News

အင်စတာဂရမ်မှာ Followers သန်း (၄၅၀) ပြည့်ခဲ့တဲ့ ပထမဆုံးလူသား ခရစ္စတီယာနိုရိုနယ်ဒို

ပေါ်တူဂီလက်ရွေးစင်အသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ တိုက်စစ်မှုးဖြစ်တဲ့ ခရစ္စတီယာနိုရိုနယ်ဒို (Cristiano Ronaldo) ဟာ လူမှုကွန်ရက် App တစ်ခုဖြစ်တဲ့ Instagram မှာ ပထမဆုံး Followers သန်း (၄၅၀) ပြည့်ခဲ့တဲ့ လူပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့ပါတယ်။ shwekhitonlinetv.com ကမ္ဘာ့အကောင်းဆုံးဘောလုံးသမာဆု (၅) ကြိမ်ရရှိထားတဲ့ ပေါ်တူဂီကြယ်ပွင့်ကစားသမားဟာ ဘောလုံးလောကမှလည်းစံချိန်ပေါင်းများစွာကိုတင်ရှိထားသူဖြစ်ပြီး အခုအခါမှာတော့ လူမှုကွန်ရက်ပေါ်မှာပါ လွှမ်းမိုးမှုအရှိဆုံးသူတစ်ယောက်အဖြစ်မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com ခရစ္စတီယာနိုရိုနယ်ဒိုရဲ့နေုက်မှာတော့ အမေရိကန်မော်ဒယ် ကိုင်လီဂျန်နာ (Kylie Jenner) က Followers (၃၄၄) သန်းနဲ့ […]

News

ရည်စားဟောင်းက ပြန်ပေးဆွဲပြီး သူ့ရဲ့နာမည်ကို တက်တူးထိုးပေးခြင်းကို ခံလိုက်ရတဲ့ မိန်းကလေး

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကတော့ ဘရာဇီးလ်နိုင်ငံမှာ ထူးထူးခြားခြားပြန်ပေးဆွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဒီပြန်ပေးဆွဲမှုနဲ့ပတ်သက်တဲ့ သတင်းတွေဟာလည်း လူမှုကွန်ယက်တွေမှာ ချက်ချင်းပျံ့နှံ့သွားပြီး အတော်လေးကို လူစိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။ shwekhitonlinetv.com ဘာကြောင့်လဲဆိုတော့ ဒီပြန်ပေးဆွဲမှုဟာ သာမန်ပြန်ပေးဆွဲမှုတွေလို ခြိမ်းခြောက်ပြီးငွေညှစ်တာမျိုးမဟုတ်ဘဲ အသက် (၂၀) အရွယ်ကောင်လေးတစ်ဦးက သူ့ရဲ့ချစ်သူဟောင်းကိုပြန်ပေးဆွဲပြီး မျက်နှာပေါ်မှာ သူ့ရဲ့နာမည်ကို တက်တူးထိုးပေးပြီး ပြန်လွှတ်လိုက်လို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com ဒီကောင်လေးနာမည်ကတော့ Gabriel Coelho ဖြစ်ပြီး ဘရာဇီးလ်နိုင်ငံတောင်ပိုင်း São Paulo ကဖြစ်ပါတယ်။ သူ့ရဲ့ရည်းစားဟောင်းကတော့ အသက် (၁၈) နှစ်အရွယ် Tayane […]

News

တရုတ်နိုင်ငံက ဝေဖန်မှုတွေ မြင့်တက်နေတဲ့ ဝက်ဒိုင်ဗင် ပြိုင်ပွဲအကြောင်း

နှစ်စဉ် မေလရောက်တိုင်း တရုတ်နိုင်ငံ ဟူနန်ပြည်နယ်မှာ ခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့ ပြိုင်ပွဲတစ်ခုရှိပါတယ်။ အဲ့ဒီပြိုင်ပွဲကတော့ ရှီယန်ရေကန်မှာကျင်းပပြုလုပ်တဲ့ ဝက်ကလေးတွေ ဒိုင်ဗင်ပစ်တဲ့ပြိုင်ပွဲပဲဖြစ်ပါတယ်။ shwekhitonlinetv.com မေလရဲ့ ရက်သတ္တပတ်တိုင်းရဲ့ စနေ၊ တနင်္ဂနွေလိုနေ့မျိုးမှာ ကျင်းပပြုလုပ်တဲ့ ဝက်ဒိုင်ဗင် ပါဖောမန့်ပြိုင်ပွဲမှာတော့ ဝက်ကလေးတွေရဲ့ကိုယ်ပေါ်မှာ နံပါတ်တွေရေးပြီး ဒိုင်ဗင်စင်ပေါ်ကိုခေါ်ဆောင်သွားကာ ရေထဲကို ဒိုင်ဗင်ပစ်ချစေတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com ဒီပြိုင်ပွဲကိုနှစ်သက်သဘောကျတဲ့သူတွေရှိသလို အချို့ကလည်း ထပ်တလဲလဲ ဝက်ကလေးတွေကို အမြင့်ကနေ ရေထဲကို အတင်းအဓမ္မတွန်းချတာဟာ တိရိစ္ဆာန်တွေကို နှိပ်စက်ညှင်းပန်းရာရောက်တာကြောင့် ဒီပြိုင်ပွဲကို ပြစ်တင်ရှုတ်ချသူတွေလည်းရှိပါတယ်။ shwekhitonlinetv.com ပြိုင်ပွဲကို စီစဉ်သူဖြစ်တဲ့ […]

