Knowledge

ဘယ်နိုင်ငံနဲ့မှမတူညီတဲ့ အထူးခြားဆုံး အစိုးရကျောင်းဝတ်စုံများ

ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရကျောင်းဝတ်စုံတွေဟာအများအားဖြင့်တော့ ခပ်ဆင်ဆင်တူညီကြပြီး အနည်းငယ်သာ ကွဲပြားခြားနားမှုရှိကြပါတယ်။ ဒါပေမယ့်အခုဖော်ပြပေးမယ့် နိုင်ငံတွေကအစိုးရကျောင်းဝတ်စုံတွေကတော့ ဘယ်နိုင်ငံနဲ့မှမတူညီဘဲ သိသာစွာကွဲပြားခြားနားလို့နေမှာဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ ဗီယက်နမ် ဗီယက်နမ်နိုင်ငံရဲ့ အစိုးရကျောင်းဝတ်စုံကတော့ အလယ်တန်းအဆင့်လောက်အထိတော့သာမန်ပဲရိုးရှင်းစွာ ဝတ်ဆင်ကြရပါတယ်။ အပေါ်ကတော့ အဖြူရောင်အင်္ကျီမှာကျောင်းရဲ့အမှတ်တံဆိပ်ပါမယ် ပြီးရင်အောက်က အနက်ရောင် (ဒါမှမဟုတ်) နက်ပြာရောင် ဘောင်းဘီကိုဝတ်ဆင်မယ်။ ဒါက ယောကျ်ားလေးရောမိန်းကလေးပါ အတူတူပဲဖြစ်ပါတယ်။ ဒါပေမယ့် အထက်တန်းကိုရောက်ပြီဆိုရင်တော့ ကွဲပြားတဲ့ ယူနီဖောင်းတွေကိုဝတ်ဆင်ပြီး ကျောင်းတက်ကြရမှာဖြစ်ပါတယ်။ အဲ့ဒီဝတ်စုံကတော့ Áo dài လို့ခေါ်တဲ့ ဗီယက်နမ်ရိုးရာဝတ်စုံပဲဖြစ်ပါတယ်။ […]

Amazing

ထူးဆန်းပြီး ပုံမှန်မဟုတ်တဲ့ ဝန်ဆောင်မှုတွေနဲ့ စားသုံးသူတွေကို ဆွဲဆောင်နေတဲ့ ဂျပန်နိုင်ငံက စားသောက်ဆိုင်များ

ဂျပန်နိုင်ငံဆိုတာကတော့ သူများနိုင်ငံတွေနဲ့မတူ တမူထူးခြားတဲ့ အရာတွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံတခုပါ။ ထူးဆန်းတဲ့ ရိုးရာယဥ်ကျေးမှုများ ထူးဆန်းတဲ့ ဓလေ့စရိုက်များနဲ့ ပြည့်နှက်နေတာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေရဲ့ မျက်စိကျစရာနိုင်ငံတခုဆိုလည်း မမှားပါဘူးနော်။ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးတွေထဲကတခုကတော့ ကော်ဖီဆိုင်တွေပဲ ဖြစ်ပါတယ်။ နိုင်ငံတဝန်း များပြားလှတဲ့ ကော်ဖီဆိုင်တွေကြောင့် သူများထက် ထူးဆန်းနိုင်သမျှ ထူးဆန်းနိုင်အောင် တီထွင်ကြံဆပြီး စားသုံးသူတွေကို နည်းမျိုးစုံနဲ့ ဆွဲဆောင်ကြပါတယ်။ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ဂျပန်နိုင်ငံရဲ့ ထူးဆန်းတဲ့ ဝန်ဆောင်မှုတွေကို ပေးစွမ်းနေတဲ့ ကော်ဖီဆိုင် နဲ့ စားသောက်ဆိုင်တွေကို […]

