News

ကမ္ဘာ့အမြင့်ဆုံး သစ်ပင်ကြီး အနားကပ်တဲ့သူမှန်သမျှ ထောင်ဒဏ် (၆) လ နဲ့ ဒေါ်လာ ၅၀၀၀ ပေးဆောင်ရမည်

ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းများအရ ကမ္ဘာပေါ်မှာ အမြင့်ဆုံးသစ်ပင်အဖြစ်သတ်မှတ်ခံထားရတဲ့ ဟိုက်ပါရီယံ (Hyperion) သစ်ပင်ကြီးအနီးကို ယခုအခါမှာတော့ ကမ္ဘာလှည့်ခရီးသွားတွေကပ်လို့မရအောင် ပြင်းထန်တဲ့ကန့်သတ်ချက်တစ်ခု ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ shwekhitonlinetv.com အဲ့ဒီကန့်သတ်ချက်မှာတော့ ဟိုက်ပါရီယံ (Hyperion) သစ်ပင်ကြီးရဲ့ အနားကို အခွင့်မရှိဘဲ ဘယ်လိုအကြောင်းမျိုးနဲ့မှကပ်ခွင့်ပေးတော့မှာမဟုတ်ပါဘူး။ တစ်ကယ်လို့ ဒီကန့်သတ်ချက်ကိုဖောက်ဖျက်ပြီး သစ်ပင်ကြီးရဲ့ အနီးကိုသွားရောက်ဖို့ ကြိုးပမ်းမှုခဲ့ရင် ထောင်ဒဏ်ခြောက်လအထိကျခံရနိုင်ပြီး ဒဏ်ငွေ ဒေါ်လာ ၅,၀၀၀ (ပေါင် ၄,၁၀၃) ချမှတ်ခံရမှာဖြစ်ပါတယ်။ shwekhitonlinetv.com ကယ်လီဖိုးနီးယားပြည်နယ် Redwood အမျိုးသားဥယျာဉ်ထဲက ဟိုက်ပါရီယံ (Hyperion) လို့အမည်ပေးထားတဲ့ […]

News

အိန္ဒိယနိုင်ငံရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ရေအောက်ရထား စီမံကိန်းအကြောင်း

အခုအချိန်မှာတော့ အိန္ဒိယနိုင်ငံသားတွေဟာ ထူးခြားပြီး အံ့သြဖွယ်ကောင်းတဲ့ စီးနင်းမှုတစ်ခုအတွက် အဆင်သင့်ပြင်နေကြပြီထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့မှာရှိတဲ့ ပထမဆုံး ရေအောက်ရထားစီမံကိန်းကို လာမည့် (၂၀၂၃) ခုနှစ်တွင် အပြည့်အဝ ပြီးစီးအောင်စီစဉ်ထားပြီး စတင်လည်ပတ်တော့မှာမို့လို့ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com Kolkata Metro Rail Corporation (KMRC) ဟာ Hooghly မြစ်အောက်ကနေ ဖြတ်သန်းသွားမှာဖြစ်ပြီး အရှေ့နဲ့အနောက်က မီတာ ၅၀၀ ကျယ်တဲ့ ရေအောက်ဘူတာနှစ်ခုကို ချိန်ဆက်ပြေးဆွဲသွားမှာဖြစ်ပါတယ်။ ဒီရေအောက်ရထားဘူတာရုံတွေဟာ Hooghly […]

News

ပင်လယ်သမုဒ္ဒရာတွေထဲက မိုက်ခရိုပလက်စတစ်တွေကို စားသုံးပစ်မယ့် စက်ရုပ်ငါးတွေ အကြောင်း