News

အလွန်တန်ဖိုးကြီးတဲ့ အပြာရောင်မာလင်ငါး ကို ဖမ်းမိခဲ့ပေမယ့် သူငယ်ချင်းတွေနဲ့တူတူ ချက်စားလိုက်တဲ့ သူ

တစ်ခါတစ်ရံမှာ အသိဉာဏ်ပညာနဲ့ ဗဟုသုတနည်းပါးခြင်းက ဆင်းရဲတွင်းကိုနက်စေပါတယ်။ ဒီစကားဟာမှန်ကန်နေတယ်ဆိုတာကို သက်သေပြနေတဲ့အဖြစ်အပျက်တွေကလည်းလက်တွေ့ဘဝမှာ အများအပြားရှိလို့နေပါတယ်။ shwekhitonlinetv.com ဒီနေ့မှာတော့ ဒီလိုအဖြစ်အပျက်မျိုးဖြစ်အောင်လို့ပြုမူခဲ့တဲ့ နိုင်ဂျီးရီးယားကတံငါသည်တစ်ဦးအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ အမည်မသိရတဲ့ ဒီတံငါသည်ဟာ တန်ဖိုးရှိတဲ့အရာမှန်းမသိရှိဘဲ ပြုလုပ်မိခဲ့တဲ့သူ့ရဲ့လုပ်ရပ်ကြောင့် သူဌေးဖြစ်မယ့်အခွင့်အရေးကိုလွဲချော်သွားခဲ့ပါတယ်။ shwekhitonlinetv.com ဘာကြောင့်လည်းဆိုတော့ သူဟာတန်ဖိုးအလွန်ကြီးတဲ့ အပြာရောင်မာလင်ငါးကို ကံအားလျော်စွာနဲ့ ဖမ်းမိပေမယ့် တန်ဖိုးကြီးမှန်းမသိဘဲ သူ့ရဲ့သူငယ်ချင်းတွေနဲ့အတူ အရွယ်အစားကြီးမားလှတဲ့ အပြာရောင်မာလင်ငါးကြီး ကိုချက်စားလိုက်ကြလို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com မာလင်ငါးတွေဟာဈေးကြီးတဲ့ငါးမျိုးစိတ်တစ်မျိုးဖြစ်ပြီးတော့ ဒီငါးရဲ့အသားတစ်ပေါင်ကို ဒေါ်လာ (၃၁,၃၂၅.၃၀) လောက် တန်ဖိုးရှိတယ်လို့သိရပါတယ်။ ဒါကအဖြူရောင်မာလင်ငါးတွေရဲ့ ဈေးနှုန်းသာဖြစ်ပြီး ရှားပါးတဲ့အပြာရောင်မာလင်ငါးတွေဆိုရင်ဒီထက်ပိုပြီးတန်ဖိုးကြီးပါတယ်။ shwekhitonlinetv.com […]

