတွက်က ရေတွက်လို့မကုန်နိုင်အောင်များပြားလှပါတယ်။ ဒီ ငလျှင်တွေထဲကမှ အင်အားအပြင်းဆုံးငလျှင် (၁၀) ခုကိုဖော်ပြရမယ်ဆိုရင်တော့ ….. shwekhitonlinetv.com ၁။ Valdivia Earthquake ကမ္ဘာပေါ်မှာလှုပ်ခတ်ခဲ့ဖူးသမျှ ငလျှင်တွေထဲမှာအပြင်းထန်ဆုံးအဖြစ်မှတ်တမ်းဝင်ခဲ့တာကတော့ ၁၉၆၀ မေလ (၂၂) တုန်းက ချီလီနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ Valdivia ငလျှင်ဖြစ်ပါတယ်။ တိုင်းတာချက်အရ ဒီငလျှင်ရဲ့ပြင်းအားဟာ (၉.၅) ရစ်ချက်တာစကေး မဂ္ဂနီကျုထိတောင်ရှိခဲ့ပါတယ်။ (၁၀) မိနစ်ဝန်းကျင်ကြာတဲ့အထိလှုပ်ခတ်ခဲ့တဲ့ ဒီငလျှင်ကြောင့် ဆူနာမီရေလှိုင်းကြီးတွေဖြစ်ပေါ်စေခဲ့ပြီး ချီလီနိုင်ငံတောင်ပိုင်း၊ ဟာဝိုင်အီ၊ ဂျပန်၊ ဖိလစ်ပိုင်၊ […]

Knowledge

သင့်ဘဝမှာ ဘယ်တော့မှ သွားရောက်လည်ပတ်ခွင့်တောင် ရှိမှာ မဟုတ်တဲ့ ကမ္ဘာ့အလျှို့ဝှက်ဆုံး နေရာ (၅) နေရာ

ကမ္ဘာမြေပေါ်မှာ လုံခြုံရေးတင်ကျပ်စွာထားရှိတာ၊ အန္တရာယ်များလွန်းတာ၊ သီးသန့်ခွဲခြားသတ်မှတ်ထားတာ စတဲ့အကြောင်းအမျိုးမျိုးကြောင့် သွားရောက်လည်ပတ်ဖို့မဖြစ်နိုင်တဲ့နေရာဒေသတွေအများအပြားရှိပါတယ်။ ဒါကြောင့် သာမန်လူတွေအနေနဲ့ အဲ့ဒီနေရာတွေကို Google Maps ပေါ်မှာသာစိတ်ကူးနဲ့သွားရောက်လည်ပတ်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီနေရာတွေကတော့ ….. shwekhitonlinetv.com ၁။ Area 51 Area 51 ဆိုတဲ့နာမည်ကို အင်တာနက်အသုံးပြုသူတိုင်းနီးပါးရင်းနှီးစွာကြားဖူးကြပေမယ့် ကိုယ်တွေ့သွားရောက်ဖို့ဆိုတာကတော့လုံးဝမဖြစ်နိုင်ပါဘူး။ Las Vegas မြို့ရဲ့မြောက်ဘက် (၈၃) မိုင်အကွာ နီဗားဒါးကန္တာရထဲမှာရှိတဲ့ Area 51 ဟာ အမေရိကန်စစ်တပ်ရဲ့လက်နက်စမ်းသပ်မှုတွေနဲ့ လေယာဉ်စမ်းသပ်တီထွင်မှုတွေပြုလုပ်တဲ့နေရာလို့ တရားဝင်ကြေညာထားပေမယ့် ဒီနေရာမှာအခြားလျှို့ဝှက်ချက်များစွာရှိနေနိုင်ဆိုတာကို […]

Knowledge

ကမ္ဘာတဝှမ်းရှိ အချို့သောနိုင်ငံများရဲ့ တားမြစ်ပိတ်ပင်ခြင်းခံထားရတဲ့ တက်တူးအမျိုးအစားများ