တရုတ်နိုင်ငံက သိပ္ပံပညာရှင်တွေဟာ ပင်လယ်သမုဒ္ဒရာတွေညစ်ညမ်းမှုကို ကာကွယ်နိုင်ဖို့အတွက် ပင်လယ်သမုဒ္ဒရာတွေထဲက မိုက်ခရိုပလက်စတစ်တွေကို စားသုံးပစ်မယ့် စက်ရုပ်ငါးတွေကို တီထွင်ဖန်တီးခဲ့ကြောင်းသိရပါတယ်။ shwekhitonlinetv.com ဒီစက်ရုပ်ငါးလေးတွေရဲ့ အရွယ်အစားကတော့ လက်မဝက်ခန့်ပဲရှိပြီး နူးညံ့တဲ့ကိုယ်ထည်ရှိပါတယ်။လက်ရှိမှာတော့ပင်လယ်ရေတိမ်ပိုင်းတွေမှာ ဒီငါးလေးတွေနဲ့ မိုက်ခရိုပလက်စတစ်တွေကို စတင်စမ်းသပ် စုပ်ယူနေပြီဖြစ်ပါတယ်။ shwekhitonlinetv.com အနက်ရောင် စက်ရုပ်ငါးကို အလင်းနဲ့ ဓာတ်ရောင်ခြည်ပေးထားပြီး သူတို့ရဲ့ ဆူးတောင်တွေကို ခတ်ပြီးတစ်ကယ့်ငါးတွေလိုမျိုး ခန္ဓာကိုယ်ကိုတွန့်လိမ်ကာကူးခတ်နိုင်ဖို့ ဖန်တီးထားပါတယ်။ သိပ္ပံပညာရှင်တွေအနေနဲ့ အခြားငါးနဲ့ရေသတ္တဝါတွေ ဒါမှမဟုတ် သင်္ဘောတွေနဲ့ ဒီစက်ရုပ်ငါးတွေကို မတိုက်မိစေဖို့ အလင်းရောင်ကို […]

News

သဲကန္တာရကိုဖြတ်ပြီး (၇၅) မိုင်ရှည်တဲ့ ကြေးမုံမှန် မိုးမျှော်အဆောက်အဦး တည်ဆောက်တော့မယ့် ဆော်ဒီမင်းသား Mohammed bin Salman

ဆော်ဒီအာရေဗျနိုင်ငံဟာ ၎င်းတို့ရဲ့သဲကန္တာရကိုဖြတ်ပြီး အင်ပါယာစတိတ်အဆောက်အအုံထက် ပိုမိုမြင့်မားပြီး (၇၅) မိုင်ရှည်တဲ့ ကြေးမုံမှန်မိုးမျှော် အဆောက်အဦးကို ဒေါ်လာ (၁) ထရီလီယံအကုန်အကျခံပြီး ဆောက်လုပ်သွားမယ့် စီမံကိန်းတစ်ရပ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ shwekhitonlinetv.com ဒီအဆောက်အဦးကိုတော့ Mirror Line လို့နာမည်ပေးထားပြီး ဆော်ဒီအာရေဗျနိုင်ငံရဲ့ အနောက်မြောက်ပိုင်းက Neom ဆိုတဲ့သဲကန္တာရမြို့မှာ တည်ဆောက်သွားမှာဖြစ်တယ်လို့ ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman က အတည်ပြုကြေညာခဲ့ပါတယ်။ shwekhitonlinetv.com ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman ဟာ သူတို့ရဲ့နိုင်ငံမှာလည်း […]

News

ဘောလုံးကွင်း (၇၀) စာ ကျယ်ပြန်တဲ့ ကမ္ဘာ့အကြီးဆုံး ရေပေါ်ဆိုလာစွမ်းအင် စီမံကိန်းကြီးကို တည်ဆောက်နေတဲ့ ထိုင်းနိုင်ငံ

အာဆီယံဒေသတွင်းက ထိုင်းနိုင်ငံဟာ ဘောလုံးကွင်း (၇၀) စာနဲ့ ညီမျှတဲ့ ကမ္ဘာ့အကြီးဆုံး ရေပေါ်ဆိုလာစွမ်းအင်စီမံကိန်းကို တည်ဆောက်ပြီး ပြန်လည်ပြည့်ဖြိုးမြဲ အစိမ်းရောင်စွမ်းအင် (Green Energy) ထုတ်လုပ်ရေးကို အကြီးအကျယ် ကူးပြောင်းတော့မှာဖြစ်ပါတယ်။ shwekhitonlinetv.com ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်ရဲ့ အရှေ့ဘက်ကီလိုမီတာ (၆၆၀) အကွာမှာရှိတဲ့ သီရိဒုံရေလှောင်ကန်ကြီးရဲ့ ရေပြင်အကျယ် (၁၂၀) ဟတ်တာပေါ်မှာ ဆိုလာပြားအချပ်ပေါင်း (၁၄၅,၀၀၀) တပ်ဆင်ပြီး နေရောင်ခြည်စွမ်းအင်သုံး ရေပေါ်လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုကိုတည်ဆောက်ခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com တစ်ကယ်တော့ ဒီလျှပ်စစ်စီမံကိန်းဟာ နေရောင်ခြည်ကရတဲ့ […]