News

ဆင်စီးပြီး ကျောင်းလာတက်ကြတဲ့ ထိုင်းနိုင်ငံက ကျောင်းသား ၃ ဦးရဲ့ အဖြစ်

ကလေးသူငယ်တွေအနေနဲ့ကျောင်းသွားကြရမှာ တချို့က ဘတ်စ်ကား၊ တချို့က စက်ဘီး၊ တချို့က လမ်းလျှောက်သွားတက်ကြပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံက ကလေးငယ်အချို့ကတော့ သူများနှင့်မတူဘဲ တစ်မူထူးခြားတဲ့ ပုံစံနဲ့ကျောင်းသွားတာကို မြင်တွေ့ခဲ့ရပါတယ်။ shwekhitonlinetv.com ဒီကလေးတွေက ထိုင်းနိုင်ငံမြောက်ပိုင်း Tak ပြည်နယ်ဖြစ်ပြီး ကျောင်းတက်ရမယ့်ပထမဆုံးနေ့မှာ ဆင်ကိုစီးပြီးတော့ Phob Phra ခရိုင်ရှိ Baan Ya Por ကျောင်းကိုသွားခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com ဒီကျောင်းက ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်နားမှာတည်ရှိတဲ့ကျောင်းလည်းဖြစ်ပါတယ်။ ဒီဒေသမှာနေထိုင်သူအများစု လယ်ယာစိုက်ပျိုးကြသူတွေဖြစ်ကြပြီး ဒီကလေးတွေရဲ့ အဖေကတော့ […]

News

အနေဝေးပြီး သွေးအေးမသွားစေဖို့ တီထွင်ထားတဲ့ ထူးထူးခြားခြား ကိရိယာတစ်ခု

ဒီနေ့ခေတ်ကမ္ဘာကြီးရဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနဲ့ တီထွင်ဖန်တီးမှုတွေကတော့ တကယ့်ကို အံ့အားသင့်စရာကောင်းလှပါတယ်။ စက်ပစ္စည်းကိရိယာအသစ်အဆန်းတွေဟာလည်း နေ့စဉ်နဲ့အမျှဆိုသလို ဈေးကွက်ထဲကိုရောက်ရှိလျှက်ရှိပါတယ်။ shwekhitonlinetv.com အခုတစ်ခေါက်ဖော်ပြပေးချင်တာကတော့ ကြံကြံဖန်ဖန်တီထွင်ထားတဲ့ ဖုန်းနဲ့ဆက်စပ်ပစ္စည်းလေးတစ်ခုဖြစ်ပါတယ်။ ဒီပစ္စည်းလေးကတော့ RS တွေအကြိုက်တွေ့မယ့် ပစ္စည်းလေးလို့ထင်ပါတယ်။ အထူးသဖြင့် LDRS (Long-Distance Relationship) တွေပေါ့။ shwekhitonlinetv.com ဒီပစ္စည်းလေးရဲ့အမည်ကတော့ Kissenger (Kiss Messenger) လို့ခေါ်ပြီး မိမိရဲ့ဖုန်းမှာသူ့ကိုတပ်ဆင်ပြီး အနမ်းပေးမယ်ဆိုရင် အပြင်မှာတစ်ကယ်နမ်းသလို ခံစားရစေမှာဖြစ်ပါတယ်။ သူကဖုန်းအထိုင်တစ်ခုနဲ့တူပြီး ဆီလီကွန် Pad လေးတစ်ခုပါပါတယ်။ shwekhitonlinetv.com ဒီ Pad […]

News

မိမိကိုယ်ကို မိမိ လက်ထပ်ထိမ်းမြားတော့မယ့် အိန္ဒိယနိုင်ငံက အမျိုးသမီးတစ်ဦး

Sologamy ဆိုတာကတော့ မိမိကိုယ်ကိုမိမိပြန်ပြီးလက်ထပ်ထိမ်းမြားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ တစ်ချို့နိုင်ငံတွေမှာတော့ Autogamy လို့ခေါ်ဝေါ်သုံးစွဲကြတာမျိုးလည်းရှိပါတယ်။ shwekhitonlinetv.com ဒီဝေါဟာရအသုံးအနှုန်းနဲ့ ပတ်သတ်ပြီး မြင်သာအောင် ဥပမာပြောရရင် လူတစ်ဦးတစ်ယောက်တည်းက သူ့ကိုယ်သူ ဇနီးအဖြစ်ရော ခင်ပွန်းအဖြစ်ပါသတ်မှတ်ပြီး တစ်ယောက်တည်းနေထိုင်တာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ shwekhitonlinetv.com ဒါဟာ ရူူးကြောင်ကြောင်နိုင်လွန်းတဲ့ အပြုအမူမျိုးလို့ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း လက်တွေ့အပြင်လောကကြီးမှာတော့ ဒီလိုပြုမူနေထိုင်နေတဲ့သူတွေအမှန်တကယ်ရှိလို့ နေပါတယ်။ များသောအားဖြင့်တော့ Bisextual လို့ ကိုယ့်ကိုကိုယ်ခံယူထားသူတွေဖြစ်ပါတယ်။ shwekhitonlinetv.com ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာလည်း အိန္ဒိယနိုင်ငံက အသက် (၂၄) နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ ဒီလိုမျိုးမိမိကိုယ်ကိုလက်ထပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့သတင်းဟာ […]