တက်တူးထိုးနှံတဲ့အခါ လှပပြီးစိတ်တိုင်းကျတဲ့ အနုပညာလက်ရာများကို ထိုးနှံပြီးသည့်တိုင်အောင် နောင်အခါမှာ ထိုတက်တူးတွေနဲ့ ပက်သက်ပြီး နောင်တမရဖို့ လိုပါတယ်။ တခါတလေမှာ ရိုးရှင်းတဲ့တက်တူးသေးသေးလေးတခုဖြစ်နေရင်တောင် နေရာဒေသပေါ်မူတည်ပြီး ကြီးမားတဲ့အန္တရာယ်တခုအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဒါ့ကြောင့် တက်တူးမထိုးခင်မှာ ကိုယ်ထိုးမယ့်တက်တူးနဲ့ပက်သက်တဲ့ အဓိပ္ပာယ်များကို သေချာလေ့လာစုံစမ်းသင့်ပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် တက်တူးအမျိုးမျိုးထဲကမှ အချို့နိုင်ငံများရဲ့ ပိတ်ပင်တားဆီးခြင်းကိုခံထားရတဲ့ တက်တူးအမျိုးအစားတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ ထိုင်းနိုင်ငံ ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာဝင်များအများဆုံးနေထိုင်ရာ နိုင်ငံတခုဖြစ်တာကြောင့် ဗုဒ္ဓရုပ်ပွားတော်များနဲ့ ဗုဒ္ဓပုံတော်များဟာ အထွတ်အမြတ်ထားကိုးကွယ်ရာ အမှတ်သင်္ကေတများဖြစ်ကြပါတယ် […]

Knowledge

အာကာသထဲသို့ ဂြိုဟ်တု အစောဆုံးလွှတ်တင်ခဲ့တဲ့ ကမ္ဘာ့နိုင်ငံများ

ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းစာရင်းအင်းတွေအရဆိုရင် အာကာသထဲကိုလွှတ်တင်ထားပြီး ကမ္ဘာကိုလှည့်ပတ်နေတဲ့ ဂြိုဟ်တုအရေအတွက်ဟာ (၅,၄၆၅) ခုတောင်ရှိတယ်လို့ သိရပါတယ်။ ဒီထဲက (၃,၄၃၃) ခုကတော့ အမေရိကန်တစ်နိုင်ငံတည်းကနေလွှတ်တင်ထားတဲ့ ဂြိုဟ်တုတွေဖြစ်ပါတယ်။ ဒါပေမယ့် အာကာသထဲကို ပထမဆုံးနဲ့အစောဆုံး ဂြိုဟ်တုလွှတ်တင်နိုင်ခဲ့တာကတော့ အမေရိကန်ပြည်ထောင်စုမဟုတ်ပါဘူး။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ အာကာသထဲကို ဂြိုဟ်တုအစောဆုံး လွှတ်တင်ခဲ့တဲ့ ကမ္ဘာ့နိုင်ငံကြီး (၁၀) ခုကိုဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ၁။ ဆိုဗီယက်ယူနီယံ အာကာသထဲကို ပထမဆုံးအနေနဲ့အောင်မြင်စွာ ဂြိုဟ်တုလွှတ်တင်နိုင်ခဲ့တဲ့နိုင်ငံကတော့ တစ်ချိန်က ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်ခဲ့တဲ့ ဆိုဗီယက်ယူနီယံပဲဖြစ်ပါတယ်။ […]

Knowledge

၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့စျေးအကြီးဆုံး ပစ္စည်း ၁၀ မျိုး

ကိုယ့်ရဲ့ပိုင်ဆိုင်မှုကို ထည့်တွက်စရာမလိုပဲ လိုချင်သမျှ ပစ္စည်းကို ဝယ်ယူနိုင်ဖို့ဆိုတာ လူတိုင်းတောင်းတတဲ့ အိမ်မက်တခုဖြစ်မယ်ထင်ပါတယ်။ ဒါဆိုရင် ကမ္ဘာ့စျေးအကြီးဆုံးပစ္စည်းများကို မျက်တောင်တချက်မခတ်ပဲ ဝယ်ယူနိုင်သူတွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ လူတော်တော်များများရဲ့ အိမ်မက်တွေကို ပိုင်ဆိုင်ခွင့်ရရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲနော်။ ၂၀၂၂ ခုနှစ်အတွင်း လေ့လာစမ်းစစ်ချက်များအရ အောက်ဖော်ပြပါ ပစ္စည်း ၁၀ ခုဟာ ကမ္ဘာ့စျေးအကြီးဆုံးထိပ်တန်း ၁၀ ခုစာရင်းဝင် ပစ္စည်းများ ဖြစ်ကြပါတယ်။​ဆက်လက်ဖတ်ရှုပေးပါဦးနော်။ shwekhitonlinetv.com ၁၀။ Giant Clock ( အမေရိကန်ဒေါ်လာ ၄၂ […]