News

လမ်းပေါ်မှာ မျောက်မောင်းမလေး တစ်ကောင် ထိုင်နေလို့ ရဲက သွားကြည့်တဲ့အခါ

တောထဲမှာသာနေထိုင်ကျက်စားကြတဲ့ တောရိုင်းတိရိစ္ဆာန်တွေဟာ တစ်ခါတစ်ရံမှာတော့ လူသားတွေနဲ့နီးစပ်တဲ့ အဝေးပြေးလမ်းမလိုနေရာမျိုးတွေကို မျက်စိလည်လမ်းမှားပြီးရောက်ရှိလာတက်ကြပါတယ်။ အဲ့လိုအခါမျိုးမှာတော့ သူတို့ဟာ ပုံမှန်နေထိုင်ရာနေရာနဲ့ ကွဲပြားခြားနားတဲ့ဝန်းကျင်သစ်ကြောင့် ကြောက်ရွံ့ထိတ်လန့်နေတက်ကြပါတယ်။ shwekhitonlinetv.com အဝေးပြေးလမ်းတွေဟာ လူသားတွေအတွက်တော့ ကားတွေကိုအရှိန်နှုန်းမြှင့်ပြီး လိုရာခရီးကို အချိန်ကုန်သက်သာစွာနဲ့ အလျင်အမြန်သွားနိုင်အောင်လို့ ဖန်တီးပြုလုပ်ထားတဲ့ နေရာတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအရှိန်ပြင်းပြင်းမောင်းနှင်နေကြတဲ့ လမ်းတွေပေါ်မှာ တောရိုင်းတိရိစ္ဆာန်တွေအနေနဲ့ ရုတ်တရက်ဖြတ်ကူး၊ ဖြတ်သွားမယ်ဆိုရင်တော့ အလွန်အန္တရာယ်များပြားလှပါတယ်။ shwekhitonlinetv.com အထူးသဖြင့်သွားလာလှုပ်ရှားမှုနှေးကွေးတဲ့ သတ္တဝါငယ်လေးတွေအတွက်ဆိုရင်ပိုလို့တောင် အန္တရာယ်များလှပြီး မတော်တဆဖြစ်ကာ သေဆုံးနိုင်ခြေရာခိုင်နှုန်းပိုမိုမြင့်မားမှာဖြစ်ပါတယ်။ shwekhitonlinetv.com Sloth (မျောက်မောင်းမ) လေးတွေဟာ သွားလာလှုပ်ရှားမှုအလွန်နှေးကွေးတဲ့ […]

News

မိကျောင်းတကောင်ကို သတို့သမီးလိုဝတ်ဆင်ပေးပြီး လက်ထပ်ယူခဲ့တဲ့ မြို့တော်ဝန်

မက်စီကိုနိုင်ငံ San Pedro Huamelula မြို့ရဲ့ မြို့တော်ဝန်ဖြစ်သူ Victor Hugo Sosa ဟာ မိကျောင်းတကောင်ကို သတို့သမီးလို ဝတ်ဆင်ပေးပြီး လက်ထပ်ယူခဲ့ပါတယ်။ ကြွယ်ဝချမ်းသာမှုတွေ ယူဆောင်လာနိုင်ဖို့အတွက် အခုလို လက်ထပ်ရခြင်းဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ shwekhitonlinetv.com မြို့တော်ဝန်ဟာ အသက် ၇ နှစ်အရွယ်ရှိ အဆိုပါ မိကျောင်းကို အနမ်းပေးကာ အတူကခုန်ပြီး ရိုးရာအခမ်းအနားကျင်းပခဲ့ပါတယ်။ ဒါဟာ သဘာဝတရားရဲ့ ဆုလာဘ်ကို ရရှိနိုင်ဖို့အတွက် ဆုတောင်းသူတယောက်အနေနဲ့ […]