Knowledge

ကမ္ဘာကြီးအတွက်အာကာသထဲကို စောင့်ကြည့်ပေးနေသူ (သို့မဟုတ်) ဟက်ဘယ်တယ်လီစကုပ်

ဟက်ဘယ်တယ်လီစကုပ် (Hubble Space Telescope) ဟာ အာကာသအတွင်းမှာရှိတဲ့ ကြီးမားတဲ့ တယ်လီစကုပ်ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ် ဧပြီလ (၂၄) ရက်နေ့မှာ အာကာသလွန်းပျံယာဉ် Discovery ဖြင့် လွှတ်တင်ခဲ့တာဖြစ်ပြီး ကမ္ဘာမြေပြင်အထက် ၅၄၇ ကီလိုမီတာ (၃၄၀ မိုင်) ခန့်အကွာမှာလည်ပတ်နေပါတယ်။ shwekhitonlinetv.com ဟက်ဘယ်တယ်လီစကုပ်ရဲ့အရှည်ဟာ ၄၃.၅ ပေ (၁၃.၂ မီတာ) ရှိကာ ကျောင်းကားတစ်စီးရဲ့ အရှည်လောက်ရှိပြီး အလေးချိန်ကတော့ အရွယ်ရောက်ပြီးတဲ့ ဆင်နှစ်ကောင်ရဲ့ အလေးချိန်နဲ့ […]

Knowledge

ခွေးလေးတွေက သင့်ကိုချစ်ခင်တယ်ဆိုတာကို ဖော်ပြတက်တဲ့ အမူအရာများ

အိမ်မွေးတိရိစ္ဆာန်တွေထဲမှာ ခွေးလေးတွေဟာ အရမ်းကိုချစ်ဖို့ကောင်းကြပြီး သခင်အပေါ်မှာလည်း အရမ်းကိုသစ္စာရှိတတ်ကြပါတယ်။ သူတို့ဟာ လူအများစုကို ခင်တတ်ပေမယ့် သူတို့ တကယ်ချစ်ရတဲ့သူကိုတော့ တစ်မူထူးခြားတဲ့ အမူအရာလေးတွေ လုပ်ပြတတ်ကြပါတယ်။ တကယ်လို့ သင့်မှာ ခွေးလေးတစ်ကောင် ပိုင်ဆိုင်ထားတယ်ဆိုရင် သင့်ကို သူတို့အနေနဲ့ ချစ်ခင်ကြောင်းပြသတက်သလဲဆိုတာ သတိထားမိဖို့အတွက် အခုအကြောင်းအရာလေးကို လေ့လာဖတ်ရှုသင့်ပါတယ်။ shwekhitonlinetv.com ၁။ သင့်အနောက်ကိုတကောက်ကောက်လျှောက်လိုက်တယ် ခွေးလေးတွေရှိတယ်ဆိုတာ တစ်ကယ်တော့သင့်မှာ ဒုတိယမြောက်အရိပ်တစ်ခုရှိနေတာနဲ့တူပါတယ်။ ဘာကြောင့်လဲဆိုတော့ ခွေးလေးတွေကကိုယ့်ရဲ့သခင်ကိုချစ်တဲ့အခါ သခင်သွားလေရာလျှောက်လိုက်တာ၊ လိုက်ပို့တာမျိုးတွေပြုလုပ်တက်လို့ပါ။ ဒါပေမယ့်တစ်ချို့ခွေးလေးတွေက သူတို့ဘာသာလွတ်လွတ်လပ်လပ်နေတက်ကြတာမျိုးလည်းရှိလို့ ဒီလိုအနောက်ကလျှောက်မလိုက်တိုင်း […]

Knowledge

လူတိုင်းကို အံ့အားသင့်သွားစေခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ ထူးခြားဆန်းပြား ရိုးရာဓလေ့ပွဲတော်များ

ဂျပန်နိုင်ငံကတော့ အရသာရှိလှတဲ့ အစားအစာများနဲ့ လှပလွန်းလှတဲ့ နိုင်ငံရဲ့သဘာဝအလှတရားတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ထားတဲ့ နိုင်ငံတခုပါ။ ဒါ့အပြင် ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာရှိတဲ့ တခြားနိုင်ငံများနဲ့မတူညီပဲ ထူးခြားဆန်းပြားလှတဲ့ ဓလေ့ထုံးတမ်းများနဲ့လည်း ပြည့်နှက်နေပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ထူးခြားပဲ သာမန်ရိုးကျမဟုတ်တဲ့ ဂျပန်နိုင်ငံရဲ့ရိုးရာဓလေ့ထုံးတမ်းများအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com ၁။ Naki Sumo ( ကလေးငိုပွဲ ) Naki Sumo Misturi ( ကလေးငိုပွဲတော် ) ဆိုတဲ့ ပွဲတော်ကတော့ […]

