Amazing

ဆံပင်တွေ ရေခဲအောင် လုပ်ပြီး ယှဉ်ပြိုင်ရတဲ့ ကနေဒါနိုင်ငံက ထူးဆန်းသော ပြိုင်ပွဲ

ဒီတစ်ခါမှာတော့ Shwe Khit ပရိသတ်ကြီး အတွက် ထူးဆန်းတဲ့ ပြိုင်ပွဲလေး တစ်ခုအကြောင်းကို ပြောပြပေးချင်ပါတယ် ။  shwekhitonlinetv.com ဒါကတော့ ကနေဒါနိုင်ငံမှာသာ ကျင်းပတဲ့ ရေခဲရိုက် ဆံပင်အလှပြိုင်ပွဲ အကြောင်းပဲ ဖြစ်ပါတယ် ။ ထူးထူးခြားခြားပုံစံနဲ့ ကျင်းပတဲ့ ပြိုင်ပွဲ ဖြစ်တာကြောင့် ဘယ်လို ဆံပင်ပုံစံတွေနဲ့ ပြိုင်ပွဲဝင်ထားလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com ၂၀၁၁ ခုနှစ်တည်းက ဆောင်းရာသီရောက်တိုင်း ကမ္ဘာအနှံ့က […]

Amazing

သင်တစ်ခါမှ မကြားဖူးလောက်တဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်များ

ဂင်းနစ်စံချိန်တွေအကြောင်းကိုတော့ အားလုံးကို အထွေအထူးရှင်းပြနေစရာလိုမယ်လို့ မထင်ပါဘူး။ ကမ္ဘာတစ်လွှားမှာရှိတဲ့ သူတွေဟာ မိမိတို့ရဲ့ နာမည်ကိုသမိုင်းစာမျက်နှာမှာကျန်ခဲ့ဖို့ အတွက် ဒီဂင်းနစ်မှတ်တမ်းစာအုပ်မှာ ပါဝင်ရေးကို နေ့စဉ်ကြိုးပမ်းလျက်ရှိကြပါတယ်။ ဒီထဲကမှ အခုနှစ်ပိုင်းအတွင်း စံချိန်တင်နိုင်ခဲ့တဲ့ ထူးထူးဆန်းဆန်း အကြောင်းအရာတွေကိုဖော်ပြရမယ်ဆိုရင်တော့ … shwekhitonlinetv.com ၁။ အသက် (၂၁၀) ရှိတဲ့စုံတွဲ ကမ္ဘာ့အသက်အကြီးဆုံးသက်ရှိထင်ရှား စုံတွဲတစ်တွဲကတော့ ဂျပန်နိုင်ငံမှာရှိနေပါတယ်။ သူတို့ကတော့ မိယာကိုဆိုနီုဒါလို့ အမည်ရတဲ့ ဖွားဖွားနဲ့ မာဆာအိုမတ်ဆုမိုတိုလို့ အမည်ရတဲ့ ဖိုးဖိုးတို့ပဲဖြစ်ပါတယ်။ ဒီဖိုးဖိုးနဲ့ဖွားဖွားစုံတွဲကတော့ နှစ်ဦးပေါင်းအသက်က […]

Amazing

အေးခဲလှတဲ့ ရာသီဥတုဒဏ်ကို အံမတုနိုင်ခဲ့တဲ့ သနားစရာ အကောင်လေးများ

Shwe Khit ဒီတစ်ခါပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ အေးခဲလှတဲ့ ရာသီဥတု ဒဏ်ကို အံမတုနိုင်ခဲ့တဲ့ အကောင်လေးတွေ အကြောင်းကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ရာသီဥတုတရားဟာ လိုတာထက်ပိုပြီး ပြင်းထန်လာခဲ့တဲ့ ဘယ်လို ကြုံတွေ့သွားခဲ့ရလဲဆိုတာကို တစ်ပုံချင်းစီ ဖော်ပြပေးထားလို့ ကြည့်ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com ကမ္ဘာကြီးပေါ်မှာ ရှင်သန်နေထိုင်ကြတဲ့ သတ္တဝါတွေကို အကြမ်းဖျင်းအားဖြင့် သွေးနွေးသတ္တဝါနဲ့ သွေးအေးသတ္တဝါဆိုပြီး ( ၂ ) မျိုး ခွဲခြားထားနိုင်ပါတယ်။ ဒီအထဲမှာမှ သွေးအေးသတ္တဝါတွေဟာဆိုရင် သူတို့နေထိုင်တဲ့ […]

