News

ရေလွှာလျောစီးသူရဲ့ဘေးက ထူးဆန်းတဲ့အရာကြောင့် အွန်လိုင်းမှာအထိတ်တလန့်ဖြစ်ခဲ့ရတဲ့ Video ဖိုင်

ပြီးခဲ့တဲ့ လအနည်းငယ်ကတော့ Iпstagram မှာတင်ခဲ့တဲ့ Footage Video တစ်ခုဟာ အတော်လေးကိုလူပြောများခဲ့ပါတယ်။ ဒီ Video ထဲမှာပါတဲ့ ထူးထူးဆန်းဆန်း ပုံသဏ္ဍာန်တစ်ခုကြောင့်လည်း အွန်လိုင်းပေါ်ကကြည့်ရှုသူတွေအနေနဲ့ အထိတ်တလန့်ဖြစ်ခဲ့ကြရပါတယ်။ shwekhitonlinetv.com ပုံမှာပြထားတာကတော့ ဒီ Video ရဲ့တစ်စိတ်တပိုင်းဖြစ်ပြီး အမေရိကန်နိုင်ငံ ကယ်ဖိုးနီးယားပြည်နယ်က ဆန်ဒီယေဂို ကမ်းခြေမှာ Ryland Rubens ဆိုတဲ့သူတစ်ယောက် လှိုင်းစီးနေတဲ့ပုံဖြစ်ပါတယ်။ သူ့အနေနဲ့ Regioпal Wave Of The Wiпter ပြိုင်ပွဲဝင်ခွင့်အတွက် ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com […]

News

ဘရာဇီးလ်မြစ်အတွင်း ဧရာမအန်နာကွန်ဒါမြွေကြီးနဲ့ ပက်ပင်းတိုးခဲ့တဲ့ ရေငုပ်သမားနှစ်ဦး

ဒီအဖြစ်အပျက်ကတော့ ဘရာဇီးလ်နိုင်ငံ ဖော်မော်ဆို (Formoso) မြစ်ထဲမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ပါ။ Bartolomeo Bove နဲ့ သူ့ရဲ့သူငယ်ချင်းဖြစ်သူ Juca Ygarape တို့ဟာ ကမ္ဘာပေါ်မှာအကြီးဆုံးမြွေမျိုးစိတ်ဖြစ်တဲ့ အစိမ်းရောင် အန်နာကွန်ဒါ (Green Anaconda) မြွေကြီးတစ်ကောင်နဲ့ အလွန်နီးကပ်တဲ့အနေအထားတစ်ခုမှာ ပက်ပင်းတိုးခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com “ကျွန်တော်တို့မြင်တွေခဲ့ရတဲ့အရာဟာအတော်လေးကို မယုံကြည်နိုင်စရာပါပဲ။ အဲ့ဒီအခိုက်အတန့်မှာ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်အတော်လေးကို ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဒါဟာကျွန်တော်တို့ရဲ့ အိပ်မက်တစ်ခုပါပဲလို့” Bove ကဆိုပါတယ်။ shwekhitonlinetv.com ပရော်ဖက်ရှင်နယ် ရေငုပ်သမားနှင့် အဏ္ဏဝါဗီဒီယိုရိုက်ကူးသူတစ်ဦးဖြစ်တဲ့ Bove ဟာ […]

News

အိန္ဒိယသမုဒ္ဒရာထဲမှာတွေ့ရှိခဲ့တဲ့ Megalodon ငါးမန်းများရဲ့ ကြီးမားလှတဲ့းသွားများ

သြစတြေးလျသိပ္ပံပညာရှင်တွေဟာ အိန္ဒိယသမုဒ္ဒရာရေနက်ပိုင်းမှာ ငါးမန်းတွေရဲ့ဘိုးဘေးလို့ဆိုရမယ့် Megalodon ငါးမန်းတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေပါဝင်တဲ့ ငါးမန်းသင်္ချိုင်းတစ်ခုကို ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒါ့အပြင် ငါးမန်းမျိုးစိတ်အသစ်တစ်မျိုးကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့သိရပါတယ်။ shwekhitonlinetv.com သြစတြေးလျနိုင်ငံ အမျိုးသားသိပ္ပံအေဂျင်စီ၊ ဓနသဟာယသိပ္ပံနှင့်စက်မှုသုတေသနအဖွဲ့ (သို့မဟုတ်) CSIRO မှလုပ်ဆောင်နေတဲ့ သုတေသနရေယာဉ် (RV) Investigator က အခုလိုစူးစမ်းရှာဖွေမှုနှစ်ခုကို ရှာဖွေတွေ့ရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။ shwekhitonlinetv.com ၎င်းသုတေသနရေယာဉ်ဟာ သြစတြေးလျရဲ့ အဏ္ဏဝါဘေးမဲ့တောများကို စူးစမ်းလေ့လာခဲ့သလို ဝေးလံခေါင်သီလှတဲ့ အိန္ဒိယသမုဒ္ဒရာထဲက Cocos (Keeling) ကျွန်းစု၊ အဏ္ဏဝါပန်းခြံနဲ့ သြစတြေးလျအနောက်ပိုင်းကမ်းရိုးတန်းရှိ […]