Knowledge

လူသူကင်းမဲ့သွားပြီး တစ္ဆေမြို့အဖြစ်ကျော်ကြားတဲ့ ခြောက်ခြားဖွယ်ရာမြို့များ

ကမ္ဘာပေါ်မှာရှိတဲ့ မြို့တွေဟာ တစ်ချိန်ကပျားပန်းခပ် စည်ကားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လက်ရှိအချိန်မှာ နေထိုင်သူကင်းမယ့်သွားတာမျိုးတွေရှိပါတယ်။ အခုဖော်ပြပေးမယ့် မြို့လေး (၇) မြို့ကတော့ မြို့နေလူထုကစွန့်ပစ်ခဲ့ပြီးနောက်ပိုင်း ကျိန်စာတွေ၊ ဝိညာဉ်တွေခြောက်လှန့်မှု တွေနဲ့သာ ခြောက်ခြားဖွယ်ကျန်ခဲ့ရတဲ့ မြို့လေးတွေအကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com ၁။ ပိရမစ်ဒန် (Pyramiden) – နော်ဝေ ပိရမစ်ဒန် (Pyramiden) ဒေသကတော့ ထူးခြားဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေပြီး အာတိတ်စက်ဝန်း နားမှာရှိတဲ့ နော်ဝေးနိုင်ငံ၊ ရှဗားဗာ့ (Svalbard) ကျွန်းဆွယ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒီနေရာဟာ […]

Knowledge

သင့်ကိုအမြင်တစ်မျိုးဖြစ်စေမယ့် ခေတ်ဟောင်းကာလမှ ထူးထူးဆန်းဆန်းဓာတ်ပုံများ

ရှားရှားပါးပါး သမိုင်းထဲကဓာတ်ပုံတွေကို လေ့လာရတာဝါသနာပါတဲ့ ရွှေခေတ်ပရိသတ်တွေအတွက် အခုတစ်ခေါက်မှာလည်း ဘယ်မှာမှ မတွေ့နိုင်လောက်တဲ့ ရှားပါးဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဓာတ်ပုံတွေမှဘယ်လိုနောက်ခံ အကြောင်းအရာတွေရှိမလဲဆိုတာကို လေ့လာကြည့်လိုက်ပါဦးနော် ….. shwekhitonlinetv.com ၁။ ခြေကျင်းဝတ်အလှပြိုင်ပွဲတစ်ခုမှာ အကဲဖြတ်ရန်ကြည့်ရှုနေတဲ့ ရဲသားတစ်ဦး။ (၁၉၃၀ ခုနှစ်၊ လန်ဒန်) shwekhitonlinetv.com ၂။ ချီကာဂိုမြို့မှ ဆန္ဒပြချီတက်ကြသူများ။ (၁၉၂၀ ပြည့်နှစ်လွန်ကာလ) shwekhitonlinetv.com ၃။ နှင်းမုန်တိုင်းကျနေစဉ်ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုတစ်ခုကို သွားရောက်ငြိမ်းသတ်ရန်ကြိုးစားနေကြသည့် မီးသတ်တပ်ဖွဲ့ဝင်များ။ (၁၉၁၂ ခုနှစ်၊ မန်ဟတ်တန်) shwekhitonlinetv.com ၄။ အခန်းတစ်ခုပဲရှိတဲ့ […]