News

ကမ္ဘာ့အကြီးဆုံး ဧရာမငါးလိပ်ကျောက်ကြီးကို ဖမ်းမိခဲ့ခြင်း အကြောင်း

ပြီးခဲ့တဲ့ ဇွန်လ (၁၃) ရက်နေ့က မ္ဘောဒီးယားငါးဖမ်းသမားတစ်ဦးဖမ်းမိခဲ့တဲ့ ဧရာမငါးလိပ်ကျောက် (Giant Stingray) ကြီးဟာ ကမ္ဘာ့အကြီးဆုံးရေချိုငါးကြီးဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေကအတည်ပြု ပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com ဒီ ငါးလိပ်ကျောက်ကြီးကိုတော့ ကမ္ဘောဒီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Stung Treng ဒေသအနီးက မဲခေါင်မြစ်ထဲမှာဖမ်းမိခဲ့တာဖြစ်ပြီး အရှည် (၁၃) ပေ၊ အလေးချိန် ကီလိုဂရမ် (၃၀၀) လောက်ရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com ၂၀၀၅ ခုနှစ်တုန်းကလည်း ထိုင်နိုင်ငံပိုင်နက်အတွင်းက မဲခေါင်မြစ်ထဲမှာ ကြီးမားတဲ့ ငါးခူကြီးတစ်ကောင်ကို ဖမ်းမိခဲ့ဖူးပါတယ်။ ဒီငါးခူကြီးဟာ […]

News

ဆားငန်ရေ (၁) လီတာခွဲကို (၄၅) ရက်ကြာအလင်းရောင်အဖြစ် ပြောင်းလဲပေးနိုင်မယ့် မီးအိမ်

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်ကုန်များကိုသုတေသနပြုလုပ်ပြီးထုတ်လုပ်နေတဲ့ E-Dina ကုမ္ပဏီနဲ့ နှင့် WPP ရဲ့ Wunderman Thompson Colombia ဌာနတို့ပူးပေါင်းပြီးတော့ ဆားငန်ရေကနေ လျှပ်စစ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးနိုင်တဲ့ ကိရိယာကိုတီထွင်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ shwekhitonlinetv.com WaterLight လို့ခေါ်တဲ့ဒီမီးအိမ်လေးက ဆားငန်ရေ (၁) လီတာခွဲကို (၄၅) ရက်ကြာအလင်းရောင်အဖြစ်ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီမီးအိမ်လေးမှာ USB Port တွေလည်းပါတာကြောင့် ဖုန်းအားသွင်းတာလိုမျိုး အခြားအရာတွေကိုပါလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com WHO ရဲ့စစ်တမ်းတွေအရဆိုရင်တော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လူဦးရေ သန်း (၈၄၀) လောက်ကလက်ရှိအချိန်မှာလျှပ်စစ်မီးကို […]

News

ထူးခြားတဲ့သက်ရှိတွေရှိနေနိုင်တဲ့ သီးခြားနေရာတစ်ခုကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိ

ရွှေခေတ်ပရိသတ်တွေအနေနဲ့ ကမ္ဘာကြီးရဲ့အလယ်ဗဟိုချက် (Center of the earth) တို့ အခေါင်းပွကမ္ဘာကြီးတို့ စသဖြင့်ထူးဆန်းတဲ့နေရာဒေသတွေကို ရုပ်ရှင်ဇာတ်လမ်းတွေနဲ့ ဝတ္ထုတွေထဲမှာ မြင်ဖူး၊ ဖတ်ဖူးကြမယ်လို့ထင်ပါတယ်။ shwekhitonlinetv.com ဒီ နေရာဒေသတွေဟာအပြင်မှာတစ်ကယ်ရှိ၊ မရှိဆိုတာကတော့ ဘယ်သူမှခိုင်လုံတဲ့သက်သေအထောက်အထားနဲ့ ပြသနိုင်ခြင်းမရှိဘဲ ဒဏ္ဍာရီဆန်ဆန် ယုံတမ်းစကားမျိုးအဖြစ်သာ အားလုံးက ယေဘူယျသတ်မှတ်ထားကြတာ ဖြစ်ပါတယ်။ shwekhitonlinetv.com ဒါပေမယ့် မကြာသေးတဲ့ကာလကတော့ အန္တာတိကတိုက်ရဲ့ ကြီးမားတဲ့ရေခဲပြင်တွေအောက်မှာ ထူးခြားတဲ့သက်ရှိတွေရှိနေနိုင်တဲ့ သီးခြားနေရာတစ်ခုကို သိပ္ပံပညာရှင်တွေအနေနဲ့ ရှာဖွေတွေ့ရှိခဲ့တယ်လို့ အင်တာနက်ပေါ်မှာ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။ shwekhitonlinetv.com ဒီသိပ္ပံပညာရှင်အဖွဲ့ကတော့ WISSARD […]