News

ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်း ဆုကြေးဘယ်လောက်ရခဲ့သလဲ

လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ အားကစားပြိုင်ပွဲတွေအနက် အကြီးကျယ်ဆုံးနဲ့အခမ်းနားဆုံး ပြိုင်ပွဲဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အသင်းတွေအနေနဲ့ မိမိတို့ကိုယ်စားပြုတဲ့ နိုင်ငံရဲ့ဂုဏ်သိက္ခာအတွက် ရေကုန်ရေခမ်းယှဉ်ပြိုင်ကစားကြတဲ့ပြိုင်ပွဲဆိုရင်လည်းမမှားပါဘူး။ shwekhitonlinetv.com ဒါဆိုရင် ဒီပြိုင်ပွဲမှာအနိုင်ရရှိတဲ့အသင်းအနေနဲ့ နိုင်ငံအတွက်အမြင့်ဆုံးဂုဏ်သိက္ခာအပြင် ဆုကြေးငွေကရော ဘယ်လောက်အထိတောင် ရရှိကြမလဲ ? အားကစားပရိသတ်အများစုကတော့ ဒီအကြောင်းအရာကို သိရှိပြီးဖြစ်နိုင်ပေမယ့် မသိသေးတဲ့သူတွေအတွက် ဗဟုသုတအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဆင့်အလိုက်ချီးမြှင့်တဲ့ ဆုကြေးငွေတွေကိုဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ စုစုပေါင်း ဆုကြေးငွေ အမေရိကန်ဒေါ်လာသန်း (၄၄၀) ပေးအပ်ချီးမြှင့်သွားဖို့အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က […]

News

ခိုးယူခံခဲ့ရတဲ့ ကမ္ဘာ့ဖလားကြီးကို ပြန်လည်ရှာဖွေပေးနိုင်ခဲ့တဲ့ သူရဲကောင်းခွေးကလေး

(၁၉၆၆) ခုနှစ် ကမ္ဘာ့ဖလားကို အင်္ဂလန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရပြီး ဗိုလ်စွဲခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲမစတင်ခင်မှာ ထူးခြားတဲ့ဖြစ်ရပ်တစ်ခုကြောင့် အင်္ဂလန်တစ်နိုင်ငံလုံးနဲ့ တစ်ကမ္ဘာလုံးကဘောလုံးပရိသတ်တွေပါ ခေါင်းရှုပ်ခဲ့ရပါတယ်။ shwekhitonlinetv.com အင်္ဂလန်ဟာ ပြည်သူတွေ၊ ဘောလုံးပရိသတ်တွေကို စိတ်ဓါတ်လှုံ့ဆော်နိုင်ဖို့ ပြိုင်ပွဲကြီး မကျင်းပခင် (၄) လ အလိုကတည်းက ဝက်မင်စတာနန်းတော်ရဲ့ ဗဟိုခန်းမကြီးမှာ တံဆိပ်ခေါင်းပြပွဲနဲ့အတူ ကမ္ဘာ့ဖလားကြီးကို ခင်းကျင်းပြသထားလိုက်ပါတယ်။ shwekhitonlinetv.com ဒီလိုနဲ့ (၁၉၆၆) ခုနှစ် မတ်လ (၂၀) ရက်နေ့မှာ ကမ္ဘာ့ဖလားကြီးဟာ နေ့ခင်းကြောင်တောင်ကြီး […]