News

ဇနီးဖြစ်သူ၏ ရုပ်အလောင်းကို ၂၁ နှစ်ကြာအောင် အိမ်မှာ သိမ်းထားခဲ့တဲ့ အဖိုးအိုရဲ့ ကြေကွဲဖွယ်အဆုံးသတ်

ခင်ပွန်းသည်ဖြစ်တဲ့သူဟာ ဇနီးဖြစ်သူကို အရမ်းချစ်မြတ်နိုးတာကြောင့် အသက်မဲ့နေတဲ့ ခန္ဓာကိုယ်ကို မီးမသဂြိုဟ်ရက်ဘဲ (၂၁) နှစ်တိုင်တိုင် သိမ်းဆည်းထားတဲ့ ကြေကွဲဖွယ်ဇာတ်လမ်းလေးတစ်ပုဒ်ကို Phet Kasem Bangkok Foundation ဆိုတဲ့ အဖွဲ့အစည်းတစ်ခုက စနေနေ့မှာ Facebook ပေါ်တင်ခဲ့ပါတယ်။ shwekhitonlinetv.com ဒီအဖွဲ့အစည်းအနေနဲ့လည်း သောကြာနေ့တွင်၊ Sub-Lt-Charn Janwatchakal ဆိုတဲ့ အသက် (၇၂) နှစ်အရွယ် အဘိုးအိုတစ်ယောက်က သူ့ဇနီးဖြစ်သူကို သင့်တော်အောင် သဂြိုဟ်ပေးဖို့ သောကြာနေ့မှာ အကူအညီတောင်းခံလာရာကနေ ဒီဇာတ်လမ်းလေးကို သိရှိခဲ့ကြရတာဖြစ်ပါတယ်။ shwekhitonlinetv.com […]

News

ဗြိတိန်တော်ဝင်ရေတပ်ရဲ့ စစ်သင်္ဘောထံကနေ ပေါင် (၂၅၀,၀၀၀) ကျော်တန်ဖိုးရှိတဲ့ ဒီဇယ်ဆီတွေ ခိုးယူခံလိုက်ရတဲ့ ဖြစ်ရပ်

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ အင်တာနက်စာမျက်နှာတွေပေါ်မှာ ရုတ်ရုတ်သည်းသည်းဖြစ်သွားစေခဲ့တဲ့ သတင်းတစ်ပုဒ်ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီသတင်းကတော့ ဗြိတိန်တော်ဝင်ရေတပ်က စစ်သင်္ဘောဆီကနေ ပေါင် (၂၅၀,၀၀၀) ကျော်တန်ဖိုးရှိတဲ့ ဒီဇယ်ဆီတွေ ခိုးယူခံခဲ့ရတဲ့သတင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com အင်္ဂလန်နိုင်ငံ Plymouth မြို့ HMNB Devonport ဆိပ်ကမ်းမှာဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ကတော့ ဗြိတိန်သမိုင်းမှာသာမကဘဲ ကမ္ဘာ့သမိုင်းမှာပါ အကြီးမားဆုံး ဒီဇယ်ဆီ ခိုးယူမှုအဖြစ်စံချိန်တင်သွားခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com လိမ်လည်ခိုးယူသွားသူတွေဟာ ဗြိတိန်တော်ဝင်ရေတပ်က Bulwark စစ်သင်္ဘောထံကို လောင်စာဆီဖြည့်တင်းပေးမယ့် မော်တော်ဘုတ်ငယ်တွေအသွင်နဲ့ ချဉ်းကပ်ခဲ့ပြီး များပြားလှတဲ့ ဒီဇယ်ဆီတွေကို ခွဲဝေပြီး ထုတ်ယူသွားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com […]

News

ခရီးသည် (၆) ဦးကို အာကာသအတွင်းအောင်မြင်စွာပို့ဆောင်ပေးနိုင်ခဲ့တဲ့ Jeff Bezos ရဲ့ Blue Origin

Jeff Bezos ရဲ့ Blue Origin ဟာပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ အာကာသအတွင်းကို ခရီးသည် (၆) ဦး အောင်မြင်စွာပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ shwekhitonlinetv.com NS-20 (New Shepard-20) လို့အမည်ပေးထားခဲ့တဲ့ ဒီခရီးစဉ်ကိုတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ နံနက် (၉း၅၈) မိနစ်မှာ စတင်ခဲ့တာဖြစ်ပြီး West Texas မှာရှိတဲ့ Blue Origin’s Launch One ကနေ ဒုံးပျံယာဉ်ကိုလွှတ်တင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com ဒုံးပျံလွှတ်တင်ပြီး (၁၀) […]