Amazing

မယုံနိုင်လောက်အောင် ဆန်းကြယ်လွန်းတဲ့ သဘာဝတရားများ

လူသားတွေမှီတင်းနေထိုင်တဲ့ ကမ္ဘာမြေကြီးဟာတော့ အံ့သြဖွယ်ရာကိစ္စတွေ အလွန်များပြားလှပြီး လေ့လာလို့ မကုန်ခမ်းနိုင်တဲ့ အရာတွေနဲ့ပြည့်နှက်လို့နေပါတယ်။ အခုလည်း သဘာဝတရားရဲ့ မယုံနိုင်လောက်အောင်ဆန်းကြယ်ကွဲပြားမှုလေးအနည်းငယ်ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ ဒီပုံကိုကြည့်ပြီးတော့ သင့်အနေနဲ့ဘယ်လိုထင်ပါသလဲ ? သစ်သီးတစ်လုံး ဒါမှမဟုတ် သစ်ပင်ကထွက်တဲ့ သစ်စေးလို့ထင်ချင်စရာပါနော် … ။ အမှန်တော့ ဒါဟာရေနေသတ္တဝါတစ်မျိုးဖြစ်ပါသတဲ့။ Sea Anemone လို့ခေါ်တဲ့ ဒီသတ္တဝါလေးကို ထိတွေ့ကိုင်တွယ်ကြည့်ရင်တော့ ဂျယ်လီိနဲ့တူတယ်လို့သိရပါတယ်။ shwekhitonlinetv.com ၂။ ဒါကသစ်ပင် သစ်ကိုင်းခြောက်တစ်ခုမဟုတ်ပါဘူး။ လူတွေကတော့ဒီအရာကို […]

Amazing

တိုက်တန်းနစ်သင်္ဘောကြီးရဲ့ ထူးထူးဆန်းဆန်း စိတ်ဝင်စားဖွယ် အချက် (၁၀) ချက်

တိုက်တန်းနစ် သင်္ဘောကြီးဆိုတာကတော့ မသိသူမရှိလောက်အောင်ကို နာမည်ကျော်ကြားလှတဲ့ ဧရာမသင်္ဘောကြီးတစ်စင်းဖြစ်ပါတယ်။ တိုက်တန်းနစ်ငင်္ဘောကြီးတစ်မြုပ်ခဲ့တာက နှစ်ပေါင်း (၁၀၀) ကျော်ပြီဖြစ်ပေမယ့် သူနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကတော့ ယနေ့တိုင်ကီ လူပြောများနေဆဲဖြစ်ပါတယ်။ shwekhitonlinetv.com ဒီကနေ့ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ဒီလိုလူတွေအပြောများတဲ့ တိုက်တန်းနစ်သင်္ဘောနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေမဟုတ်ဘဲ လူတွေအသိနည်းတဲ့ ထူးထူးဆန်းဆန်း အချက်လေးတွေပဲဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုပေးကြပါဦးနော် …… shwekhitonlinetv.com ၁။ တိုက်တန်းနစ် သင်္ဘောကြီးကို တည်တောက်ဖို့အတွက် အချိန် (၂၆) လ ကြာမြင့်ခဲ့ပြီး တည်ဆောက်စဥ်ကာလအတွင်း […]

Amazing

ကမ္ဘာပေါ်ကအအေးဆုံး နိုင်ငံများ

Shwekhit Online TV ကိုအစဥ်အမြဲအားပေးနေကြတဲ့ ပရိသတ်ကြီးတွေအတွက် အခုတစ်ခေါက်တင်ဆက်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကမ္ဘာပေါ်က အအေးဆုံးရာသီဥတုတွေကိုပိုင်ဆိုင်ထားတဲ့ နိုင်ငံအချို့အကြောင်းပဲဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုပေးကြပါဦးနော်။ shwekhitonlinetv.com မွန်ဂိုလီးယား အာရှတိုက်ထဲမှာ ပါဝင်နေတဲ့ မွန်ဂိုးလီးယား နိုင်ငံကတော့ ပထဝီအနေအထားအ ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့အပြင် တောင်ကုန်းတောင်တန်းတွေလည်းပေါများတဲ့ နိုင်ငံဖြစ်ပါတယ်။ ဆောင်းတွင်းကာလမှာဆိုရင် အပူချိန် အတက်အကျက အလွန်မြန်ဆန်လှပြီး တစ်ခါတစ်ရံ (-၂၀) ဒီဂရီအထိ လျင်မြန်စွာကျဆင်းတက်လို့ ဒီစာရင်းမှာ ပါဝင်လာရခြင်းဖြစ်ပါတယ်။ shwekhitonlinetv.com အက်စတိုးနီးယား ဥရောပနိုင်ငံငယ်လေးဖြစ်တဲ့ အက်စ်တိုးနီးယားနိုင်ငံဟာဆိုရင်လည်း […]

Amazing

ကမ္ဘာပေါ်မှာ ပျော်စရာအကောင်းဆုံးနိုင်ငံဖြစ်တဲ့ ဖင်လန်နိုင်ငံရဲ့ ထူးထူးခြားခြား အချက်များ