News

ကမ္ဘာ့ဖလားကာလအတွင်း ရေပေါ်ဟိုတယ်အဖြစ်ရှိနေမည့် ကမ္ဘာ့အကြီးဆုံးဇိမ်ခံသင်္ဘောကြီး

လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်းမှာတော့ MSC Cruises အနေနဲ့ ဒိုဟာမြို့ရဲ့ ဆိပ်ကမ်းမှာ သူတို့ရဲ့နောက်ဆုံးပေါ်ဇိမ်ခံသင်္ဘောကြီးဖြစ်တဲ့ MSC World Europa ကိုဆိုက်ကပ်ရပ်နားထားပြီး ရေပေါ်ဟိုတယ်အဖြစ်ထားရှိသွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com ကမ္ဘာ့အကြီးဆုံးသင်္ဘောကျင်းတွေထဲကတစ်ခုဖြစ်တဲ့ ပြင်သစ်နိုင်ငံက de Chantiers l’Atlantique မှာ ၂၀၁၉ ခုနှစ်ကတည်းကတည်ဆောက်ခဲ့တဲ့ MSC World Europa အနေနဲ့ လာမယ့်ကမ္ဘာ့ဖလားကာလအတွင်းမှာ အရှေ့အလယ်ပိုင်းက ဆိပ်ကမ်းတစ်ခုမှာရှိနေမှာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com စုစုပေါင်း (၂၂) ထပ်ပါရှိတဲ့ ဒီသင်္ဘောကြီးမှာဆိုရင် အခန်းပေါင်း (၂၆၂၆) ခန်းပါဝင်တယ်လို့သိရပြီး […]

News

၂၀၅၀ မှာ အာကာသဓာတ်လှေကားတည်ဆောက်ဖို့စီစဉ်နေပြီဖြစ်တဲ့ ဂျပန်ကုမ္ပဏီ

ဂျပန်နိုင်ငံ တိုကျိုမြို့အခြေစိုက်ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Obayashi ဟာ လာမယ့် ၂၀၅၀ ခုနှစ်မှာ အာကာသနဲ့ဆက်သွယ်နိုင်မယ့် ဓာတ်လှေကားကိုတည်ဆောက်ဖို့အတွက် အစီအစဉ်ဆွဲနေပြီဖြစ်ကြောင်းသိရပါတယ်။shwekhitonlinetv.com ဒီဓာတ်လှေကားကတစ်ဆင့် ကမ္ဘာမြေကနေ အာကာသထဲက၎င်းတို့လွှတ်တင်ထားမယ့် အာကာသစခန်းကို အာကာသယာဉ်မလိုဘဲသွားရောက်နိုင်မှာဖြစ်ပါတယ်။ အာကသယာဉ်မှုးတွေအတွက်လည်း အာကာသထဲကအခြားနေရာတွေကိုသွားရောက်ဖို့အတွက် အဲ့ဒီစခန်းကို ဆိပ်ကမ်းသဘောမျိုး တည်ဆောက်ထားမှာလည်းဖြစ်ပါတယ်။shwekhitonlinetv.com ဒီအာကသစခန်းနဲ့ ဆက်သွယ်ထားတဲ့ဓာတ်လှေကားမှာတော့ Carbon Nanotube Pulley နည်းပညာကို အသုံးပြုပြီး အလွန်ခိုင်ခံ့တဲ့ Cable တွေကိုအသုံးပြုသွားမှာဖြစ်တယ်လို့သိရပြီး တစ်ကြိမ်ကို လူအယောက် (၃၀) နည်းပါးတင်ဆောင်သွားနိုင်ဖို့ စီစဉ်ထားကြောင်းလည်းသိရပါတယ်။shwekhitonlinetv.com […]

News

မြန်မာငွေသိန်း (၁၁၂၀) ကျော်နဲ့လေလံအောင်သွားခဲ့တဲ့ ပထမဆုံး iPhone (iPhone 1st Gen)