Knowledge

ထူးဆန်းပြီးကြောက်စရာအလွန်ကောင်းတဲ့ ရေအောက်ထဲမှသက်ရှိများ

အခုတစ်ခေါက်မှာတော့ထူးထူးဆန်းဆန်း သက်ရှိတွေရဲ့အကြောင်းကိုစိတ်ဝင်စားကြတဲ့ ရွှေခေတ်ပရိသတ်တွေအတွက် ပင်လယ်သမုဒ္ဒရာတွေနဲ့ မှောင်မဲနက်ရှိုင်းလွန်းတဲ့ အပိုင်းတွေမှာနေထိုင်ကြတဲ့ ကြောက်စရာအကောင်းဆုံးသက်ရှိတွေအကြောင်းဖော်ပြပေးချင်ပါတယ်။ ဒီအထဲမှာတစ်ချို့ကတော့ မျိုးသုဉ်းပျောက်ကွယ်သွားပြီလို့ ယူဆကြတဲ့ သတ္တဝါတွေပါဝင်နေသလို အပြင်မှာတစ်ကယ်ရှိမရှိငြင်းခုံနေကြဆဲ သတ္တဝါတွေလည်းပါဝင်နေတာမို့လို့ ဆက်လက်ဖတ်ရှုပြီး ဝေဖန်သုံးသပ်ပေးကြပါဦးနော် ….. shwekhitonlinetv.com ၁။ Jörmungandr Norse Mythology အကြောင်းသိတဲ့သူတွေကတော့ Jörmungandr အကြောင်းကိုတစ်ခြားသူတွေထက် အများကြီးပိုပြီးသိနိုင်ပါတယ်။ နောက်ပြီး God of War လို Video Game တွေဆော့တဲ့သူတွေအနေနဲ့လည်း ဒီအကောင်ကြီးကိုမြင်ဖူးမှာဖြစ်ပါတယ်။ နောက်ပြီး ဒီသတ္တဝါကြီးက […]

Knowledge

ကမ္ဘာကျော်ဆယ်လီတွေရဲ့ သင်မြင်ဖူးမှာမဟုတ်တဲ့ ရှားရှားပါးပါးဓာတ်ပုံများ

ကမ္ဘာကျော်ပုဂ္ဂိုလ်တွေဆိုတာကတော့ TV ဖန်သားပြင်၊ ဖုန်းအင်တာနက် စာမျက်နှာတွေ နဲ့ စာစောင်မဂ္ဂဇင်း စတာတွေမှာမကြာခဏ ဖော်ပြခံရလေ့ရှိတဲ့သူတွေဖြစ်ပါတယ်။ ဒါပေမယ့် အခုတစ်ခါမှာတော့ ပရိသတ်တွေတစ်ခါမှ မမြင်ဖူးလောက်သေးတဲ့ သူတို့ရဲ့ ထင်မှတ်မထားလောက်တဲ့ ရှားရှားပါးပါးပုံလေးတွေကို ဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com ၁။ Beetlejuice ရဲ့ုထိုင်ခုံပေါ်မှာထိုင်ရင်း ဓာတ်ပုံအရိုက်ခံနေတဲ့ မင်းသမီးချော ဝိုင်အိုနာရိုင်ဒါ (Winona Ryder) ။ (၁၉၈၈ ခုနှစ်) shwekhitonlinetv.com ၂။ ကမ်းခြေတစ်ခုမှာမြင်တွေ့ရတဲ့ အာနိုးရှဝါဇင်ဂါ (Arnold Schwarzenegger) နှင့် သူ့ရဲ့နည်းပြနှစ်ဦး။ […]

Knowledge

များပြားလှတဲ့ ရတနာတွေကို အပြင်မှာအမှန်တစ်ကယ် ရှာဖွေ တွေ့ရှိခဲ့တဲ့သူများ

ရွှေခေတ်ပရိသတ်တွေအနေနဲ့ ကမ္ဘာကျော်မင်းသားကြီးတစ်ဦးဖြစ်တဲ့ ဟာရီဆင်ဖို့ဒ် ရဲ့ အင်ဒီယာနာဂျုံးစ် ဇာတ်လမ်းတွေကို ကြည့်ဖူးကြမယ်ထင်ပါတယ်။ ဒါဟာစိတ်ကူးနဲ့ဖန်တီးထားတဲ့ ဇာတ်လမ်းတွေဆိုပေမယ့် ဒီဇာတ်လမ်းလိုမျိုးပဲ အပြင်လောကမှာ အမှန်တကယ် ရတနာတွေကို ရှာဖွေတွေ့ရှိခဲ့တဲ့ သူတွေတော့ရှိနေပါတယ်။ shwekhitonlinetv.com ၁။ ဂျီယိုဗင်နီ ဘက်တစ္စတာ (Giovanni Battista) အီဂျစ်ဂူသင်္ချိုင်းတွေကို ရှာခဲ့သူတွေထဲမှာတော့ ဂျီယိုဗင်နီက အတော်လေးကို စောတယ်လို့ ပြောလို့ရပါတယ်။ ဒါတွေကိုတွေ့ရင် ပွပေါက်တိုးမယ်မှန်းလဲ သိပြီးတော့ ရွှေတွေကို ရနိုင်မှန်း သူသိခဲ့ပါတယ်။ သူအသက် (၄၀) ဝန်းကျင်လောက်မှာ […]