အခုတစ်ခေါက်မှာ Shwe Khit ပရိသတ်ကြီးကို ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ ဖင်လန်နိုင်ငံစာ ဘာ့ကြောင့် ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးနိုင်ငံဖြစ်နေရလဲဆိုတဲ့ အချက်တွေကို‌ ပြောသွားမှာပဲ ဖြစ်ပါတယ်။ ဖင်လန်နိုင်ငံသားတွေသာမက လာရောက်လည်ပတ်တဲ့ နိုင်ငံခြား ဧည့်သည်တွေကိုပါ ပျော်ရွှင်သွားအောင် လုပ်နိုင်တဲ့ အချက်လေးတွေက ဘာတွေဖြစ်မလဲဆိုတာကတော့ အောက်မှာ ဖတ်ကြည့်လိုက်ပါဦးနော်… shwekhitonlinetv.com ၁။ ဖင်လန်နိုင်ငံကို ရေကန်ပေါင်း ထောင် ကျော်ရှိတဲ့ နိုင်ငံလို့လည်း ခေါ်ကြပါတယ်။ ဒါပေမယ့် ဖင်လန်နိုင်ငံမှာ ရှိတဲ့ ရေကန်ပေါင်းဟာ […]

Amazing

အံ့အားသင့်ဖွယ် အဓိပ္ပါယ်တွေရှိတဲ့ အရာဝတ္ထုများ

ရွှေခေတ်ပရိသတ်တွေ အနေနဲ့ တစ်ခါတစ်လေမှာ ကိုယ်နေ့စဥ် ထိတွေ့ကိုင်တွယ် အသုံးပြုနေတဲ့ အရာဝတ္ထု ပစ္စည်းအချို့မှာ အံ့အားသင့်လောက်တဲ့ လျှို့ဝှက်အဓိပ္ပါယ်လေးတွေ ရှိနေတက်တာကို သတိထားမိကြလား မသိဘူး။ အခုဖော်ပြပေးမယ့် အကြောင်းအရာလေးကို ဖတ်ရှုပြီး မိမိသိထားပြီးသား အရာတွေ ဟုတ်မဟုတ် ပြောပြခဲ့ကြပါဦးနော် … shwekhitonlinetv.com ၁။ သုံးရောင်ခြယ်သွားတိုက်ဆေး ဒီနေ့စျေးကွက်ထဲမှာရောင်းချနေတဲ့သွားတိုက်ဆေး တွေကတော့ တံဆိပ်အမျိုးမျိုး အပြင်ကို အရောင်အဆင်းကလည်း အမျိုးမျိုးရှိနေပါတယ်။ အချို့သွားတိုက်ဆေးတွေက အရောင် တစ်ရောင်ထဲ သီးသန့်ထုတ်လုပ်ထားပေမယ့် အချို့သွားတိုက်ဆေးတွေကတော့ […]

Amazing

ကမ္ဘာ့အန္တရာယ်အများဆုံး အလုပ်အကိုင်များ

သမုဒ္ဒရာဝမ်းတစ်ထွာ ဆိုတဲ့ စကားအတိုင်း လူရယ်လို့ဖြစ်လာရင်တော့ စားဝတ်နေရေးအတွက် လူတိုင်းလိုလို အလုပ်အကိုင် လုပ်ကြရပါတယ်။ ဒီလိုအလုပ်တွေထဲမှာမှ တစ်ချို့အလုပ်တွေက သက်တောင့်သက်သာနဲ့ လုပ်ကိုင်ရတဲ့အလုပ်တွေရှိသလို တစ်ချို့အလုပ်တွေကတော့ အသက်အန္တရာယ်ရှိတဲ့ အထိ ခက်ခဲပင်ပန်းစွာလုပ်ကိုင်ရတဲ့အလုပ်တွေလည်းရှိနေပြန်ပါတယ်။ shwekhitonlinetv.com အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ ကမ္ဘာပေါ်က အသက်အန္တရာယ်အများဆုံး လုပ်ငန်းခွင်တွေအကြောင်းပဲဖြစ်ပါတယ်။ ဒီစာရင်းကိုတော့ သက်ဆိုင်ရာလုပ်ငန်းခွင်တွေက အချိန်ပြည့် လုပ်သားဦးရေ (၁၀၀,၀၀၀) စီကို အခြေခံပြီးစစ်တမ်းကောက်ယူ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com ၇။ Supervisor of Construction Worker […]

Amazing

ရုရှားသမ္မတ ပူတင်နဲ့ ပတ်သတ်ပြီး မယုံကြည်နိုင်စရာကောင်းလွန်းလှတဲ့ အချက်အလက်များ

Shwe Khit ပရိသတ်ကြီးအတွက် ဒီတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ရုရှားနိုင်ငံရဲ့ သမ္မတအကြောင်းပါ။ ဒါဆိုရင်တော့ သူဘယ်သူလဲဆိုတာ သိကြမယ်ထင်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်ရဲ့ လူသိနည်းလှသော ထူးထူးဆန်းဆန်း အချက်အလက်တွေကို ဖော်ပြပေးမှာမို့လို့ ဗဟုသုတရအောင် ဖတ်ကြည့်လိုက်ပါ ဦးနော်…. shwekhitonlinetv.com ၁။ ရုရှားသမ္မတ ပူတင်ဟာ တရားဝင်လေယာဉ်မောင်း လိုင်စင်ကို ရထားသူတစ်ဦးဖြစ်ပြီး တစ်ခါတုန်းကဆိုရင် တောမီးလောင်တဲ့ နေရာကို […]