iPhone တွေကိုထုတ်လုပ်နေတဲ့ Apple ကုမ္ပဏီဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပြုလုပ်ခဲ့တဲ့ LCG လေလံပွဲမှာ iPhone ရဲ့ ပထမဆုံးမျိုးဆက်ဖြစ်တဲ့ (First Generation) ဖြစ်တဲ့ ဖုန်းကိုလေလံတင်ရောင်းချခဲ့ပါတယ်။ shwekhitonlinetv.com ဒီလိုရောင်းချရမှာတော့ ဒီဖုန်းကိုတစ်စုံတစ်ယောက်က အမေရိကန်ဒေါ်လာ (၃၉၃၃၉.၆၀) နဲ့ လေလံဆွဲဝယ်ယူသွားခဲ့ပါတယ်။ ဒါဟာ ဒီဖုန်းရဲ့မူရင်းဈေးဖြစ်တဲ့ အမေရိကန်ဒေါ်လာ (၅၉၉) ဒေါ်လာရဲ့ (၆၅) ဆကျော် ပမာဏလည်းဖြစ်ပြီး မြန်မာငွေနဲ့တွက်ကြည့်မယ်ဆိုတော့ သိန်း (၁၁၂၀) ကျော်ရှိမှာဖြစ်ပါတယ်။ shwekhitonlinetv.com ဒီဖုန်းကိုစတင်ထုတ်လုပ်ခဲ့တာကတော့ လွန်ခဲ့တဲ့ (၁၅) […]

News

ကမ္ဘာ့အကြီးမားဆုံး ဒိုင်နိုဆော ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခြင်း

ပေါ်တူဂီနိုင်ငံရှိ သတ္တဗေဒပညာရှင်တွေဟာ ဥရောပတွင် ရှာဖွေတွေ့ရှိဖူးသမျှ ဒိုင်နိုဆောရုပ်ကြွင်းတွေထဲမှာ အကြီးမားဆုံး ဒိုင်နိုဆောဖြစ်နိုင်တဲ့ ရုပ်ကြွင်းအရိုးစုကို ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က တူးဖော်တွေ့ရှိခဲ့ပါတယ်။ shwekhitonlinetv.com တူးဖော်တွေ့ရှိခဲ့တဲ့ ရုပ်ကြွင်းတွေကို ခွဲခြမ်းစိတ်ဖြာပြီးလေ့လာဆန်းစစ်မှုအရ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၅၀ ဝန်းကျင်က ကမ္ဘာမြေကို လှည့်ပတ်သွားလာခဲ့သော အရပ် ၁၂ မီတာ (၃၉ ပေ) နှင့် အရှည် ၂၅ မီတာ ရှိ ဒိုင်နိုဆောမျိုးစိတ်တွေဖြစ်နိုင်ကြောင်း ခန့်မှန်းယူဆထားကြပါတယ်။ shwekhitonlinetv.com “ဒါဟာ ဥရောပမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ အကြီးမားဆုံးနမူနာတွေထဲက […]

News

ဒုတိယမြောက်အဲလိဇဘတ်ဘုရင်မကြီး (Queen Elizabeth II) နတ်ရွာစံပြီးနောက်ဘာတွေဖြစ်လာမလဲ

၁။ “Operation London Bridge” ကိုစတင်မှာဖြစ်ပါတယ်။ Operation London Bridge ဆိုတာကတော့ အဲလိဇဘတ်ဘုရင်မကြီးအတွက် နိုင်ငံတော်ဈာပနအခမ်းအနားနဲ့ပတ်သက်ပြီး လုပ်ဆောင်ရမယ့် အစီအစဉ်တွေလို့ အလွယ်မှတ်ယူလို့ရပါတယ်။ shwekhitonlinetv.com ၂။ ချားလ်မင်းသားဟာ ဘုရင်ဖြစ်လာမှာဖြစ်ပါတယ်။ shwekhitonlinetv.com ၃။ လန်ဒန်မြို့အနှံ့က ဘုရားကျောင်းတွေမှာခေါင်းလောင်းသံတွေ ညံနေမှာဖြစ်ပါတယ်။ shwekhitonlinetv.com ၄။ White Hall အပါအဝင်နေရာအများစုမှာနိုင်ငံတော်အလံကို တစ်ဝက်သာလွှင့်ထူကြမှာဖြစ်ပါတယ်။ shwekhitonlinetv.com ၅။ လွှတ်တော်နဲ့သက်ဆိုင်တဲ့ကိစ္စရပ်တွေကို (၁၀) ရက်ကြာရပ်ဆိုင်းထားမှာဖြစ်ပါတယ်။ shwekhitonlinetv.com ၆။ ယူကေမှာတော့ ဘုရင်မကြီးကွယ်လွန်တဲ့နေ့ကို တစ်မျိုးသားလုံးဆိုင်ရာဝမ်းနည်းခြင်းနေ့အဖြစ် သတ်မှတ်မှာဖြစ်ပါတယ်။ shwekhitonlinetv.com […]